Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဖျက်ဆီးရုံသက်သက် ချစ်ခဲ့သူ”

$
0
0


ကောင်မလေးနာမည်က မသန့်သန့်လေးပါ။ နာမည်နဲ့လိုက်အောင် ဖြူစင်သန့်ပြန့်သူလေးဖြစ်ပါတယ်။ အသက်က(၂၃)နှစ်ပါ။ နယ်တက္ကသိုလ်မှ BCSC ဘွဲ့ရထားပြီး မဟာတန်းလာတက်သူလေးဖြစ်ပါတယ်။ ကျောင်းတက်ရင်း သူငယ်ချင်းမွေးနေ့ပွဲမှာ ချစ်သူနဲ့ဆုံဆည်းခဲ့ပါတယ်။ ခေတ်လူငယ်ပီပီ ချစ်သူနဲ့ Living together နေလာခဲ့တာ နှစ်နှစ်ကျော်လာခဲ့ပါပြီ။ ကိုယ်ဝန်ရလို့ ယူခိုင်းတိုင်း နှိပ်စက်ခံရပါတယ်။ မပေါ့မပါးကြီးနဲ့ ထိုင်နေစဉ် နောက်ကျောကို ဖနောက်နှင့်ပေါက် ပြစ်ဆောင့်ကန်လို့ ပထမအကြိမ် ကိုယ်ဝန်ပျက်ကျခဲ့ပါ တယ်။ ဒုတိယအကြိမ်မှာတော့ ဇွတ်အတင်းဆေးတိုက်လို့ သောက်ခဲ့ရပါတယ်။ ယခုနောက်ဆုံးအကြိမ်အဖြစ် ကချင်သွေးဆေး ပေးတိုက်ခဲ့ပေမယ့် မသောက်ဖြစ်တော့ပါဘူး။ “မသောက်တာ ငါ့ကိုထောင်ချမလို့လား”လို့ မေးပြန်ပါတယ်။
“နင့်ကိုလည်း လုပ်မကျွေးနိုင်ဘူး။ ကလေးကိုလည်း လုပ်မကျွေးနိုင်ဘူး။ နေကာဟ်မဖတ်ဘဲ ရလာတဲ့ကလေးကို အဖေအမေကလည်း အသိမှတ်ပြုမှာမဟုတ်ဘူး။ ဆွေမျိုးတွေကလည်း အသိအမှတ် ပြုမှာ မဟုတ်ဘူး။ ဘယ်သူကမှလည်း အသိအမှတ်ပြုမှာမဟုတ်ဘူး။ ဖျက်မချရင်လည်းမပေါင်းနိုင်ဘူး”ဆိုပြီး နှိပ်စက် ဖျက်ဆီး အနိုင်ကျင့် ဖျက်ချခိုင်းတာဖြစ်ပါတယ်။ သူ့မိသားစုကလည်း ကောင်မလေးကိုယူဖို့ သားဖြစ်သူကို အမြဲတိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် နှမချင်းမစာနာ ဖျက်ဆီးရုံသက်သက် ချစ်ခဲ့သူဖြစ်လေတော့ သူမကို လုံးဝ တန်ဖိုးမထားပါဘူး။
သူမချစ်သူ ပန်းမုဆိုးရဲ့ဖခင်က မူဆလင်၊ မိခင်က (ရှမ်း/ဗုဒ္ဓ)ဖြစ်ပါတယ်။ အစပိုင်းတော့ ချွေးမလောင်းလေးကို ရွှေလိုဥထားပြီး အခုတော့ သားဖြစ်သူစကားကြောင့် ကောင်မလေးကို စွန့်ပစ်ထားခဲ့ ကြပါပြီ။ ချစ်သူနှင့်အတူ တစ်ဆွေလုံးတစ်မျိုးလုံးက ကောင်မလေးဖုန်းနံပါတ်ကို Black List လုပ်ပစ်လိုက်လို့ လုံးဝဖုန်းဆက်လို့ မရတော့ပါဘူး။ သူမချစ်သူ ပန်းမုဆိုးကိုလည်း ဖုန်းဆက်လို့ မရတော့ပါဘူး။
ချစ်သူကိုလည်း မပြတ်နိုင် ကိုယ်ဝန်ကိုလည်းမဖျက်နိုင် တရားဝင်ယူပါလို့ပြောတိုင်း မျက်နှာကို လက်သီးနဲ့ထိုး ပါးတွေကိုရိုက် ခြေထောက်နဲ့အမြဲကန်ပါတယ်။ မင်းကိုမယူလို့ ထောင်ကျလည်း လေးငါးနှစ်ပါပဲ။ ပိုက်ဆံလိုက်နိုင်ရင် တစ်နှစ်လောက်ပဲကျမှာ။ ငွေရှိရင် ထောင်ထဲမှာ ဇိမ်နဲ့နေလို့ရတယ်။ လာ…. တိုင်ချင်ရင် ငါကိုယ်တိုင် ရဲစခန်းကို လိုက်ပို့ပေးမယ်။ ဒီလိုပဲ အမြဲတမ်းချိန်းခြောက်လေ့ရှိပါတယ်။ ကျောင်းသားဘဝ ရန်ဖြစ်မှုနဲ့ ထောင်ကျခဲ့ဖူးလို့ ထောင်အကြောင်း သိနေတာလို့ ဆိုပါတယ်။
ချစ်သူကနှင်ချလို့ ဘော်ဒါဆောင်မှာ ပြောင်းနေပါတယ်။ ချစ်သူမိသားစုကို သံယောဇဉ်ကြီးလွန်းလို့ Black List စာရင်းလေး ဖျက်ပေးဖို့ ချစ်သူဆီ သွားရောက် တောင်းခံ တဲ့အခါမှာတော့ ချစ်သူပေးတဲ့ လက်ဆောင် ကောင်းကောင်းကို တနင့်တပိုးကြီး ခံယူလိုက်ရပါတော့တယ်။
Main တက္ကသိုလ်တောင်ဘက် သိပ္ပံလမ်းမကြီးပေါ်မှာသင်္ကြန်အကြပ်နေ့(15.4.2014) ရေကစားနေကြသူတွေ ကပျော်လို့ သူမကတော့ ခေါင်းထိုးခံလို့ ပရိသတ်ကတော့ သူ့အလှနဲ့သူ့ဘဝကို အံ့သြငေးမော မှည်သက်မိလို့ နေပါတော့တယ်။ သူမချစ်သူက သူမခေါင်းကို လူကြားသူကြားထဲ အားရပါးရ လက်သီးနဲ့ အတင်းအဓမ္မ ထိုးကြိတ်နေတာကို မြင်ရသူတိုင်း မခံမရပ်နိုင် ဖြစ်ကြပေမယ့် သူမက အော်ဟစ်အကူအညီတောင်းခံခြင်း လုံးဝ မရှိလို့ ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။
ထိုးလို့အားရသွားတဲ့အခါမှာတော့ “မင်းသွားတော့ မသွားရင် ငါသတ်မိလိမ့် မယ်။” နှင်ထုတ်လိုက်တဲ့ အခါမှာတော့ ဆိုင်ကယ်ဦးထုပ်လေးဆောင်းပြီး အပြေးလေး မောင်းပြန်ခဲ့ရပါတယ်။ သူမဟာ တောရွာသူ တစ်ယောက်ဖြစ်ပြီး တစ်ဦးတည်းသောသမီးဖြစ်လို့ တစ်အိမ်လုံးရဲ့ အလိုလိုက်ခံထားရ သူပါ။ ရုပ်ရည်ရော ပညာရော အဆင်းရော အချင်းရော အားလုံးပြည့်စုံလို့ သူမချစ်သူက ခေါင်းဖုထအောင် ဖူးဖူးမှုတ်ချစ်ပြ လိုက်တာပဲဖြစ်ပါတယ်။
 သူမရဲ့မိဘများက သူမကျောင်းတက်နေတာပဲလို့ ထင်နေကြပါတယ်။ သူမကတော့ ချစ်သူကိုမိဘထက် ယုံကြည်အားကိုးခဲ့လို့ ရွာနဲ့အဆက်အသွယ် ဖြတ်ထားခဲ့ပါတယ်။ ဝိုင်းကျူရှင် သင်ပေးပြီး သူမချစ်သူကို လုပ်ကျွေးနေတာပါ။
လင့်မျက်နှာ တစ်ရွာထင်ပြီး လိုက်ခဲ့သူလေးဖြစ်တော့ သူပြုသမျှ နုရတာကိုလည်း အပြစ်မမြင်ဘဲ ကျေနပ်နိုင်ခဲ့သူပါ။ သူမကိုသာ သူမချစ်သူက မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းသင်းမယ်ဆိုရင် မိဘကိုပဲ စွန့်ရစွန့်ရ ဘာသာကိုပဲစွန့်ရ စွန့်ရ စွန့်လွှတ်နိုင်မည့်သူပါ။ သူမကို သူမချစ်သူက လက်မွေးမီးမလောင် ခြေမွေးမီးမလောင် မထားတောင်မှ သူမက သူမချစ်သူကို ခြေမွေးမီးမလောင် လက်မွေး မီးမလောင် ထားချင်ခဲ့သူပါ။ ဒီလို ငယ်ရွယ်နုပျိုပြီး ဥစ္စာပေါ ရုပ်ချော ပညာတတ်တဲ့ ချောလှသန့်လေးကို ဒီလို ပြုမူရက်တာကိုတော့ သူမ အံ့သြလို့မဆုံးဖြစ်နေခဲ့ပါတယ်။
ဒီနေ့ 16.4.2014 မှာတော့ တစ်ဆင့်စကားတစ်ဆင့်ကြားဖြင့် မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိလာခဲ့ပါတော့တယ်။ ရင်လည်းဖွင့် ငိုလည်းငို ရေလည်းစိုရွှဲနေပြီး မျက်ရည်ကြားက မိလျှံတွေ သောကထဲက ဒေါသတွေနဲ့ အချစ်ကြီး လို့ အမျက်ကြီးရှာခဲ့ပါပြီ။ သူမချစ်သူကို မပြန်လမ်းကို ပို့ပေးပါဆိုပဲ။
ဝီရသူကိုလည်း မသိရှာ၊ တရားစွဲရင်လည်း ရှုံးမှာကြောက်၊ ငွေမရှိလို့ မျက်နှာငယ်၊ မိဘတွေသိမှာလည်း စိုးရိမ်မှုနဲ့အတူ အားကိုးရာမဲ့ဖြစ်နေခဲ့တာပါ။ “မြန်မာအမျိုးသမီးတွေကို စော်ကားမယ်မကြံနဲ့ မ.ဘ.သ ရှိတယ်” မ.ဘ.သ ဆောင်ပုဒ်ကိုလည်း မကြားဖူးတော့ မ.ဘ.သ က တာဝန်ယူဆောင်ရွက်ပေးမှန်းလည်း သူမ မသိခဲ့ပါဘူး။
ခုတော့ သူလုံးဝမကြောက်တဲ့ ထောင်ကို သွားရပါတော့မယ်။
အမှတ်(၁၁) ရဲစခန်းသို့ ရောက်ရှိလို့နေပါပြီ။ သူမချစ်သူနာမည်က ထက်ကိုကိုသူ(ခ) ကိုသူ အိမ်အမှတ်(၁၁) ၆၂လမ်း သိုးခြံရပ်ကွက် ချမ်းမြသာစည်မြို့နယ် မန္တလေးမှာနေပါတယ်။ ကားမောင်း ကျောက်ရောင်း ကြုံရာ လုပ်ပါတယ်။ “မနက်ဖြန်ဆို ရွှေလီကိုသွားတော့မယ်။ မင်းဘယ်လိုတိုင်တိုင် လုံးဝဂရုမစိုက်ဘူး။” နှုတ်ဆက် သွားခဲ့ပါ တယ်။
အမှတ်(၁၁) ရဲစခန်း ဖုန်းနံပါတ်=02.36996
ဒုရဲအုပ်ဆန်းညွန့်လှိုင်(တာဝန်မှူး)=09.4288196744
ပန်းမုဆိုးမိသားစု=09.444001772


Viewing all articles
Browse latest Browse all 2129

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး