အမျိုးစောင့်ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းပေးနိုင်ရေး ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရန်အတွက် မန်း မဘသ လုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲကို ယနေ့ (21.10.2014)ညနေ 5:00 နာရီမှာ ကျင်းပခဲ့ကြပါတယ်။
မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး၊ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်ကြီးတို့နှင့်အတူ ဦးဆောင်ဆရာတော်များ မဘသအဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။
30.10.2014 (တန်ဆောင်မုန်းလဆန်း၈ရက်နေ့)ကို အတည်ပြုနိုင်ခဲ့ကြပြီး၊ ကြွေးကြော်သံများကို မူကြမ်းတီရှပ် များအပါအဝင် လိုအပ်သော အချက်အလက်များကို မူကြမ်းရေးဆွဲနိုင်ခဲ့ပါတယ်။ လုပ်ငန်းအကောင် အထည်ဖော်ဖို့အတွက် အစည်းအဝေးဖိတ်ကြားဦးမှာ ဖြစ်ပါတယ်။
အချိန် နေရာ နှင့် လမ်းကြောင်းများကို ခွင့်ပြုချက်ကျသည့်အခါ ထပ်မံ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။
အမျိုးဘာသာ သာသနာချစ်မြတ်နိုးသူများ အင်အားပြဖို့ အချိန်တန်ပါပြီ။
အမျိုးစောင့်ဥပဒေ ကမ်ပိန်း(Campaign)ဒီလှိုင်းပမာ အရှိန်အဟုန်ဖြင့် ချီတက်လာပါပြီ။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒမှန်တွေ ဘဝဂ်လျှံအောင် ဖွင့်အံပါတော့မယ်။
စုံစမ်းရန်
မန်း မဘသ ရုံး=09. 259 846 969