Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မဘသ(ဗဟို)လပတ်အစည်းအဝေး”

$
0
0


18.11.2014 မနက် GM လေယာဉ်နှင့် ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပါတယ်။
တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်မှာ ကျင်းပတဲ့ မြေသန့်မင်္ဂလာအခမ်း အနားသို့ ရောက်ရှိခဲ့ပါတယ်။
နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဆင်မင်းဆရာတော်ဘုရားကြီး၊ အင်းစိန်ရွာမဆရာတော်ဘုရားကြီး တို့ ကြီးမှူးတဲ့ ပွဲပါ။ သံဃာအပါး တစ်ထောင်ကျော် ကြွရောက်တဲ့ပွဲပါ။
မွန်းလွဲ 1:00 မှာ အင်းစိန်ရွာမမှ ပုံမှန်ကျင်းပနေကြဖြစ်တဲ့ လ-ပတ်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါတယ်။
စာရေးဆရာ ဦးထင်လင်းဦးကိစ္စ
အောင်ဇေယျတုဂျာနယ်လ် ကိစ္စ
အမျိုးစောင့်ဥပဒေ တောင်းဆိုပွဲများကိစ္စ အပါအဝင် ပုံမှန် မဘသရေးရာများ ဆွေးနွေးကြပါတယ်။
ဝံသာနုရက္ခိတအဖွဲ့က တရားလိုလုပ်ပြီး တိုင်ကြားမည့်အကြောင်း လျှောက်ထားကြပါတယ်။ မဘသ(ဗဟို) အဖွဲ့က ဓမ္မိကရက္ခာဝရဏဂုတ္တိ-တရားသဖြင့် စောင့်ရှောက်ကြဖို့ တာဝန်ရှိကြောင်း သြဝါဒပေးပါတယ်။
အောင်ဇေယျတုဂျာနယ်လ်ကို ဗဟို(မဘသ)က တာဝန်ယူ ဆက်လက်ထုတ်ဝေသွားဖို့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ကြပါတယ်။
အမျိုးစောင့်ဥပဒေ ဆက်လက်ချွေးသိပ်ခံထားရဦးမည်ဆိုလျှင် တစ်နိုင်ငံလုံး အတိုင်းအတာအရ တောင်းဆိုပွဲတွေ ပြုလုပ်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။


Viewing all articles
Browse latest Browse all 2129

Trending Articles