စာရေးသူ တရားတွေပြန်လည်ဟောကြားချိန်မှစပြီး တစ်နေရာတည်းမှာ သုံးညဆက်တိုက်မဟောဖူးသေးပါ။ အချိန်မပေးနိုင်သောကြောင့်ဖြစ်ပါသည်။
လားရှိုးမှာတော့ တစ်ဝကြီးကို ဟောရတော့မှာပါ။
စာရေးသူက 7/8 ရက် နှစ်ညသာ ရက်ပေးထားပေမယ့် မော်ကျွန်းတိပိဋကဆရာတော်က လေယာဉ်လက်မှတ် အခက်အခဲကြောင့် တစ်ရက်နောက်ကျမှာဖြစ်ကြောင်း သိရလို့ အစားဝင်ဟောလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
ရောက်မည့် ရောက်ပြန်တော့လည်း သုံးညကြီးများတောင်ပါလားနော်။
သာကီနွယ်ဝင် ပီသစေ အမျိုးစောင့်ဥပဒေတရားပဲ ဟောကြားခဲ့ပါတယ်။
ငပွကြီးတစ်ယောက်တည်းကပဲ ဟိုဘာသာကိုစော်ကား ဒီနိုင်ငံကို စော်ကားလိုက်လုပ်နေလို့ ငပွကြီး အန္တရာယ် ကာကွယ်ရေးအတွက် ရေးဆွဲခဲ့ရတဲ့ ဥပဒေဖြစ်ကြောင်း ထည့်ဟောတဲ့အခါ အမျိုးသမီးတစ်ယောက်က လက်နှစ်ဖက်အပေါ်မြှောက်ပြီး အသံမမြည်ဘဲ လက်ခုပ်တီးဟန် အားပေးတာကို ရုတ်တရက်တွေ့လိုက်ရ ပါတယ်။
ပြန်ရောက်တော့ လုံခြုံရေးအဖွဲ့ထဲမှာပါတဲ့ အရပ်သားဒကာကြီးတစ်ယောက်က “ပထမညထက် ဒုတိယညက ပိုကောင်းတယ်။ ဒုတိယညထက် နောက်ဆုံးညက ပိုကောင်းတယ်။ လာမည့်နှစ်ဆို ဒီထက်ပိုကောင်းအုံးမှာ” ဟု မှတ်ချက်ပေးနေလို့ အဖွဲ့အသားအားလုံး ပွဲကျသွားပါတယ်။
အဆိုပါ ဒကာကြီးဟာ စာရေးသူရဲ့ ထေရဝါဒတိုက်ပွဲ စာအုပ်ကို ဖတ်ခဲ့ပြီးကတည်းက ဖူးချင်နေခဲ့တာပါတဲ့။ စာရေးသူရဲ့ ထေရဝါဒစာအုပ်ရော ပရိယတ္တိရွှေချိန်ခွင်ရော။ နှစ်အုပ်လုံးကို ဖတ်ဖူးခဲ့တာပါတဲ့။ ထေရဝါဒ စာအုပ်ကတော့ ထုံးပေါက်လောက်အောင်ကို ကောင်းတာပါတဲ့။
သွားတွေ နီရဲနေတဲ့ ကွမ်းသမားပီပီ ကွမ်းစကားနှင့် ပြောပုံရပါတယ်။ ထုံးပေါက်လောက်အောင် ကောင်းတယ်။
လားရှိုးမြို့မှာ သုံးညဟောခဲ့ပါတယ်။
ပထမညမှာ မူဆလင်နှစ်ယောက်လာပါတယ်။ တစ်ယောက်က အိပ်ငိုက်နေပြီး တစ်ယောက်က စိတ်ဝင်တစား ကဗျာတွေလိုက်ဆိုပါတယ်။
ဒုတိယညမှာ မူဆလင်တစ်ယောက်လာပါတယ်။ လက်အုပ်ပဲချီပါတယ်။ ကဗျာတွေ လိုက်မဆိုပါဘူး။
တတိယညမှာ မူဆလင်တစ်ယောက်လာပါတယ်။ လက်အုပ်လည်းမချီ၊ ကဗျာလည်းမဆိုပါဘူး။
တာဝန်အရ သတင်းလာယူတာလည်း ဖြစ်နိုင်ပါတယ်။ သုံးညစလုံး အလှည့်ကျလာခဲ့ကြလို့ပါပဲ။
အနှစ်သာရကိုအသာထား တရားပွဲလာရခြင်းကြောင့် လွတ်လပ်ပွင့်လင်းတဲ့ အရသာကိုတော့ ခံစားမိကြမှာ အမှန်ပါပဲ။
လားရှိုးမြို့မှာ သုံးညအိပ်ခဲ့ပါတယ်။ သုံးညလုံး စိတ်ချမ်းသာခဲ့ပါတယ်။
မဘသရုံး ခေါင်းမိုးပေါ်မှာ စင်္ကြံလျှောက်ရင်း လမင်းကြီးကို စိုက်ကြည့်ရင်း ပရိတ်ရွတ်ရတာ အရသာရှိလို့ပါ။ လားရှိုးမြို့ရဲ့ ညရှုခင်းလည်း အပေါ်စီးမှ စီးကြည့်ရ။ တောင်ပေါ်ဖြစ်လို့ လေကောင်းလေသန့်လည်း ရှုရှိုက်ရ။ ငွေလမင်းရဲ့ အအေးဓာတ်တွေ အအေးငွေ့တွေကိုလည်း ခံစားခွင့်ရခဲ့လို့ပါပဲ။