Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဘေးဘယာတွေနှင့်ပါလား အေးသာယာ”

$
0
0
15.10.2014 မနက် 8:00 အောင်ပန်းမြို့၊ မဟာဂန္ဓာရုံကျောင်းမှ ဦးန္ဒာစရိယနှင့်အတူ တောင်ကြီးမြို့၊ အေးသာယာမြို့သို့ ထွက်ခဲ့ပါတယ်။
လာကြိုသည့် ယာဉ်တန်းကြီးနှင့်ပင် တရားတစ်ပွဲ ကျင်းပလောက်ပါတယ်။
စိတ္တသုခပရဟိတကျောင်းသို့ ရောက်ရှိကာ မဘသ နောင်တော် ညီတော်များနှင့် အမျိုးဘာသာ သာသနာအရေး ဆွေးနွေးကြပါတယ်။
နေ့ဆွမ်းစားအပြီးမှာတော့ စိတ္တသုခကျောင်းရှိ မိမစုံ ဖမစုံနှင့် မိဘမဲ့ကလေးငယ်(၁၇၀)ကျော်ကို အားပေးစကား ပြောရင်း စိတ်ဓာတ် ခွန်အားမြှင့်တင်ရေး တရားဟောပါတယ်။ ကိုရင်သောပါကရဟန္တာ ဖထွေးနှိပ်စက်တာခံခဲ့ ရကြောင်း ဇဋိလသူဌေးကြီး မိဘမဲ့ကလေးငယ်ဖြစ်ခဲ့ရကြောင်း ဟောကြားပြီး ကြက်သားဟင်းနှင့် နေ့လည်စာ ထ္မင်းတစ်နပ်စာအတွက် ၁၅၀၀၀၀(တစ်သိန်းခွဲ) လှူဒါန်းခဲ့ပါတယ်။
15.10.2014 မွန်းလွဲ 1:00 အေးသာယာမြို့နယ် ဓမ္မာရုံမှာ တရားဟောပါတယ်။ ဒို့တာဝန် အရေးသုံးပါးနှင့် ၉၆၉ တရား ဟောကြားခဲ့ပါတယ်။
တရားဟောပြီးတာနဲ့ ရွှေတောင်တန်းဘကပရဟိတကျောင်းသို့ ခရီးဆက်ပါတယ်။
ရွှေတောင်တန်း ဘကကျောင်းဟာ အေးသာယာမြို့မှာပဲ တည်ရှိပြီး ကျောင်းသူ/သား ၉၀၀ ကျော်ရှိပါတယ်။
အဲဒီထဲမှာ ၃၀၀ ကျော်က ကျောင်းအိပ်ကျောင်းစား ကလေးတွေပဲ ဖြစ်ပါတယ်။
“ချစ်စရာလေးတွေဖြစ်အောင်ကွယ် မေတ္တာတေးတွေဆိုကြမယ်” သံပေါက်ကဗျာလေးတွေ မြိုင်ဆိုင်ခဲ့တဲ့ ကလေးတရားပွဲလေးပါ။
ကလေးတရားပွဲအပြီးမှာတော့ ဗုံးသတင်းကဝင်လာပါတယ်။ အေးသာယာ အမှတ်(၁၂)ရပ်ကွက်၊ မြို့မဈေး တို့ဟူးနွေးဆိုင်မှာ တွေ့ရှိခဲ့ရတဲ့ ဗုံးသတင်းပါ။
ဆိုင်ရှင်ကို အထုပ်ကလေးတစ်ခုလာအပ်သွားတာ ကြာလို့ မသင်္ကာတာနဲ့ ထွေအုပ်ကို သတင်းပို့ခဲ့ကြောင်း၊ ထွေအုပ်က စစ်တပ်ကို သတင်းပို့လို့ လာရောက်စစ်ဆေးတဲ့အခါ အမေရိကန်လုပ်ဗုံးတစ်လုံး ဖြစ်နေကြောင်း သိလိုက်ရတာပါပဲ။
ဓာတ်ပုံတွေလည်း ကြည့်ရပါတယ်။ ဗုံးနှင့်တူတာတော့ အမှန်ပါပဲ။ ကောလာဟလကြီးသွားမှာစိုးလို့ သတင်းကို ထိန်းချုပ်နေကြပါတယ်။ သေချာရင် အကြောင်းပြန်ပေးပါမယ်ဆိုလို့ ရင်တထိတ်ထိတ်နဲ့ စောင့်နေကြပါတယ်။
ဘေးဘယာတွေနဲ့ အေးသာယာရယ်။








Viewing all articles
Browse latest Browse all 2129

Trending Articles