Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးသားရေး လူထုတောင်းဆိုပွဲ”

$
0
0


အမျိုးစောင့်ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ 30.10.2014 ရက် မွန်းလွဲ 1:00 မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။
၃၅×၈၅လမ်းထောင့်ရှိ ဦးလှသိန်းဗိမာန်မှ “အမျိုးစောင့်ဥပဒေ အောင်ရမည်” စတင်ကြွေးကြော်ကာ ၃၅ A လမ်းအတိုင်း အနောက်ဘက်သို့ ချီတက်ခဲ့ရာ လမ်း၉၀ရောက်သော်လည်း စုရပ်မှာ လူတန်းကြီးက မကုန်သေးပါ။
သံဃာတော်များက ရှေ့ဆုံးမှ စတင်ထွက်ခွါကာ ၄င်းနောက်ကြိုးဝိုင်းအတွင်း တူညီဝတ်စုံပြည်သူများ၊ အင်အားပြတူညီဝတ်စုံပြည်သူများ၊ သီလရှင်ဆရာလေးများ၊ သံဃာတော်များ၊ အရပ်ဝတ်ပြည်သူများ အစဉ်အတိုင်း ချီတက်ခဲ့ကြတာပါ။
ဆိုင်ကယ်တန်းကတော့ ရှေ့နောက် အစီးငါးဆယ်ကျော်လောက်နှင့် မော်တော်ယာဉ်တန်းက စီရေးငါးဆယ်ကျော်လိုက်ပါအားပေးကြတာ တွေ့ရပါတယ်။
မန္တလေး(၆)မြို့နယ်အပြင်၊ အမရပူရ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ စစ်ကိုင်း၊ ရွှေဘို၊ မြင်းမူ စတဲ့ နယ်မြို့ပရိသတ်များလည်း အင်နှင့်အားနှင့် ပါဝင်ချီတက်ခဲ့ကြပါတယ်။
သာသနာ့အလံတော်လေးများကို မဘသ တံဆိပ်တုံးရိုက်ကာ ဝေငှထားရာ အရေအတွက် ငါးသောင်းကုန်သွား သော်လည်း ပရိသတ်က တစ်ဝက်သာရှိပါသေးတယ်။
ကိုယ့်နည်းကိုယ့်ဟန် ယူဆောင်လာသူများနှင့် လမ်းဘေးဝဲယာမှ လိုက်ပါအားပေးသော ပရိသတ်များတစ် ဖြေးဖြေး များပြားလာလို့ အင်အားတစ်သိန်းကျော်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းရေး ဒို့အရေး
အမျိုးစောင့်ဥပဒေ အမြန်ဖော်ဆောင်ရေး ဒို့အရေး
အမျိုးစောင့်ဥပဒေ အမြန်ပေါ်ပေါက်ရေး ဒို့အရေး
အမျိုးစောင့်ဥပဒေ အောင်ရမည် အောင်ရမည်။
ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ကြတာက ပြည်သူလူထုအားမာန်တွေပဲ ဖြစ်ပါတယ်။ သီလရှင်ဆရာလေး များနှင့် သံဃာတော်များကတော့ ကြည်ညိုဖွယ်ဆောင် အောင်လံတော်ကိုင်ပြီး အင်အားပြရုံပဲ ဖြစ်ပါတယ်။ ဆိုင်းဘုတ်ကိုင်ဆောင်ခြင်း၊ လက်သီးလက်မောင်းတန်းခြင်းများ လုံးဝမပြုလုပ်ပါ။
ညနေ 3:00 ခန့်မှာ အိမ်တော်ရာဘုရားကိုရောက်ရှိကာ သမိုင်းဝင် ၁၄ ခန်းဇရပ်မှာ လက်ခုပ်သြဘာမုဒိတာပန်းတွေ ဘဝဂ်ညံလို့သွားပါတော့တယ်။
ဆရာတော် ဦးန္ဒာစက္ကာဘိဝံသ၊ ဆရာမဒေါ်ယဉ်ယဉ်နု အပါအဝင် အမျိုးသားရေးဝါဒီ ဒေါင်ဒေါင်မြည်များရဲ့ မိန့်ခွန်းတွေက လက်သံပြောင်လွန်းလှတာမို့ အမျိုးသားရေးအင်အားစုများရဲ့ ထုထည်ကြီးက ကမ္ဘာကြီးက မသိကျိုးကျွံပြုလို့ မရနိုင်တော့ပါဘူး။
ကန့်ကွက်သူများ ပါးစပ်ပေါက်တွေကို ပိတ်ဆို့ပေးမည့် လက်ခုပ်လက်အုပ်တွေပဲ ဖြစ်ပါတယ်။
ညနေ 4:00 သတင်းထုတ်ပြန်ပွဲ အပြီးမှာတော့ အားလုံးဟာ ဇိတံမေပါပဲဗျာ
“2015 ရဲ့ အဆုံးအဖြတ် အမျိုးသားရေးအင်အားစုမှာတည်” ဆိုတာ ဒီနေ့ပွဲရဲ့ တပ်လှန့်သံပဲ ဖြစ်ပါတယ်။
 


Viewing all articles
Browse latest Browse all 2129

Trending Articles