Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လောကအလင်းရောင် စာကြည့်တိုက်အတွက် ကုသိုလ်ရှင်များ လိုအပ်နေ”

$
0
0


ရွာငံမြို့နယ်၊ ပါယ်ကင်းကျေးရွာ၊ အရှင်ဓမ္မောဒယ(သာသနာတက္ကသီလာဓမ္မာစရိယ) ဦးစီးထူထောင်နေတဲ့ စာကြည့်တိုက်လေးပါ။
စာကြည့်တိုက်များ ထွန်းကားစေလိုသော၊ စာပေဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ပေးလိုသော၊ ပညာပါရမီ ကုသိုလ်ပြုလိုသော ပါရမီရှင်များ ဆက်သွယ်နိုင်ပါတယ်။
မစိုးရိမ်တိုက်သစ် စာကြည့်တိုက်အနေဖြင့် စာအုပ်စာစောင်များ လှူဒါန်းပေးဖို့  စီစဉ်ထားပါတယ်။
အရှင်ဓမ္မောဒယ၏ အကူအညီတောင်းစာလေးကို ပူးတွဲတင်ပြလိုက်ပါတယ်။


သို့
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
မစိုးရိမ်တိုက်သစ်
မန္တလေးမြို့
ရက်စွဲ ၁၅.၁၀.၂၀၁၄
အကြောင်းအရာ။         ။ ကျေးရွာစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် အကူအညီပေးနိုင်ရန် တင်ပြခြင်း။
အထက်ပါအကြောင်းအရာနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ လင်းဝေးအုပ်စု၊ ပါယ်ကင်းကျေးရွာသည် မြို့နှင့်(၁၂)မိုင်ခန့်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ ဆင်းရဲခြင်း၊ အသိပညာခေါင်းပါးခြင်းတို့ကြောင့် အစစအရာရာ နောက်ကျလျှက်ရှိပါသည်ဘုရား။
တပည့်တော်(ဓမ္မောဒယ)မှ ဦးဆောင်ပြီး ပါယ်ကင်းဘုန်းတော်ကြီးကျောင်းအတွင်း “လောကအလင်းရောင် စာကြည့်တိုက်” ဟူသောအမည်ဖြင့် ဆောက်လုပ်လျှက်ရှိရာ ယခုအခါ (၇၀%)နှုံး ပြီးစီးနေပြီဖြစ်ပါသည်ဘုရား။ သို့ဖြစ်ပါ၍ ကျန်ရှိနေသေးသော ကိစ္စများနှင့် စာအုပ်များ တတ်နိုင်သမျှ ပါဝင်ကူညီဆောင်ရွက်ပေးပါရန် တပည့်တော်မှ ရိုသေစွာ လျှောက်ထားအပ်ပါသည်ဆရာတော်အရှင်သူမြတ်ဘုရား။
တပည့်တော် ဆောင်ရွက်လျက်ရှိသော မှတ်တမ်းဓာတ်ပုံနှင့်တကွ လျှောက်ထားတင်ပြအပ်ပါသည်ဘုရား။
လျှောက်ထားသူ
အရှင်ဓမ္မောဒယ
( သာသနတက္ကသီလဓမ္မာစရိယ)
ပါယ်ကင်းကျေးရွာ
ရွာငံမြို့နယ်
09.428360132


Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း