9.11.2014 မနက် လားရှိုးမြို့၊ ထေရ်ကြီးဝါကြီး၊ ဆရာတော်ကြီးများကို ဖူးမြော်ရှိခိုးပြီး ပြန်ရောက်တယ်ဆိုရင်ပဲ အသင့်စောင့်နေတဲ့ ဧည့်သည်တွေနှင့် တွေ့ခဲ့ရပါတယ်။
အားလုံးထဲမှာ ထူးခြားတာကတော့ ကုလားမလေးတစ်ယောက်ပါ။
အမည်က မစန်း၊ အသက်က ၄၁နှစ်၊ အလုပ်က ကုန်စုံဆိုင်၊ ကလေးနှစ်ယောက်မိခင်၊ တစ်ခုလပ်မလေးပါ။ အမျိုးသားဖြစ်သူ(ဗမာ/ဗုဒ္ဓ)နှင့် ကွားရှင်းထားတာ သုံးနှစ်လောက်ရှိပြီလို့ ဆိုပါတယ်။
အိမ်ထောင်ကျမှ ဗုဒ္ဓဘာသာ ခံယူတာလား မေးတော့ (၇)နှစ်သမီးအရွယ်ကတည်းကပါတဲ့။
(၇)နှစ်သမီးအရွယ်ကတည်းက ဘုရားသွားကျောင်းတက် ဝါသနာပါခဲ့တာပါတဲ့။ တရားပွဲတွေလည်းလိုက်၊ ဘုန်းကြီးကျောင်းတွေလည်းသွား၊ ဝေယျာဝစ္စတွေလည်းလုပ်နှင့် လွတ်လပ်ပွင့်လင်းပြီး အပြစ်ကင်း ဖြူစင်တဲ့ အနှစ်သာရတစ်ခုကို လုပ်ရသလို တအားပျော်နေတတ်တာပါတဲ့။
မိဘတွေ မရှိကြတော့ပေမယ့် မွေးချင်းတွေတော့ ကျန်ပါသေးတယ်ဆိုပဲ။ မွေးချင်းတွေကလည်း မခေါ်မပြော မဆက်သွယ်ကြတော့လို့ သူမဟာ တစ်ကောင်ကြွက် သက်သက်ဖြစ်နေခဲ့ရတာပါ။
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရင်တော့ ဒီလိုဘဝမျိုး မကျရောက်နိုင်တော့ပါဘူး။
ဘာသာကူးပြောင်းခြင်းဥပဒေအရ လွတ်လပ်စွာ ကူးပြောင်းခွင့် ရရှိသွားတဲ့အခါ မိဘကလည်း တားဆီးခွင့် မရှိတော့ပါဘူး။ ဘာသာရေးဆိုင်ရာ ဆရာကြီးတွေကလည်း တားဆီးခွင့်မရှိတော့ပါဘူး။ ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ်ယုံကြည်ရာ ဘာသာကို အနှောက်အယှက် ကင်းကင်းနှင့် လွတ်လွတ်လပ်လပ် ကူးပြောင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။
ဘာသာကူးပြောင်းပြီးသွားပြီဆိုရင်လည်း အမွေဖြတ်ခံရတာစတဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ မဖြစ်နိုင်တော့ ပါဘူး။ ရသင့်ရထိုက်တဲ့ ခွဲတမ်းကို တစ်ပြားမကျန် ရခွင့်ရှိသွားမှာ ဖြစ်ပါတယ်။
မစန်းဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာပြီဖြစ်ပေမယ့် တရားဝင် ဘာသာကူးပြောင်းတာမျိုးတော့ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။
အရေးဟယ် အကြောင်းဟယ်ဆိုရင် အကာအကွယ်ရအောင် လူသိရှင်ကြား တရားဝင် ဘာသာကူးပြောင်းပွဲ ပြုလုပ်တော့မှာဖြစ်ကြောင်း လျှောက်ထားလို့ ပြည်နယ် မဘသ အဖွဲ့က တာဝန်ယူဆောင်ရွက်ပေးတော့မှာ ဖြစ်ပါတယ်။
မစန်းဟာ အခြားကုလားမတွေလိုပါပဲ။ အသားညိုညိုလေးပါ။ ဒါပေမဲ့ ရိုးသားတယ်။ ဖြူစင်တယ်။ ယုံကြည်ချက် အပြည့်ရှိတယ်။ သတ္တိကောင်းတယ်။ လောကဓံကို ရေအိုးတစ်လုံးလို ခါးစောင်းတင်ပြီး သယ်ပိုးမည့် သူလေးဖြစ်ပါတယ်။ ချစ်စရာမိန်းကလေးတစ်ဦးပေပဲပေါ့။
မစန်းရေ တောင့်ထား။
မင်းနှင့်အတူ အမြဲရှိနေမယ် ဒို့အားလုံး။
မွတ်စလင်မ် အမျိုးသမီးတွေ အခြားဘာသာကူးပြောင်းကြတဲ့အခါ အမွေပြတ်စွန့်လွှတ်ခံနေရတာတွေရော၊ အခြားဘာသာမကူးပြောင်းအောင် အတင်းအကြပ် နှောက်ယှက်ဟန့်တားခံနေရတာရော လူ့အခွင့်အရေးနှင့် မသက်ဆိုင်ကြတော့ဘူးလား။ သူတို့ကိုရော အမျိုးသမီးချင်း စာနာဖို့ မသင့်ကြတော့ဘူးလား။ သူတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်သူတွေကိုရော လူ့အခွင့်အရေးဝါဒီတွေက မကန့်ကွက်ကြတော့ဘူးလား? စသည် စသည်ဖြင့် တစ်ဆက်တည်း တွေးမိနေတော့တာပါ။