Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးစောင့်ဥပဒေ ကမ်ပိန်းအတွက် တတိယအကြိမ် စည်းဝေးပွဲ”

$
0
0


30.10.2014 နေ့မှာ ကျင်းပမည့် အမျိုးစောင့်ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေး ဆန္ဒဖော်ထုတ်ပွဲအတွက် မန်း မဘသ ရုံးစိုက်ရာ ကင်းဝန်မင်းကြီးတိုက် အကျော်ကျောင်းမှာ ဒီကနေ့ 25.10.2014 ညနေ 5:00 မှာ ထပ်မံစည်းဝေးခဲ့တာ ဖြစ်ပါတယ်။
ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ပရဟိတလူမှုအဖွဲ့အစည်းများ ကျယ်ပြန့်စွာ ပါဝင်နိုင်ရေးနှင့် လုပ်ငန်းအသေးစိတ်လုပ်ငန်းများကို ဆွေးနွေးခဲ့ပါတယ်။
အထက်မြန်မာပြည်ကမ်ပိန်းရဲ့ ထူးခြားတဲ့ အစီစဉ်ကတော့ တီရှပ်ဝတ်စုံတွေပါပဲ။ ရင်ဘတ်မှာ လိုဂို အမှတ်တံဆိပ်ပုံနှင့် နောက်ကျောမှာ “အမျိုးစောင့်ဥပဒေ အောင်ရမည်” စာသားပါ အင်္ကျီများကို ကြိုးဝိုင်းအတွင်းမှ ချီတက်သူများက ကိုယ်စီဝတ်ဆင်ကြမှာဖြစ်လို့ တီရှပ်ကမ်ပိန်းလို့ ဆိုနိုင်ပါတယ်။
မန်း မဘသ နှင့်အတူ ပါဝင်ဆင်နွှဲလိုသော အမျိုးသားရေးဝါဒီ မျိုးချစ်ဇာနည်များ ဝတ်ဆင်နိုင်ပါတယ်။ ပရိသတ်များကိုလည်း အမှတ် တရအဖြစ် ရောင်းချပေးမှာ ဖြစ်ပါတယ်။
တီရှပ်ကမ်ပိန်းအတွက် သစ္စဝေဒဂူဆရာတော် လှူဒါန်းသော သုံးသိန်းကျပ်အပါအဝင် သီလရှင်ဆရာလေးများ နှင့် အလှူရှင် အသီးသီးမှ (၁၁)သိန်းကျပ်ကျော် လှူဒါန်းထားပါတယ်။




Viewing all articles
Browse latest Browse all 2129

Trending Articles