7.11.2014 ည 7:30 နာရီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
တရားပွဲချည်း ဆက်တိုက် လေးရက်ကျင်းပခြင်းဖြစ်ရာ စာရေးသူက 7 ရက်နှင့် 8 ရက် နှစ်ည။
မော်ကျွန်းတိပိဋကဆရာတော်က 9-ရက် 10 ရက် နှစ်ည ဟောကြားရမည်ဖြစ်သည်။
မဘသ နှစ်ပတ်လည်ညီလာခံကို 11.11.2014 မှာ ကျင်းပမည်ဖြစ်ပြီး မဘသ ဗဟိုဆရာတော်ကြီးများ၊ လားရှိုး ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ လားရှိုးထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရှမ်းမြောက်မြို့နယ်စုံမှ မဘသ ဆရာတော်များ ကြွရောက်ချီးမြှောက်ကြမည်ဖြစ်သည်။
၎င်းနောက် ညီလာခံအောင်ပွဲအဖြစ် မစိုးရိမ် အရှင်ဣန္ဒာစက္ကာဘိဝံသက 12/13 ရက် နှစ်ညတိုင်တိုင် တရားဟောကြားမည်ဖြစ်ပြီး၊ အသိပညာပေးဟောပြောပွဲများကိုလည်း သုံးညတိုင်တိုင် ကျင်းပဦးမည် ဖြစ်ရာ
ဟိတဓရဆရာတော်နှင့် ရှေ့နေဦးအေးပိုင်က 14.11.2014
မြနန်းဆရာတော်နှင့် ဓမ္မစက္ကဦးမောင်မောင်က 15.11.2014
မောင်သွေးချွန်၊ ဦးအောင်မြိုင်၊ ဒေါ်ပေါရွှေတို့က 16.11.2014 ညစဉ် 7:00 မှာ ဟောပြောကြမည် ဖြစ်သည်။
တရားပွဲခြောက်ရက်၊ ညီလာခံတစ်ရက်၊ ဟောပြောပွဲသုံးရက် စုစုပေါင်း(၁၀)ရက်တိုင်တိုင် ကျင်းပမည့် ညီလာခံကြီးဖြစ်၏။
ပွဲဦးထွက်ညအဖြစ် စာရေးသူက ရုက္ခဓမ္မဇာတ်တော်ကို “ဆွေးမျိုးဆိုတာ များလေကောင်းလေ” အမည်ဖြင့် ဟောကြားခဲ့ပါသည်။
“ဆွေမျိုးဆိုတာ များလေကောင်းလေ (ရုက္ခဓမ္မဇာတ်တော်)”
ဆွေမျိုးဆိုတာ များလေကောင်းလေ၊ သူစိမ်းရန်မှကင်းဝေးလေ။
ဆွေမျိုးညီရင် ရန်အပေါင်းကို၊ ထောင်းထောင်းမွမွချေနိုင်ပေ။
ဆွေမျိုးညီညာ ပြည်ရွာဖြိုးလို့၊ ကြည်သာတိုးလို့ ချမ်းမြေ့ပေ။
၉၆၉ ဟာ ငြိမ်းချမ်းရေးအတွက်၊ ထမ်းရွက်ထိုက်တဲ့ ဂုဏ်တော်တွေ။
အမျိုးဘာသာ၊ သာသနာအတွက်ကို၊ အကြမ်းမဖက်ဖို့ ပုံဖော်နေ။
ရတနားသုံးပါး ဦးထိပ်ထားလို့၊ ရိုးသား နိုးကြား ကျိုးစားလေ။
အမျိုးသားရေး သွေးမအေးဘဲ၊ အမြဲတစေနွေးပါးစေ။
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကို၊ တိုင်းရင်းသားပဲ ထိန်းနိုင်မယ်။
တိုင်းရင်းသားရိုးရာ ကိုးကွယ်မှုကို၊ တိုင်းရင်းသားပဲ ထိန်းနိုင်မယ်။
တိုင်းရင်းသားတွေ မျိုးသုံးသွားရင်၊ ယဉ်ကျေးမှုလည်း ပျက်သုံးမယ်။
တိုင်းရင်းသားတွေ ပျောက်ကွယ်သွားရင်၊ သာသနာလည်း ကွယ်ပမယ်။