14.4.2014 မနက် ၁၁ နာရီ နဂါးကွက်သစ်ရပ် ချမ်းအေးသာစံမြို့နယ်၊ ဦးလှဋ္ဌေး+ဒေါ်ဥမ္မာချစ် မိသားစု နေအိမ်၌ ဟောကြားသည်။
10.4.2014 ၌ ကွယ်လွန်သွားသော သားဖြစ်သူ မောင်အောင်ခန့်ဘုန်း အသက်း(၁၈) နှစ်အား ရည်စူး၍ လှူဒါန်းသော ရက်လည်ဆွမ်း အလှူပွဲ၌ ဟောကြားသည်။
နုပျိုအဆင်း တင့်တယ်ခြင်းကား အိုခြင်းနောက်ဆုံးရှိချေ၏။
ရောဂါကင်းရှင်း ကျန်းမာခြင်းကား နာခြင်းနောက်ဆုံးရှိချေ၏။
ဇီဝိန်တင်းလင်း သက်ရှင်ခြင်းကား သေခြင်းနောက်ဆုံးရှိချေ၏။
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေ၏။