Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးစောင့်ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေး မန္တလေးတွင် ဆန္ဒထုတ်ဖော်”

$
0
0


လွှတ်တော်တွင် ဥပဒေကြမ်းတင်သွင်းထားသော အမျိုးစောင့်ဥပဒေမူကြမ်းကို အမြန်ဆုံး အတည်ပြုပြဋ္ဌာန်း ပေးနိုင်ရေးအတွက် မန္တလေးတွင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့မှ သံဃာတော်များ ဦးဆောင်ကာ မန္တလေးခရိုင်အတွင်းရှိ သံဃာ သီလရှင်နှင့် လူပုဂ္ဂိုလ်များ၏ စုပေါင်းဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာ ၃၀ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“ဒီဥပဒေကို အတည်ပြုပေးဖို့ တောင်းဆိုရတာက အလုပ်မရှိ အလုပ်ရှာတောင်းဆိုနေတာ မဟုတ်ပါဘူး။ မိမိတို့ အမျိုးအတွက် ဘာသာသာသနာအတွက် နိုင်ငံအတွက် တောင်းဆိုနေရတာပဲ ဖြစ်တယ်ဟု” ဟု ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ထို့ပြင် ယခုတောင်းဆိုနေသော ဥပဒေသည် လူ့အခွင့်အရေး အမျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက် အမြို့မြို့ အနယ်နယ်တိုင်းတွင် ဆန္ဒဖော်ထုတ်ပွဲများကိုလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။ အမျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ အချက်သုံးချက်ကိုလည်း ယင်းနေ့တွင် ကြေညာချက်အမှတ် ၁၄/ ၂၀၁၄ ဖြင့် ထုတ်ပြန်ကြေညာခဲ့သေးသည်။
“၂၀၀၈ အခြေခံဥပဒေဟာလည်းပဲ တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အချက်အလက်တွေ မပါဝင်ခဲ့ပါဘူး။ ရှင်းရှင်းပြောရရင် လူမျိုးပေါင်း ၁၃၅ မျိုးကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကာကွယ်မပေး နိုင်ပါဘူး။ ဒါကြောင့် ဒီအမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းဖို့ တောင်းဆိုတာပါဟု” မန္တလေးအခြေစိုက် သတင်းဂျာနယ် တစ်စောင်၏ မေးမြန်းမှုကို ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့သည်။

Viewing all articles
Browse latest Browse all 2129

Trending Articles