Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လားရှိုး မဘသ သဘောထားကြေညာချက်”

$
0
0


“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သဘောထားကြေညာချက်(၁၀/၂၀၁၄”
၁။ ၁၈၂၄-၁၈၂၆ ခုနှစ်များအတွင်း အင်္ဂလိပ်+မြန်မာ ပထမစစ်ပွဲအပြီး နောက်ပိုင်းကာလမှစ၍ ဘင်္ဂါလီလူမျိုးစု တို့သည် ရိုဟင်ဂျာဆိုသောသမိုင်းအမည်ဖြင့် သီးခြားပြည်နယ်ရရှိရေးအတွက် အစဉ်တစိုက် လှုပ်ရှားခဲ့ကြသည်။
၂။ ၂၀၁၃ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ သမိုင်းမှတ်တမ်းများ၌လည်းကောင်း၊ ၁၉၉၃-၁၉၉၄ ခုနှစ်များ မတိုင်မီက ကုလသမဂ္ဂ အစည်းအဝေး အစီအစဉ်မှတ်တမ်းများ၌လည်းကောင်း ရိုဟင်ဂျာဟု သုံးစွဲခဲ့ခြင်း လုံးဝမရှိကြောင်း၊ ၁၉၉၃-၁၉၉၄ ခုနှစ်ကမှ ကုလသမဂ္ဂ အစည်းအဝေး အစီအစဉ်များ၌ ရိုဟင်ဂျာဟု စတင်သုံးစွဲခဲ့ခြင်းသာဖြစ်ကြောင်း” ထင်ထင်ရှားရှား ရှင်းလင်းခဲ့ပြီးဖြစ်သည်။
၃။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နေပြည်တော်၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက
“ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အပါအဝင် အများစုက ဘင်္ဂါလီဆိုတာထက် ရိုဟင်ဂျာလို့ပဲ သိကြတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂရဲ့ လူနည်းစုအခွင့်အရေးစံနှုန်းတွေအရ ရိုဟင်ဂျာလို့ပဲ သုံးနှုန်းတာပါ” ဟု ပြောကြားခဲ့သည်။
၎။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ “ရိုဟင်ဂျာလို့ပဲ သုံးနှုန်းခြင်း” သည်
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် လည်းကောင်း ဖြောင့်ဖြောင့်ဆန့်ကျင်ခြင်းသာ ဖြစ်နေသည်။
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နိုင်ငံတော်နယ်နိမိတ် တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိပါးစော်ကားနေသည့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား အားပေး အားမြှောက် ပြုလုပ်ခြင်းသာဖြစ်နေသည်။
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းသာ ဖြစ်နေသည်။
(ဃ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း လူမျိုးရေးပဋိပက္ခများ၊ ဘာသာရေးပဋိပက္ခများ ထပ်မံ ဖြစ်ပွားလာအောင် လှုံ့ဆော်ခြင်းသာ ဖြစ်နေသည်။
၅။ မစ္စတာဘန်ကီမွန်း၏ ပြောဆိုသုံးနှုန်းမှုကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)က လုံးဝလက်မခံသကဲ့သို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်၊ ရှမ်း/မြောက်)ကလည်း လုံးဝ လုံးဝလက်မခံပါ။
၆။ မစ္စတာဘန်ကီမွန်းအနေဖြင့် ထပ်မံပြောဆိုသုံးနှုန်းပြီး ဖိအားပေးနေမည်ဆိုပါက “မစ္စတာဘန်ကီမွန်း မိမိတို့ မြန်မာနိုင်ငံမှ အမြန်ဆုံး ထွက်ခွါသွားပါ” ဟု အလေးအနက် သတိပေးလိုက်သည်။
၇။ မစ္စတာဘန်ကီမွန်း မိမိတို့ မြန်မာနိုင်ငံမှ အမြန်ဆုံး ထွက်ခွာသွားခြင်း မရှိပါက လူထုဆန္ဒထုတ်ဖော်ပွဲများဖြင့် ဆက်လက်မောင်းထုတ်သွားမည်။
၈။ မဘသအဖွဲ့ပေါင်းစုံ(ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်) အားလုံးကလည်း လူထုဆန္ဒထုတ်ဖော်ပွဲများ တစ်ပြိုင်နက် ကျင်းပလျက် ဝိုင်းဝန်းမောင်းထုတ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
အရွင္အကုၤရ
အထွေထွေအတွင်းရေးမှူး
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်) ရှမ်း/မြောက်၊ လားရှိုး။


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...