Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဘူးသီးတောင်မှာ ဖုန်းဗုံးဖောက်ခွဲမှုဖြစ်ပွား”

$
0
0


31.10.2014 ရက်နေ့ ည 9:15 နာရီခန့်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ သင်္ဘောဆိပ်အနီးက ရန်ကုန်လယ်ယားရုံးရှေ့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ဝုန်း ဝုန်း ဟု ပေါက်ကွဲသံနှစ်ဆင့်ကြားရလို့ လုံခြုံရေးတွေ ရောက်ရှိလာကြပြီး စစ်ဆေးကြည့်ရှုကြတဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံလုပ် အပေါစား နိုကီရာဟန်းဆက်တစ်လုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်တစ်ခု ကြိုးတန်းလန်းနှင့် တွေ့ရှိရပါတယ်လို့ ဆိုပါတယ်။
သံဘူးခွံတစ်ခု မီးလောင်နေတာတွေ့ရပြီး စက်ဘီးဘောသီးလေးများလည်း ပြန့်ကျဲနေကြောင်း တွေ့ရတာကလွဲ လို့ ပျက်စီးဆုံးရှုံးမှု ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ခုမျှ မရှိဘူးလို့လည်း သိရပါတယ်။
ဆိပ်ကမ်းအနီးမှာ ညအခါ လူသမရှိချိန်မှာ ပေါက်ကွဲတာဖြစ်လို့ ထိခိုက်ဒဏ်ရာရသူ မရှိခြင်းဖြစ်ပြီး ဟန်းဆက်ကိုအဝေးတစ်နေရာမှ ဖုန်းဆက်ဖောက်ခွဲတာဟာ ဂျီဟတ်ဝါဒီ ဘင်္ဂလီတွေရဲ့ နည်းဗျူဟာသစ်တစ် ခုလို့ပဲ မှတ်ထင်နေကြပါတယ်။
ဘူးသီးတောင်မြို့မှာ 11:00 မှာ 4:00 နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး၊ EPC က မီးမပေးနိုင်တာ သုံးလေးရက်ရှိပြီဖြစ်လို့ အထောက်အထား ဓာတ်ပုံများ ရိုက်ခွင့်မရခဲ့ကြောင်း ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦး က ပြောပါတယ်။

Viewing all articles
Browse latest Browse all 2129

Trending Articles