Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်”

$
0
0
(၁၂.၁၁.၂၀၁၄)နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက
၁။ ဘင်္ဂလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်သုံးစွဲမည် ဟုလည်းကောင်း၊
၂။ ရိုဟင်ဂျာများကို ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအတိုင်း အသိမှတ်ပြု လက်ခံပေးသင့်တယ်ဟုလည်းကောင်း၊
The Voice ဂျာနယ်ကို ပြောကြားခဲ့ပါသည်။
အဆိုပါ ပြောကြားချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအရေးသည် မြန်မာနိုင်ငံသား သို့မဟုတ် ပင်ရင်းဒေသ ရခိုင်သားတို့သာ အသိဆုံးဖြစ်ပါသည်။ သမ္မတကြီးဦးသိန်းစိန်နှင့်တကွ မြန်မာနိုင်ငံသူ/သား တိုင်းရင်းသားအားလုံးတို့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာရှိကြောင်း သမိုင်းအထောက်အထား မရှိပါဟု ပြောနေပါလျက် အခြားသူများ ပြောသောစကားကိုသာ တစ်ဖက်သတ်ယုံကြည် ပြောကြားနေခြင်းသည် မသင့်လျော်သောအရာသာ ဖြစ်ပါသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းသည် မြန်မာပြည်သူ/သား များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား နားလည်မှုလွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်ပါသည်။
ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ အထက်ဖော်ပြပါ ပြေကြားချက်ကို လုံးဝလက်မခံနိုင်ကြောင်း ရဟန်း ရှင် လူ ပြည်သူအားလုံးတို့၏ကိုယ်စား မိမိတို့၏ မဘသအဖွဲ့ကြီးက သဘောထားထုတ်ပြန်အပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။



Viewing all articles
Browse latest Browse all 2129

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း