Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရှမ်း/မြောက် မဘသ ညီလာခံသို့ ရောက်ခဲ့လေပြီ”

$
0
0


မနေ့ည 1:00 မှာ မိတ္ထီလာမှ ပြန်ရောက်သည်။ ဒီနေ့ 7.11.2014 ရက်နေ့ မနက် 4:30 နာရီ အိပ်ရာထပြီး လားရှိုးမြို့သို့ ထွက်ခဲ့သည်။
လားရှိုးမြို့သို့ ဖြတ်သွားဖြတ်လာသာ ရောက်ဖူးသော်လည်း အင်တာနက်စာမျက်နှာတွေမှာတော့ လားရှိုးမြို့နှင့် စာရေးသူက အတော်ကြီးပင် နာမည်ကြီးခဲ့ဖူးသည်။ မီဒီယာဖြင့် အနိုင်ယူလိုသူတို့၏ မဟုတ်မဟတ် လုပ်ဇာတ်ခင်းမှုတို့ကြောင့်ဖြစ်၏။
17.5.2013 နှင့် 18.5.2013 နှစ်ညတိုင်တိုင် မူဆယ်မြို့မှာ တရားဟောခဲ့လေသည်။ မူဆယ်မြို့မှအပြန် လားရှိုးမြို့ အိမ်တစ်အိမ်မှာ မိနစ်အနည်းငယ် အနားယူအအေးသောက်ဖူးသည်။ ကာယကံမေတ္တာအဖွဲ့က လိုက်ပို့ခြင်းဖြစ်၏။
စာရေးသူက ကျောင်းသို့ပြန်မရောက်သေးသော်လည်း စာရေးသူ သတင်းက လိုင်းပေါ်မှာ ပျံ့နေခဲ့လေသည်။ အချို့ဖုန်းဆက်၍ မေးကြ၏။ မူဆယ်မြို့၊ ပြည့်တန်းဆာဂေဟာပိုင်ရှင်အိမ်မှ မဧပရယ်ဆိုသူ အိမ်ဖော်မလေးကို စာရေးသူက မုဒိမ်းကျင့်သည်ဟူသော သတင်းဖြစ်၏။ ဖြစ်ပွားပုံနှင့်ပါ အတိအကျကြီးလိုလို တင်ထားသော ကြောင့် ထင်ယောင်ထင်မှား ဖြစ်ကုန်ကြ၏။ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားသည်ဟူ၍လည်း ပါသေး၏။ မော်ဒယ်လ်နန်းသီရိမောင် ကုန်းကုန်းကွကွပုံနှင့် စာရေးသူပုံကို ဖြတ်ညှပ်ကပ်လုပ်ထားလိုက်သေး၏။
မူဆယ်မှ ပြန်လာပြီး ဆယ်ရက်အကြာ 28.5.2013 မှာ လားရှိုးအရေးအခင်းကြီးဖြစ်ပွားတော့၏။ လားရှိုးအရေး အခင်းနှင့်အတူ စာရေးသူလည်း နာမည်ကြီးခဲ့ပြန်၏။ မူဆယ်မှအပြန် လားရှိုးဝင်ပြီး မွှေဖွသွားသောကြောင့် ဖြစ်ရသည်ဟု စွပ်စွဲကြလေ၏။
၎င်းနောက် လားရှိုးမဘသ ခြောက်လပတ် အစည်းဝေးသို့ စာရေးသူ လာမည်ဟု သတင်းရသူက ရထားကြ၏။ စာရေးသူလာလျှင် ပြဿနာရှာမည်ဟု စည်းဝေးတိုင်ပင်ထားသူများလည်း ရှိကြ၏။ လားရှိုး မဘသ ခြောက်လပတ်အစည်းဝေး ကျင်းပလိုက်မှန်းပင် စာရေးသူ မသိပေ။ FB တင်ဖို့ သတင်းပေးပို့လာမှ သိရခြင်း ဖြစ်၏။
ယခုကား လားရှိုးမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးပင် ရောက်ရှိ၍ လာပေသည်။ Tott ဂိတ်မှာ လာကြိုနေသည့် ပရိသတ်ကို ကြည့်ရသည်နှင့်ပင် လားရှိုးမြို့သူ မြို့သားတို့၏ အမျိုးသားရေး အခြေအနေကို ခန့်မှန်း၍ ရနိုင်ပေသည်။ တိုင်းရင်းသားဝတ်စုံ၊ ရိုးရာအတီးအမှုတ်၊ လူမှုအဖွဲ့စည်းဝတ်စုံ စသည်ဖြင့် စုံလင်စွာ တွေ့မြင်ရသည်မှာ စိတ်ချမ်းသာဖွယ် မြင်ကွင်းတစ်ခုပင်။
ရှမ်း/မြောက် ပြည်နယ်မဘသရုံးမှာ တည်းကြသည်။ ပြည်နယ် မဘသ အထွေထွေအတွင်းရေးမှူးဆရာတော် အရှင်အင်္ကုရ နေ့စဉ် ၂၄ နာရီ ရုံးထိုင်ကြောင်း သိရ၏။
အရှင်အင်္ကုရက စနစ်ကျသည့် ရုံးကြီးက ဟိန်နေ၏။ ကြိုဆိုရေးအဖွဲ့များကပင် ကားစီးရေ လေးဆယ်ကျော်၏။ ကြိုဆိုသူတစ်ဖွဲ့ချင်းအလိုက် မိတ်ဆက်ပေး၏။ ပဋ္ဌာန်းအဖွဲ့ပါသည်။ လားရှိုးကြီးအဖွဲ့ပါသည်း။ လူမှုရေးအဖွဲ့များပါသည်။ မဘသ အဖွဲ့များပါသည်။ လုံခြုံရေး(သိုင်းဆရာများ)အဖွဲ့ပါသည်။ အမျိုးသမီး အမျိုးသား စုံလင်လှ၏။ ကြိုဆိုရေးအဖွဲ့သည်ပင်လျှင် တရားတစ်ပွဲစာရှိပေသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...