ရွှေကူမြို့မှ မနေခြည်လင်းက မန္တလေးမြို့နေ ဦးသန်းရွှေ+ဒေါ်အေးအေးတို့ထံမှ (၈၅)သိန်းတန် မြေကွက် တစ်ခုဝယ်ခဲ့ပါတယ်။
မြေကွက်က ရွှေကူမြို့၊ အမှတ်(၁) ခုံစမ်းရပ်ကွက်၊ ဦးပိုင်(၃)၊ အကွက်အမှတ်(၂၉)ပါ။
ဦးသန်းရွှေ+ဒေါ်အေးအေးတို့က မွတ်စလင်မ်များဖြစ်ကြပြီး အကွက်(၅၂)၊ အိုးဘိုရွှေကျင်ရပ်၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးမှာ နေပါတယ်။
ဦးသန်းရွှေကတော့ ဆုံးပါးသွားခဲ့ပါပြီ။ မသေခင် မနေခြည်လင်းထံ ရောင်းထားတဲ့ မြေကွက်ကို တစ်ခြား သူတစ်ယောက်အား GP ထပ်မံလွှဲပေးခဲ့ပါတယ်။
ဒေါ်အေးအေးက ရွှေကူမြို့နေ ဦးမြင့်အေး(ဗမာ/ဗုဒ္ဓ)နှင့်ပေါင်းပြီး ရောင်းပြီးသားမြေကွက်ကို အလကားပြန်ယူ တာပါ။ အရောင်းအဝယ်စာချုပ်သာချုပ်ထားပေမယ့် ဂရန်အမည်မဖောက်ရသေးတာကို အခွင့်ကောင်းယူပြီး ကောင်းကောင်းကြီးဒုက္ခပေးသွားတာပါ။
ဦးမြင့်အေးတို့ကလည်း မနေခြည်လင်းနှင့် ငွေကြေး မရှင်းမလင်းဖြစ်နေတော့ ဒေါ်အေးနှင့်ပေါင်းပြီး မတရား ကြံလိုက်တာပါ။
အမှုသက်တမ်းက လေးနှစ်နီးပါးရှိနေပါပြီ အစစအရာရာ အားနည်းသူဖြစ်တဲ့ မနေခြည်လင်းက မှန်ကန်ပေမယ့် ဥပဒေရဲ့ အကာအကွယ်မဲ့ဘဝမျိုး ကျရောက်နေပါတယ်။
ကင်းကင်းရှင်းရှင်းနေကြပါဗျာ။
စီးပွားရေး မကင်းရင် စီးပွားရေးနှင့် ပတ်သက်ပြီး အစော်ကားခံရမှာပါ။
လူမှုရေးမကင်းရင် လူမှုရေးနှင့် ပတ်သက်ပြီး အစော်ကားခံရမှာပါ။
အိမ်ထောင်ရေးမကင်းရင် အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး အစော်ကားခံရမှာပါ။
သူတို့တတွေက သူတစ်ပါးအပေါ် ဖျံကျဖို့ညစ်ပတ်ဖို့ ကလိမ်ကကျစ်လုပ်ဖို့ပဲ အမြဲကြံနေကြတာဗျ။
ကျုပ်တို့လူမျိုးတွေက အချိန်ပေးပြီး သူတပါးအပေါ် မကောင်းကြံဖို့ နေနေသာသာ မကောင်းကြံရကောင်း မှန်းကို မသိကြတာပါဗျာ။
တကယ်ပါ။ သမင်လေးတွေ ယုန်လေးတွေပါပဲ။
မြေခွေးအုပ်တို့ ဝံပုလွေအုပ်တို့နှင့်တွေ့တော့ ကွိခနဲ အငိုက်မိသွားရတော့တာပေါ့ဗျာ။
ဒါကြောင့် သတိပေးနေတာ။
ကင်းကင်းရှင်းရှင်း နေကြပါလို့။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သို့/
အရှင်ဘုရား
တပည့်တော်မအမည်မှာ မနေခြည်လင်း ဖြစ်ပါတယ်။ ရွှေကူမြို့ အမှတ်(၃) မင်းကုန်းရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။ တပည့်တော်မသည် လွန်ခဲ့သော 27.8.2008 ခုနှစ်က မန္တလေးမြို့တွင် နေထိုင်သူ မွတ်စလင်ဘာသာဝင် ဦးသန်းရွှေ+ဇနီး ဒေါ်အေးအေးတို့ထံမှ ရွှေကူမြို့ အမှတ်(၁) ခုံစမ်းရပ်ကွက်ရှိ ဦးပိုင် (၃)အကွက်၊ အမှတ်(၂၉)ကို ရောင်းကြေးငွေ (၈၅)သိန်းကျပ်ဖြင့် ငွေကြေပေးချေပြီး အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူခဲ့ပါတယ်။
ယင်းမြေကွက်မှာ ဦးသန်းရွှေ အမည်ပေါက်ပြီး ဦးသန်းရွှေက မူလပိုင်ရှင် ဦးတင်စောထံမှ ဝယ်ယူခဲ့သော ဦးတင်စောနှင့်ဦးသန်းရွှေတို့ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်၊ ဦးသန်းရွှေမှ ကျန်းမာရေး မကောင်းသဖြင့် ၎င်း၏ဇနီးဖြစ်သူ မွတ်စလင်ဘာသာဝင်ဒေါ်အေးအေးအား မြေကွက်၏ လုပ်ပိုင်ခွင့်ဖြစ်သော G.P နှင့်တကွ ဦးသန်းရွှေအမည်ပေါက် ၁၀၅/၁၀၆ တို့အား ပေးအပ်ခဲ့ပြီး မြေကွက်ကို လက်ရောက်ပေးအပ် ခဲ့ပါသည်။ ၎င်းမြေကွက်ကို တပည့်တော်မနေခြည်လင်းက 2008-ခုနှစ်ထဲက ဝန်ခြံများ ကာရံကာ သော့ခတ်ထားခဲ့ပါသည်။
၎င်းနောက် တပည့်တော်မက 2010-ခုနှစ်ဝန်းကျင်ခန့်၌ ငွေလိုအပ်သဖြင့် အမိန့်ရအပေါင်လက်မှတ်မရှိသော ငွေတိုးဖြင့် အပေါင်ခံသူ ရွှေကူမြို့ အမှတ်(၁)ရပ်ကွက် ခုံစမ်းရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်အေး ဇနီး ဒေါ်တင်တင်ရွှေ(ခ) ဒေါ်နွဲ့နွဲ့ဝင်းတို့ထံတွင် ၁၀၀ ကျပ်လျှင် ၁၀%တိုးနှုန်းဖြင့် ယင်းမြေကွက်ကို ဦးသန်းရွှေအမည်ပေါက် ၁၀၅/၁၀၆ တခုတည်း (၁၀)သိန်းယူဖြင့် ချေးယူခဲ့ရာ အရင်းငွေ စုစုပေါင်း (၅၈၆ဝဝဝဝ)ခန့် ဖြစ်ပြီး အတိုးအရင်းပေါင်း သိန်း (၁၀၀)ကျပ်ကျော် ဖြစ်လာသဖြင့် တပည့်တော်မက ပထမသိန်း(၂၀)ကျပ် တစ်ကြိမ်၊ ဒုတိယ သိန်း(၂၀)ကျပ်၊ တတိယ သိန်း(၆၀)ကျပ်ဖြင့် စုစုပေါင်း ငွေသိန်း(၁၀၀)ကျပ် ပေးဆပ်ပြီးဖြစ်ပါသည်။ တတိယအကြိမ်ပေးဆပ်သော ငွေသိန်း(၆၀)ကျပ်မှာ ၎င်းမြေကွက် (၃)ခုစာ၏ (၁)ကွက်ကို သိန်း(၉၀)ကျပ်ဖြင့်ရောင်း၍ သိန်း(၆၀)ကျပ်ပေးဆပ်ခဲ့ခြင်း ဖြစ်ပါသည်။
တပည့်တော်မတို့ မြေကွက်(၃)ကွက်စလုံး ကို အရှုံးမခံနိုင်သဖြင့် မြေမှ (၁)ကွက်ကို ဖဲ့ရောင်းပြီး ချေးငွေကို ပေးဆပ်ခဲ့ခြင်းဖြစ်ပါသည်။ ချေးငွေဆပ်ပြီး အာမခံအပေါင်အဖြစ် ထားရှိသော ဦးသန်းရွှေအမည်ပေါက် ၁၀၅/၁၀၆ ကို ပြန်တောင်းယူရာ ဦးမြင့်အေးတို့လင်မယားက အတိုးများ ကျန်သေးသည်ဟု ပြောပြီး ပြန်မပေးခဲ့ပါ။ ၎င်းတို့က အတိုးပေါ် အတိုးဆင့်၍ တွက်ထားသဖြင့် တပည့်တော်မတို့နှင့် ပြေလည်မှုမရှိခဲ့ပေ။ နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မ.ယ.က ဥက္ကဋ္ဌတို့ရှေ့တွင် ဖြေရှင်းခဲ့ရာ ပြေလည်မှုမရရှိခဲ့ပေ။
တပည့်တော်မက မန္တလေးမြို့တွင် နေထိုင်သူ မွတ်စလင်ဘာသာဝင် ဒေါ်အေးအေးအား အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ပြုလုပ်ပေးရန် ခေါ်ဆိုရာတွင် မလာသဖြင့် ဒေါ်အေးအေးအား တရားမမှုကြီး အမှတ် (၄၃)ဖြင့် တရားစွဲဆိုခဲ့ပါသည်။ ယင်းသို့ တရားစွဲဆိုနေစဉ်အတွင်းမှာပင် ဦးမြင့်အေးတို့က မန္တလေးမြိုကသွားရောက်ပြီး ဒေါ်အေးအေးအား ငွေ (၁၅)သိန်းကျပ်ပေး၍ မြေကွက်၏ အထွေထွေ ကိုယ်စားလှယ်လွှဲစာကို ရယူခဲ့ပြီး ၃၀/၂၀၁၁ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ကို ပြုလုပ်ခဲ့ကြပါသည်။ စာချုပ်ထဲတွင်လည်း ဦးမြင့်အေးက ရောင်းပြီး ဦးမြင့်အေး+ဇနီးဒေါ်တင်တင်ရွှေတို့ လင်မယားနှစ်ယောက်ပဲ အရောင်းအဝယ် ပြုလုပ်ထားပါသည်။
တပည့်တော်မက မြေစာရင်းရုံးသို့ မှတ်ပုံတင်စာချုပ် မပြုလုပ်ပေးရန် ကန့်ကွက်စာအကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း ဦးမြင့်အေးတို့က ငွေပုံပေး၍ မြေစာရင်းဦးစီးအား ပြုလုပ်ခဲ့ကြပါသည်။ တပည့်တော်မတစ်ဦးထဲအပေါ်မှ မဟုတ်ပဲ ဦးမြင့်အေးတို့က မြေကွက်အပေါင်ခံကာ ငွေတိုးပေး၍ မြေကွက်များ သိန်းယူပြီး ချမ်းသာကြွယ်ဝနေကြပါသည်။ ၎င်းနောက် တပည့်တော်မက မြေကွက်၏ လက်ရှိဖြစ်သော ဒေါ်နေခြည်လင်း မသိဘဲ အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ပြုလုပ်သောကြောင့် ဦးမြင့်အေး+ဒေါ်တင်တင်ရွှေ၊ ဒေါ်အေးအေး (၃)ဦးစလုံးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀/၄၂၃ တို့ဖြင့် တရားစွဲဆိုခဲ့သည်။ တပည့်တော်မသည် ရွှေကူမြို့တွင် အနိုင်ဒီဂရီအမိန့်ကို (၂)ခုံစလုံးတွင် ရရှိခဲ့ပါသည်။ ၎င်းကို ဦးမြင့်အေးတို့ဘက်က မကျေနပ်သဖြင့် ဗန်းမော်ခရိုင်သို့ အယူခံတင်သွင်းရာ ပလပ်ခြင်းကို ခံခဲ့ရပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀/၄၂၃ ကိုလည်း စွဲချက်တင်စစ်ဆေးရန်အတွက် အမိန့်ချမှတ်ခဲ့ပါသည်။
ထိုအမိန့်ကို ဦးမြင့်အေးတို့က မကျေနပ်သဖြင့် ကချင်ပြည်နယ်တရားလွှတ်တော်သို့ အယူခံဆက်တက်ခဲ့ရာ တပည့်တော်မကပဲ အနိုင်ဒီဂရီရရှိရာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀/၄၂၃ ကိုလည်း စွဲချက်တင်စစ်ဆေးစေရန် အတွက် အောက်ရုံး ရွှေကူမြို့နယ်တရားရုံးသို့ ချပေးခဲ့ပါသည်။ ဒေါ်အေးအေးနှင့် အရောင်းအဝယ်မှတ်ပုံတင် တရားဝင်စာချုပ်ပြုလုပ်ရန် အနိုင်ဒီဂရီအမိန့်ကို ဦးမြင့်အေးတို့က မကျေနပ်သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် နေပြည်တော်သို့ ဆက်လက်အယူခံဝင်ခဲ့ရာ ပလပ်ခြင်းကို ခံခဲ့ရပြီး တပည့်တော်မကပဲ အနိုင်ဒီဂရီကို ရရှိခဲ့ပါသည်။ တပည့်တော်မက ပြည်ထောင်စုတရားလွှတ်တော်ချုပ် နေပြည်တော်မှ အနိုင်ဒီဂရီအမိန့်ကို ကိုင်ဆောင်ပြီး မြေကွက်ကို သွားရောက်ရှင်းလင်း ဒုတိယအကြိမ်ဝန်းရံခဲ့ရာ တပည့်တော်မကို ဦးမြင့်အေးတို့က အကျိုးကို ပျက်စီးစေလိုမှုဖြင့် ပြန်တရားစွဲဆိုထားပါသည်။ တပည့်တော်မတို့လင်မယားကိုလည်း အတိုးကျန်သေးသည်ဟုဆိုကာ ချေးငွေရလိုမှု သိန်း(၆၀)ကျပ် ဖြင့် တရားပြန်စွဲထားပြန်သည်။ တပည့်တော်မတို့သည် ဒီအိမ်ယာမြေကွက်အမှုကို ရင်ဆိုင်နေရသည်မှာ (၄)နှစ်နီးပါး ကြာမြင့်သဖြင့် ငွေအကြပ်အတည်းများဖြင့် အရမ်းဒုက္ခရောက်ခဲ့ပါသည်။ ကလေး(၃)ယောက်ရှိပြီး ကျောင်းသားများဖြစ်သဖြင့် အရမ်းကိုစိတ်ဆင်းရဲဒုက္ခရောက်ခဲ့ပါသည်။ တပည့်တော်မတို့မှာ မြေကွက်မှာ အိမ်ယာကွက်(၃)ကွက်စာရှိပြီး (၁)ကွက်ကို ရောင်း၍ ချေးငွေပေးဆပ်ခဲ့ခြင်းမှာ မြေကွက်ကို အသိမ်းမခံချင်၍ ဖြစ်သည်။ ကျန် မြေ(၂)ကွက်စာမှာလည်း တပည့်တော်မတို့ရဲ့ အသက်သွေးကြောပင်ဖြစ်ပါသည်။
တပည့်တော်မ၏ လက်ဝယ်တွင် သော့ခတ်ကာဝန်းရံထားပါသည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ အနိုင်ဒီဂရီအရ ဒေါ်အေးအေးနှင့် တရားဝင်အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ပြုလုပ်ရန် ဇာရီမှုဖွင့်ရာ ၎င်းအမှုကို ရွှေကူမြို့နယ် တရားသူကြီး ဦးမင်းအောင် တ/၂၄၂၃ က ရပ်ဆိုင်းထားပြီး၊ ဦးမြင့်အေး ဇနီးဒေါ်တင်တင်ရွှေနှင့် ဒေါ်အေးအေးတို့အား စွဲချက်တင်စစ်ဆေးခိုင်းထားသောအမှုကိုလည်း အပြစ်မရှိဟုဆိုကာ အမှုမှ အပြီးအပြတ်လွှတ်ပေး လိုက်ပြန်သည်။ နောက် ချေးငွေရင်း (၅၈၆ဝဝဝဝ)ကို အတိုး (၄၀)ကျပ်ဖြင့် ပေါင်း သိန်း (၁၀၀)ကျပ်ပေးဆပ်ပြီးသားကို ငွေတိုးကျန်သေးသမျှ ချေးငွေရလိုမှုဖြင့် သိန်း(၆၀)ကျပ်ဖြင့် တပည့်တော်မတို့လင်မယားအပေါ်တရားစွဲဆိုထားသည်ကိုလည်း ငွေကျပ် သိန်း(၆၀)ကျပ်ကို တပည့်တော်မတို့ လင်မယားက ဦးမြင့်အေးတို့အား ပေးစေဟု အမိန့်ချမှတ်ခဲ့ပြန်သည်။ ယခုကဲ့သို့ တရားမျှတမှုမရှိသော ရွှေကူမြို့နယ် တရားသူကြီး ဦးမင်းအောင် တ/၂၄၂၃ ရှိနေသ၍ တပည့်တော်မတို့ ဒီအမှုဝဋ်ဒုက္ခ၊ အတိုးပေး သံသရာဘဝမှ တပည့်တော်မတို့ မိသားစု လွတ်တော့မှာမဟုတ်ပါဘူး။ တပည့်တော်မတို့ ဦးမြင့်အေး+ ဒေါ်တင်တင်ရွှေ၊ မွတ်စလင်မဒေါ်အေးအေးတို့ လိမ်လည်အတုပြုလုပ်ထားတဲ့ ၃၀/၂၀၁၁ မှတ်ပုံတင်စာချုပ်ကို ဖျက်သိမ်းစေလိုမှု ဖြင့် တရားစွဲဆိုထားတာကိုလည်း ဖျက်ပေးမှာမဟုတ်ပါ။ တရားသူကြီး ဦးမင်းအောင် တ/၂၄၂၃ က အမှန်တကယ် အရောင်းအဝယ်စာချုပ်တဲ့၊ ယခုကဲ့သို့ တရားမျှတမှု မရှိတဲ့ တရားသူကြီး ဦးမင်းအောင် တ/၂၄၂၃၊ ငွေရှိရာ ဘက်လိုက်တဲ့ သူမျိုးရှိနေရင် တပည့်တော်မတို့လို ငွေမပေးနိုင်တဲ့သူတွေ၊ ငွေလိုအပ်လို့ ချေးယူပြီး အတိုးအရင်း ပေါင်းပြီး မှန်မှန်ကန်ကန် ပြန်ဆပ်ထားတဲ့သူတွေ အရမ်းထိခိုက်နစ်နာပါတယ်။
တပည့်တော်မတို့ဘဝက အခုမှ အရင်းရှင်မြေရှင်ပဒေသရာဇ်ချစ်တီးတွေရဲ့ လက်ထဲကို ရောက်နေရသလိုပဲဘုရား။ ငွေတိုးပေးမယ်၊ မပေးနိုင်ရင် မြေအိမ်ယာသိမ်းမယ်ဆိုတဲ့ ချစ်တီးတွေရဲ့ပုံစံအတိုင်း ပါပဲဘုရား။ တပည့်တော်မတို့က အတိုးအရင်းလဲ ပေးရသေးတယ်၊ မြေလဲအသိမ်းခံရမယ့်ကိန်း ဆိုက်နေပါတယ်ဘုရား။ တပည့်တော်မကချေးငွေအပြင် အတိုး(၄၀)အပါပေးဆပ်ပြီးသားကို (၃)ကွက်မှာ(၁)ကွက်ရောင်းပြီး ကျန်မြေ(၂)ကွက်ကို အသိမ်းခံရအုံးမယ်။ ဦးမြင့်အေးတို့ မတရားအတိုးပေါ်အတိုးဆင့်ပြီး တွက်ထားတဲ့အတိုးကျန်ငွေ(၆၀)သိန်းကျပ်အား ပေးစေဆိုတော့ တပည့်တော်မရဲ့ဘဝ တစ်မိသားစုလုံး ဘယ်လိုနာလန်ပြန်ထတော့မလဲဘုရား။ တပည့်တော်မတို့မှာ အမှုလိုက် စရာငွေတွေ လိုအပ်သဖြင့် ရှေ့နေခတွေ၊ ခရီးစရိတ်တွေ၊ ကျောင်းစရိတ်တွေအတွက် ခြံပြန်ရလို့ မြေကွက်ရောင်းပြီးရင် ဆပ်ပါ့မယ်ကတိတွေခံပြီး ငွေယူထားတာတွေရော၊ သား၊ သမီးတွေရဲ့ စားဝတ်နေရေးတွေအတွက်ရော လေးနှစ်နီးပါး အမှုလိုက်ရှင်းနေရတာ အရမ်းကိုစိတ်ဆင်းရဲ၊ လူဆင်းရဲ ဖြစ်နေရပါတယ်ဘုရား။
တရားသူကြီးဦးမင်းအောင် တ/၂၄၂၃ ရဲ့ တရားမျှတမှုမရှိတဲ့အမိန့်နဲ့ ငွေရှိပြီး အမှန်တရားကို အမှားဖြစ်အောင် လိုက်လုပ်ပြီး သူများမြေယာကို မတရားရယူချင်တဲ့ ဦးမြင့်အေး+ဇနီး ဒေါ်တင်တင်ရွှေ၊ ရောင်းပြီးငွေကြေယူထားပြီး နောက်ထပ်ပြန်ရောင်းထားသော မွတ်စလင်မ ဒေါ်အေးအေး တို့ရဲ့ ပူးပေါင်းလိမ်လည်နေကြတဲ့လုပ်ရပ်တွေကြောင့် တပည့်တော်မ လူ့လောကကြီးမှာတောင် မနေချင်လောက်အောင် ဖြစ်နေရပါတယ်ဘုရား။ ဒီအိမ်ယာမြေ(၂)ကွက်ဟာ တပည့်တော်မရဲ့ အသက်သွေးကြောပင်မပဲ ဖြစ်ပါတယ်။ အဆုံးအရှုံး မခံနိုင်ပါဘူးဘုရား။ သူတို့ကို တပည့်တော်မလုံးဝ မရောင်းထားပါဘူးဘုရား။ မြေ(၁)ကွက် သိန်း(၉၀)နဲ့ ရောင်းပြီး သိန်း(၆၀)ဆပ်ခဲ့တာ၊ ကျန်မြေ(၂)ကွက်ကို တစ်နေ့တည်းတစ်ရက်ထဲမှာ (၈၉၆ဝဝဝဝ)ကျပ်နဲ့ လုံးဝ မရောင်းထားပါဘူးဘုရား။
တပည့်တော်မကို ရောင်းထားတယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် သူ့ရဲ့ငွေပေးပြီး လိမ်ခိုင်းထားတဲ့သူတွေကြောင့် တပည့်တော်မမှာ မတရားခံနေရပါတယ်။ မွတ်စလင်မနဲ့ ဂုတ်သွေးစုတ်တဲ့ချစ်တီးလင်မယားတို့ ပူးပေါင်းလိမ်လည်မှုအောက်မှာ တပည့်တော်မတို့မိသားစုမှာ ဒုက္ခရောက်နေရပါတယ်။ ဦးမင်းအောင် တ/၂၄၂၃ ရဲ့ အမိန့်ဒီဂရီဟာလည်း တပည့်တော်မတို့ အပေါ် အမှုဆက်ရှည်အောင် လုပ်နေပြီး အများအမြင်မှာ တပည့်တော်မတို့က ချေးငွေလည်းမဆပ်ဘူး။ ရောင်းပြီးသားမြေကို လည်း မပေးဘူးလို့ ထင်နေကြတာဟာ တပည့်တော်မရဲ့ နာမည်ရော နောင်လာမယ့်သားသမီးရဲ့ ဘဝရှေ့ရေးတွေကိုပါ ဘဝပျက်စေပါတယ်ဘုရား။ ဦးမြင့်အေးနဲ့ဇနီးဒေါ်တင်တင်ရွှေ၊ မွတ်စလင်မဒေါ်အေးအေးတို့က အမှုအကြောင်းကို ဘယ်လို လိမ်ပြီး ညာခိုင်းရမယ်ဆိုတာကို လည်လည်ဝယ်ဝယ် သိနေပြီး အမှားကို အမှန်ဖြစ်အောင် ငွေပုံပေးပြီး လိုက်လုပ် နေကြပါတယ်ဘုရား။
သူတို့ရဲ့ ပူးပေါင်းလိမ်လည်မှုကို အမှန်တရားဖြစ်အောင် ဖော်ထုတ်ပေးပါ ဘုရား။ ဘုရားတပည့် တော်မကို သနားသောအားဖြင့် အမှုမှန်ပေါ်ပေါက်စေရန်အတွက် ကယ်တင်ပေးပါလို့ ရှိခိုးကန်တော့ပါတယ်ဘုရား။ ဖြစ်နိုင်ရင် တော့ အရှင်ဘုရားတို့လို အမှန်တရားကို ဖော်ထုတ်ပေးနိုင်မယ့်သူတွေ ကိုပဲလာရောက်ရှင်းပေးစေလိုပါတယ်။ ဘာလို့လဲဆိုတော့ ဦးမြင့်အေးတို့က လာသမျှလူကြီး ခရီးစဉ်တွေကို သူ့အိမ်ကကားနဲ့လိုက်ပို့ပေးပြီး ငွေနဲ့ပေါက်ပြီး ဖြေရှင်းနေလို့ပါပဲ။ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင်များနှင့်သူတို့ရဲ့ သက်သေတွေဟာလဲ တပည့်တော်မတို့တောင် မမြင်ဘူးဘူး။ ငွေပေးပြီးတော့ လိုက်လံလိမ်ခိုင်းနေလို့ပါဘုရား။ သူတို့က တရားရုံးက ကျမ်းကျိန်ခိုင်းလည်း မကြောက်ဘူး။ မြေကွက်ကို မဝယ်ဘဲနဲ့ ဝယ်တယ်လုပ်၊ မြေကွက်ကို သူတို့မကာဘဲနဲ့လည်း ကာတယ်လုပ်ပြီး ငွေရှိတော့ တရားမျှတမှုဆိုတာ မရှိ၊ အမှန်တရားဆိုတာ ပျောက်ပြီး အရာရာကို ငွေထုတ်လိုက်ပြီး လိုက်ပိတ်နေလို့ပါဘုရား။ တပည့်တော်မရဲ့စာမှာ အမှားပါရင် ခွင့်လွှတ်တော်မူပါ အရှင်ဘုရား။
မနေခြည်လင်း
09-256349774
၁/ရကန (နိုင်) - ၀၃၇၃၀၀
အမှတ်(၃) မင်းကုန်းရပ်ကွက်
ရွှေကူမြို့၊ ဗန်းမော်ခရိုင်၊ ကချင်ပြည်နယ်။