23.10.2014 ညနေ 5:00 မန်း မဘသ ရုံးစိုက်ရာ၊ ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီးနှင့် အမရပူရ၊ ပုသိမ်ကြီးစတဲ့ မြို့နယ်များမှ သံဃာတော်များ သီလရှင်များ အမျိုးသား အမျိုးသမီးများ တက်ရောက်ကြပါတယ်။
30.10.2014 မှာ ကျင်းပမည့် ဆန္ဒဖော်ထုတ်ပွဲကြီးမှာ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ပြည်သူလူထုများဖြင့် စည်ကားအောင်မြင်ရေး၊ စည်းကမ်းစနစ်ကျနရေးတို့အတွက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
30.10.2014 မွန်းလွဲ 1:00 နာရီ ဘုရားကြီး စတင်ကာ ၈၁ လမ်းအတိုင်း မြောက်တည့်တည့် ၂၆ လမ်းသို့ ချီတက်ပြီး အနောက်ဘက်ချိုးကာ အိမ်တော်ရာဘုရားမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ ခွင့်ပြုချက် တောင်းခံထားပါတယ်။
အမျိုးသားရေးဝါဒီများ အင်အားပြဖို့ အချိန်တန်ပါပြီ။
တစ်မျိုးသားလုံး လုံခြုံရေးကို လိုလားသော ရဟန်းရှင်လူပြည်သူအပေါင်းကို ဖိတ်ခေါ်ပါသည်။
ကိုယ်ယုံကြည်ရာ ကိုးကွယ်စေ အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည် ခမ်းခြောက်စေ အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခ ကင်းကြစေ အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာ ခိုင်မြဲစေ အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှ ဝေးကြစေ အမျိုးစောင့်ဥပဒေ။
အချုပ်အခြာ အာဏာတည်မြဲစေ အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကို မထိခိုက်ပေ အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့် မဆန့်ကျင်ပေ အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့် ညီညွတ်ပေ အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကို ထောက်ပံ့ပေ အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကို ရှေးရှုပေ အမျိုးစောင့်ဥပဒေ။
မရှိမဖြစ် လိုအပ်ပေ အမျိုးစောင့်ဥပဒေ။
မဖြစ်မနေ ဖော်ဆောင်စေ အမျိုးစောင့်ဥပဒေ။