Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မီဒီယာများနှင့် ခဏတာ”

$
0
0


8.11.2014 မနက် 9:00 နာရီ၊ ပြည်နယ် မဘသရုံးမှာ မီဒီယာများ လာရောက်မေးမြန်းကြပါသည်။ အွန်လိုင်း မီဒီယာနှင် စာနယ်ဇင်းမီဒီယာတို့ ဖြစ်ပါသည်။
တစ်ယောက်လျှင် တစ်ပုဒ်စ နှစ်ပုဒ်စသာ လိုရင်းအဖြစ် မေးမြန်းကြခြင်း ဖြစ်ပါသည်။
၎င်းတို့အားလုံး တူညီသောအချက်မှာ အွန်လိုင်းမှာတွေ့မြင်နေရသော စာရေးသူ့အကြောင်း ကောလာဟလ များကို မဟုတ်မဟတ် လုပ်ကြံဇာတ်အဖြစ် ရှုမြင်ထားကြခြင်းပင် ဖြစ်ပါသည်။
လားရှိုးမှာ မဘသ ညီလာခံ ကျင်းပရခြင်းအကြောင်းကို ပြည်နယ်မဘသ အတွင်းရေးမှူးဆရာတော်လေး အရှင်အကုင်္ရက ဖြေကြားကာ ကျန်မေးခွန်းများကို စာရေးသူက ဖြေကြားခဲ့ပါသည်။
ဘာသာကူးပြောင်းခြင်းဥပဒေ၏ ရည်ရွယ်ချက်ကိုမေးသည့်အခါ ကျောက်မဲသူနာပြုဆရာမလေးကို လားရှိုးဗလီ ထဲမှာ နေ့ချင်းညချင်း နေကာဟ်ဖတ်ပြီး ဘာသာသိမ်းသွင်းခဲ့ကြပုံကို နမူနာပေးကာ လူမသိ သူမသိ ကူးပြောင်း ခြင်းမျိုးက မိန်းကလေးတွေ နစ်နာစေနိုင်တာကြောင့် တရားမဝင် ကူးပြောင်းခြင်းမျိုး မဖြစ်ပေါ်စေရန် ရည်ရွယ် ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပေသည်။
လက်ထက်ထိမ်းမြားခြင်း ဥပဒေ ရည်ရွယ်ချက်ကို ဆက်မေးသည့်အခါ
ဗမာမဟုတ်ဘဲ ဗမာယောင်ဆောင်ပြီး သိမ်းသွင်းတာမျိုး
ဗုဒ္ဓဘာသာမဟုတ်ဘဲ ဗုဒ္ဓဘာသာယောင်ဆောင်ပြီး သိမ်းသွင်းတာမျိုး မဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့လေသည်။
မေးမြန်းသူမှာ ရှေ့နေဘွဲ့ရ သတင်းထောက်ဖြစ်သောကြောင့် ဥပဒေပိုင်းဆိုင်ရာကို အဓိကထားမေးခြင်းဖြစ် လေသည်။
ဒီလိုဆိုလျှင် လက်ခံနိုင်ကြောင်း၊ အဖြေရှင်းကြောင်း လျှောက်ထားသွားလေသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles