7.11.2014 ရက်နေ့ ညနေ 4:00 နာရီမှာ အကျဉ်းသား ၆ ဦးမိသားစုနှင့် တွေ့ဆုံပါသည်။ မိသားစုလေးစုက ချို့တဲ့နွမ်းပါးသူများဖြစ်ပြီး နှစ်စုသာချောင်လည်မှုရှိလေသည်။
ခြောက်ဦးလုံးပင် ခြောက်နှစ်စီ ပြစ်ဒဏ်ကျခဲ့ရလေသည်။ ပုဒ်မ ၄၃၆ တစ်ခုတည်း ဝရမ်းနှစ်ဆောင်ဖြင့် နှစ်မှုဆင်ခြင်းဖြစ်၏။
တစ်နေ့တည်း တစ်ရက်တည်း အဖြစ်ပျက်တစ်ခုတည်း ဖြစ်ပါလျက် တစ်ပေါင်းတည်းမချဘဲ သီးခြားစီခွဲ၍ သုံးနှစ်-နှစ်လီ အချခံရခြင်းဖြစ်၏။
ရှမ်း/မြောက် မဘသ အဖွဲ့က အယူခံတင်ပေးလျက်ရှိပြီး မဘသ အဖွဲ့အနေဖြင့်ပါ တရားသူကြီးချုပ်ထံ မေတ္တာရပ်ခံစာတင်ပေးမည့်အကြောင်းနှင့် နှစ်သိမ့်အားပေးခဲ့လေသည်။
မိသားစု တစ်စုလျှင် တစ်သိန်းကျပ်စီ ထောက်ပံ့မည့်အကြောင်းနှင့် နမော တေ ဂါထာ ရွတ်ခိုင်းဖို့ ကျန်းမာရေး ဂရုစိုက်ဖို့မှာကြားလိုက်လေသည်။
အကျဉ်းသား(၆)ဦးမှာ
၁။ ကိုထွန်းထွန်းဦး(၃၈)နှစ်၊ ရပ်ကွက်(၆)လားရှိုးမြို့။
၂။ ကိုစိုးမင်းထိုက်(၂၆)နှစ်၊ ရပ်ကွက်(၁) လားရှိုးမြို့။
၃။ ဦးဇော်ဝင်း(၄၁)နှစ်၊ ရပ်ကွက်(၁) လားရှိုးမြို့။
၎။ ကိုစိုင်းလှထွန်း(၂၂)နှစ်၊ ရပ်ကွက်(၃) လားရှိုးမြို့။
၅။ ဦးစိုးနိုင်(၅၁)နှစ်၊ ရပ်ကွက်(၁) လားရှိုးမြို့။
၆။ ကိုအောင်စိုးလင်း(၃၀)နှစ်၊ ရပ်ကွက်(၉) လားရှိုးမြို့။
ကိုစိုးမင်းထိုက်၏ မိဘနှစ်ပါးမှာ ဦးချစ်ညို+ဒေါ်ကြင်သန်းတို့ဖြစ်ပြီး ရေခဲချောင်းသည်များဖြစ်လေသည်။ အသက်(၆၁)နှစ်အရွယ် ဒေါ်ကြင်သန်းသည် ရေခဲချောင်းပုံးလွယ်၍ ရောင်းစဉ် ချော်လဲရာမှ ခြေထောက် မသန်တော့သောကြောင့် ဆက်မရောင်းနိုင်တော့ပေ။
ကိုစိုးမင်းထိုက်သည် ပန်းရံလုပ်သားဘဝနှင့် မိဘနှစ်ပါးကို လုပ်ကျွေးနေသူဖြစ်ပြီး ယခုအချိန်ထိ မိခင်ဖြစ်သူကို ကိုစိုးမင်းထိုက် သတင်း အသိမပေးသေးပေ။ အမှုတွဲ ဦးဇော်ဝင်းနှင့်အတူ အလုပ်သွားလုပ်သည်ဟု ပြောထားရ ကြောင်း သိရလေ၏။
ကိုစိုင်းလှထွန်းကား ဈေးထဲမှာ ကုန်တင်ကုန်ချ အလုပ်သမားဖြစ်ပြီး သူ၏ ဖခင်ကြီးမှာ ကျန်းမာရေးမကောင်း၍ အလုပ်မလုပ်နိုင်ဖြစ်ကာ စားဝတ်နေရေး အခက်အခဲ တွေ့နေရလေသည်။ ကိုစိုင်းလှထွန်းက ခြုံစောင်လိုသည် ဆို၍ ဦးအကုင်္ရက ထောက်ပံ့မည်ဖြစ်ကြောင်း ပြောလေသည်။
(၅၁)နှစ်အရွယ် ဦးစိုးနိုင်သည် ဆေးရုံဝန်ထမ်းဖြစ်ပြီး လုပ်သက် ၂၃ နှစ်ရောက်ချိန်မှာ ထောင်ကျရခြင်းဖြစ်သော ကြောင့် အလုပ်ပြုတ်သွားခဲ့လေသည်။ ဝန်ထမ်းအိမ်ယာမှာ နေရသောကြောင့် ဦးစိုးနိုင် အလုပ်ပြုတ်သည့်အခါ နေစရာမရှိခဲ့ရလေသည်။
ကိုအောင်စိုးလင်း(ခ)ကုလား၏ ဇနီး မအိသည် လက်လုပ်လက်စားဘဝဖြင့် ခက်ခဲပင်ပန်းစွာ ရပ်တည်နေရ သောကြောင့် စာရေးသူထံသို့ပင် မလာအားရှာပေ။ ကိုအောင်စိုးလင်းမှာ မအိနှင့်ညားပြီးမှ ဗုဒ္ဓဘာသာ ခံယူထားသူဖြစ်သောကြောင့် မူဆလင်များက အငြှိုးထား တိုင်ကြားခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ရာတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ၄င်း၏ ရှေ့နေ ဦးကြူမျိုးကျော်က ပြောလေသည်။
လူသားချင်း စာနာထောက်ထားလိုသူများ ရှမ်း/မြောက် မဘသ သို့ ဆက်သွယ်နိုင်ပါသည်။
ပြည်နယ် မဘသရုံး-082.30807