Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များနှင့် ပတ်သက်၍ မြို့နယ် သံဃနာယကအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်"

$
0
0


 ရက်စွဲ၊ ၁၉.၁၁.၂၀၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သံးပန်လှ(ကမ်းနိမ့်)ကျေးရွာတွင် ဦးဝိစာရနေ့ အထိမ်း အမှတ်အဖြစ် စာပေဟောပြောပွဲကို ၂၃-၁၀-၂၀၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါသည်။
၁။ ၄င်းစာပေဟောပြောပွဲ၌ စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များမှာ ဗုဒ္ဓဘာသာကို၎င်း၊ ရဟန်းသံဃာ တော်များကို၎င်း၊ ဗုဒ္ဓဘာသာ သာသနာတော်ကို ညှိုးနွမ်းစေသော ဟောပြောချက်များဖြင့် ထိပါးပုတ်ခတ် စော်ကား၍ ဟောပြောချက်များပါရှိနေပါသဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ ကြပါသည်။
၂။ ထိုဟောပြောချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီ  အာဏာစက်ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် ဆွေးနွေးဆုံးဖြတ်ကြပါသည်။
မြို့နယ်သံဃနာယကအဖွဲ့
ဦးဝရသမ္ဗောဓိ(ဥက္ကဋ္ဌ)
ဦးဝရသိရီ(အဖွဲ့ဝင်)
ဦးဝါယမ(အဖွဲ့ဝင်)
ဦးရေဝတ(အဖွဲ့ဝင်)
ဦးန္ဒာစာရ(အဖွဲ့ဝင်)
ဦးအဂ္ဂဝံသ(အဖွဲ့ဝင်)
ဦးစရိတ(အဖွဲ့ဝင်)
ဦးသောမ(အကျိုးတော်ဆောင်)
မိတ္တူကို-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ချောင်းဦးမြို့။
မြို့နယ်သာသနာရေးမှူး၊  မြို့နယ်(လ.ဝ.က)၊ ချောင်းဦးမြို့။
မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ချောင်းဦးမြို့၊
မြို့နယ်အထောက်အကူပြုကော်မတီ၊ ချောင်းဦးမြို့။
မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ချောင်းဦးမြို့။







Viewing all articles
Browse latest Browse all 2129

Trending Articles