1983 ခုနှစ်က ပြုစုခဲ့သော လဝက ဝန်ထမ်းတစ်ဦး၏ အဖိုးတန်စာတမ်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာတွေကြံစည်နေတယ်၊ မြန်မာပြည်ကို ဘယ်လို စိမ့်ဝင်နေတယ်။ ကမ္ဘာကို ဘယ်လိုဗိုလ်ကျချင်တယ်။ ဘာကြောင့် ဒီလိုပြင်ဆင်ရတယ် စတာတွေ ပါဝင်ပါတယ်။
၃၉။ ရခိုင်ကျေးရွာများအတွင်း၌ ဆန်ရှားပါး၍ ထမင်းပြဿနာ တက်နေစေကာမူ အရက်သေစာများကို လှိုင်လှိုင် ပေါပေါချက်ကြ၊ သောက်ကြ၊ မူးကြ၊ ရူးကြလျှက်၊ သားသမီးပညာရေးအတွက် စာအုပ်တအုပ်မျှ ဝယ်ယူပေးရန် စိတ်လက်မပါသော်လည်း အရက်ဝိုင်း ဖဲဝိုင်း အန်စာဝိုင်း ကြွေပုဆစ်ဝိုင်းများတွင်ကား မင်းညီ မင်းသား စော်ဘွားများပမာ သုံးဖြုန်းလျှက် ရှိကြသည်။ အရက်ဝိုင်း လောင်းကစားဝိုင်းများ၏ သဘာဝအကျိုးဆက် အတိုင်း ခိုးမှု တိုက်မှု ဗိုက်ပွင့်အူထွက် လူသတ်မှုများ ပေါက်ဖွားလာပြီး ခိုးမှုအဆင့်တွင်ပင် ငြုခင်းအား ပိုက်ကွန်ဖြင့်ပစ်၍ ခိုးယူသည့် အဖြစ်မျိုးအထိ အမျိုးစုံလှပါသည်။ ဒုစရိုက်ကောင်များသည် အခွင့်အရေးရရှိသမျှ တရားဥပဒေအား တိမ်းရင်းရှောင်ရင်း ဆက်လက်၍ မိုက်လုံးကြီးစွာ ဆိုးခိုးတိုက်ခိုက်လျှက်ရှိကြရာ အဖြူရောင် နယ်မြေဖြစ်သော ရခိုင်နှင့် တိုင်းရင်းသားကျေးရွာများတွင် တည်ငြိမ်အေးချမ်းမှု မရှိဘဲ ရံဖန်ရံခါတွင်လည်း သူခိုး ဓားပြအဆင့်သာရှိသော နစ်ဖြူ နစ်နီဆိုသူသောင်းကျန်းသူလေးငါးဦးကြောင့် ခြောက်ခြောက်ခြားခြား ဖြစ်ကြရသည်မှာလည်း တမှောင့် ယင်းသို့သော အချိန်တွင် ကုလားတို့၏ ကျေးရွာများအတွင်းတွင်ကား အေးချမ်းတည်ငြိမ်စွာ အားမာန်အပြည့်ဖြင့် ကုန်းရုန်းကာ အိမ်လုံးကျွတ် ရွာလုံးကျွတ် စီးပွားရှာဖွေလုပ်ကိုင် လျှက်ရှိကြသည်။
၄၀။ ဤနည်းအားဖြင့် ရခိုင်နှင့် ချင်းစသော တိုင်းရင်းသားများသည် ကုလားနှင့်ယှဉ်ပါက အရာရာတွင် ကုလား၏ နောက်တွင်သာ ကျန်ရစ်ခဲ့ပါသည်။ ကုလားသည် ဗလီဆရာ မော်လဝီဆရာတဦးတည်း၏ ပြောဆိုညွှန်ကြားကွပ်ကဲမှုမှန်သမျှကို လေးလေးနက်နက် လေးစားနာယူသည်။ ညီညွတ်သည်။ တက်ကြွသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်၍ ရုန်းကန်ကြိုးစားသည်။ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရကောင်းမှန်း သိသည်။ ရည်ရွယ်ချက်ကိုယ်စီထားရှိကြပြီး ရည်ရွယ်ချက်အတိုင်း စွန့်စွန့်စားစား လုပ်ကိုင်ကြသည်။ ကုလားတို့တွင် ရှိကြသော အထက်ပါ အရည်အချင်းများသည် ရခိုင်ပြည်နယ်မှ တိုင်းရင်းသားတို့ထံတွင် လောလောဆယ်၌ မရှိကြပါ။ မရှိစေကာမူ ရှိလာရန် သတိပြု သင်ကြား လေ့ကျင့်ဖန်တီးပေးက ရှိလာကြမည်မှာ မလွဲပါ။ ထိုသို့ဆိုပါကလည်း လေ့ကျင့်သင်ကြားပေးနိုင်သူကို လူမှန် နေရာမှန် ရွေး၍ တာဝန်ပေးရမည်ဖြစ်ပါသည်။ လောင်းကစားသူ မူးရူးသူ မတက်မကြွ ထုံထိုင်းသူ ကိုယ်ကျိုးရှာသူ ကိုယ့်ခွန် ကိုယ့်အားမကိုး သူတို့အား အဆိုးဘက်မှ အကောင်းဘက်သို့ ရောက်ရှိရန် လေ့ကျင့်သင်ကြားပေးမည့်သူ အနေဖြင့် ရွေးချယ်တာဝန်ပေးခြင်း မပြုထိုက်ပါ။ ခေါင်းဆောင်မည့်သူများသည် စရိုက်ဆိုး အကျင့်ဆိုး စွဲမြဲနေသူ တို့နှင့် ဘာတခုမှ မတူစေရဘဲ ကောင်းမွန်းသော အရည်အချင်းများရှိ၍ စံပြဖြစ်ကြရပါမည်။
၄၁။ နိုင်ငံတော်အစိုးရသည် အလွန်ကောင်းမွန်သော တပါတီစနစ်ဖြင့် နိုင်ငံတော်အဖွဲ့အစည်းများကို နိုင်ငံတော် ကောင်စီမှသည် ရပ်ကွက်ကျေးရွာရှိ ကောင်စီအဆင့်ဆင့်အထိ စနစ်ကျနစွာ နိုင်ငံနှင့် လူမျိုး၏ ကောင်းကျိုးအတွက်ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်သည်။ ထိုအဖွဲ့အစည်းများအတွင်းရှိ တာဝန်အသီးသီးပေး အပ်ခြင်းခံကြရသော သက်ဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်အသီးသီးတို့သည် တာဝန်ကျေပွန်ကြရပါမည်။ ယင်းကဲ့သို့ တာဝန်ကျေပွန်ရန် ဦးစွာပထမ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းသူ(ဝါ)အကျင့်စာရိတ္တကောင်းသူ လူကောင်းဖြစ်ရန်လိုပါသည်။ လူကောင်းသည် လူတော်မဟုတ်စေကာမူ လူယုတ်မာမဟုတ်သဖြင့် နိုင်ငံနှင့် လူမျိုးအတွက် မိမိတွင်ရှိသမျှ ကိုယ်စွမ်း ဉာဏ်စွမ်းဖြင့် ကြိုးစားဆောင်ရွက်နေမည်သာဖြစ်သည်။ သို့ရာတွင် တော်သော်လည်း မကောင်းသူသည်လည်းကောင်း မတော်သည့်အပြင် မကောင်းသူသည်လည်းကောင်း နိုင်ငံနှင့် လူမျိုးအတွက် အန္တရာယ်ပေးကြမည့်သူများသာ ဖြစ်ပါသည်။
၄၂။ ဤလူကောင်း လူတော်အမျိုးအစားနှစ်ဦးနှင့် ပတ်သက်၍ လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးမှ ပြည့်ပြည့်စုံစုံ လမ်းညွှန်းရှင်းလင်းသတိပေးပြောာကားထားပြီးဖြစ်ပါသည်။ ယနေ့ နိုင်ငံတော်တဝှမ်းလုံးတွင် မကောင်းမှု ဒုစရိုက်များ ပေါက်ဖွားရာ ပင်ရင်းဌာနကြီးမှာ လောင်းကစားခြင်း အမျိုးမျိုးနှင့် မူးယစ်ဆေးဝါး သေရည် သေရက် သောက်စားခြင်းတို့မှ စတင်ပေါက်ဖွားခြင်းဖြစ်သည်။ လောင်းကစားမှုနှင့် သောက်စားမူးယစ်ခြင်းတွင် နစ်မွန်းနေကြသော ရခိုင်ပြည်နယ်မှ တိုင်းရင်းသား လူထုသည် ဒုက္ခပင်လယ်ကြောတွင် မျောပါလျှက် ကယ်ပါ ယူပါဟု ဒုက္ခကျရောက်လျှက် ရှိကြပါသည်။ သာဓကတခုကို ဖော်ပြရသော် မြို့နယ်ကောင်စီရုံးများသို့ ရပ်ကွက်ကျေးရွာများမှ ဇူလိုင် သြဂုတ် စက်တင်ဘာလများအတွင်း ဆန်တောင်းခံရန် နေ့စဉ် စုရုံး ရောက်ရှိ လာကြပါသည်။ အောက်တိုဘာလတွင် စပါးများ ကျကျနန အဝါရောင်သို့ မရောက်နိုင်သေးမီ စိမ်းဝါ အခြေအနေတွင် အလုအယက် ရိပ်သိမ်းကြပြီး နေ့စဉ် စားရေးအတွက် သောကမျော ဖြေရှင်းနေကြပါသည်။
၄၃။ နိုင်ငံတော်အစိုးရသည် ရည်ရွယ်ချက်ကောင်းမွန်စွာဖြင့် ဒေသခံတိုင်းရင်းသားတို့အား ဖြစ်နိုင်သမျှ ယင်းတို့၏ အရပ်ဒေသတွင်ပင် ရွေးချယ်ခန့်ထားတာဝန်ပေးအပ်ပါသည်။ သို့ရာတွင် လူသာပဓာနဆိုသည့် အတိုင်း ရခိုင်ပြည်နယ်အတွင်းမှ ရပ်ရွာ ငြိမ်ဝပ်ပိပြားရေးကို တာဝန်ယူကြရသော ပြည်သူ့ရဲတပ်ဖွဲ့ တဖွဲ့တည်းကိုပင်ကြည့်ပါက ဒုစရိုက်ကျူးလွန်လေ့ရှိကြသော သူတို့နည်းတူ အပြိုင်အဆိုင်သဖွယ် ကိုယ်ကျင့် တရားပျက်လျှက်ရှိကြသည်။ ကိုယ်ကျင့်တရားပျက်သူထံမှ မွန်မြတ်သော တာဝန်ကျေပြွန်မှုအား မရရှိနိုင်ပေ။ ဥပမာအားဖြင့် စစ်တွေ တောင်ကုတ် စစ်တွေမာန်အောင်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး သင်္ဘောကြီးများပေါ်တွင် အစောင့်လိုက်ရဲများပါရှိကြသော်လည်း ဖဲဝိုင်း အရက်ဝိုင်း မကောင်းသောအမျိုးသမီး များ စသောဒုစရိုက်အဖွဲ့အစည်းသည် အစုန်အဆန် ပုန်မှန်လိုက်ပါနေကြသဖြင့် ပစ္စည်းပျောက်သူများ ရန်ပွဲများဖြင့် သင်္ဘောပေါ်တွင် ရုတ်ရုတ်သဲသဲ အမြဲဖြစ်လျှက်ရှိပါသည်။ ဤကဲ့သို့ သင်္ဘောတစီးအတွင်း၌ပင် ပြည်သူ့ရဲ အနေဖြင့် ဒုစရိုက်မှုများကို မွေးမြူထားနိုင်ပါက မြို့နယ် ရပ်ကွက် ကျေးရွာများအတွင်း ပြည်သူ့ရဲတပ်ဖွဲ့ အချို့တို့သည် ဒုစရိုက်မှုများကို မည်မျှအထိ မွေးမြူ၍ ဆက်ကြေးကောက် ကိုယ်ကျိုးရှာလျှက် ရှိကြမည်ကို တွေးဆနိုင်ပါသည်။