Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အဖြူထည်တွေလန်းဆန်းစေဖို့ အဖြူနဲ့အစိမ်းယဉ်ကျေးမှုကို ထိမ်းပေးပါ”

$
0
0
4.10.2014 နေ့က အရှင်ဝီရသူ(မစိုးရိမ်)ရဲ့ တပည့် ကိုဝင်းခန့်က ဆရာတော်ရဲ့ Wab နဲ့ အပလီကေးရှင်းတွေသိ အောင် Add လုပ်ပေးပါတယ်။ ယခင်က သူများတွေက တဆင့်သာသိခွင့်ရခဲ့တဲ့ ဦးဝီရသူရဲ့ အမျိုးသားရေး လုပ်ငန်းစဉ်တွေကို အချိန်နဲ့တပြေးညီသိအောင် လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပြဿနာဖြစ်ရင် FB စာမျက်နှာ Online မီဒီယာတွေက ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ(၂)ဖက်ရဲ့ ပြဿနာကို ကြီးထွားအောင် လုပ်တဲ့သူတွေရဲ့ရန်က ကင်းအောင်အုပ်ချုပ်တဲ့အစိုးရသိပြီး ချက်ချင်းအရေးယူအောင် ပြဿနာအေးချမ်း အောင် အသိပေးဖို့ ဦးဝီရသူ(မစိုးရိမ်)က ဗုဒ္ဓဘာသာတွေ နစ်နာတဲ့ပြဿနာတွေကို တင်ပြနေတာကို သိစေချင်လို့ဆိုပြီးတော့ ကိုဝင်းခန့်က ပြောပါတယ်။ 5.6.2014 နေ့ မကွေးပရိယတ္တိစာသင်တိုက်မှာ စတင်ဖွဲ့ စည်းခဲ့တဲ့ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်ကို ဒိုင်းမွန်းရွှေကြည် တာဝန်ခံပြီး ဗုဒ္ဓဘာသာ သင်္ဘောသားသူငယ်ချင်း ကိုသန့်က အတွင်းရေးမှူးလုပ်တယ်၊ ပီနန်ဆရာတော်ကြီးရဲ့ တပည့်အရှင်စန္ဒာသီရိ ရဲ့ သြဝါဒခံပြီး မွတ်စလင်မိတ်ဆွေတွေ စုပေါင်းပြီး ၉၆၉ မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူ၊ ဦးပါမောက္ခ (မကွေး)၊ ဦးကေသရ(ကေသရာရာမ) ဆရာတော်တွေနဲ့ အကြိမ်ပေါင်းများစွာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်ဖက်မှာ ပါဝင်ဆွေးနွေးခဲ့တဲ့ မွတ်စလင်မိတ်ဆွေတွေ စီးပွားရေးအရ ငွေကုန်ပြီး တွက်ခြေမကိုက်တဲ့အလုပ်ဆိုပြီး ဒိုင်းမွန်းရွှေကြည်ကို စွန့်သွားခဲ့ပါတယ်။ တချို့ မွတ်စလင်တွေက ပြစ်မှုကျူးလွန်တာကို ဘက်မလိုက်ဘဲ တရားတဲ့ဖက်ဖြစ်တဲ့ ဗုဒ္ဓဘာသာဖက်ကတရားမျှတစွာ ရပ်တည်ပေးလို့ အဆဲခံအမုန်းခံ အကြိမ်းခံရတဲ့ဒဏ်တွေကို မခံနိုင်လို့ စွန့်သွားတဲ့သူတွေလည်းရှိပါတယ်။ ဒလကကျော့ကေခိုင်ကိစ္စမပြီးခင် ယင်းတော်က နွား(၉)ကောင်ကိစ္စရှင်း ရတယ်။ ယင်းတော်က ကိုဝင်းမြိုင် ဗုဒ္ဓဘာသာကို အစ္စလာမ်ဘာသာကိုသန်းလှိုင်က (၆၄)သိန်းတန်ဘိုးရှိ နွား(၉)ကောင် လိမ်သွားတာကို အရှင်ဝီရသူ ရွှေးလမ်းစဉ် ဆရာတော် ဒိုင်းမွန်းရွှေကြည်တို့ ရှင်းပေးခဲ့တယ်။ ငြိမ်းချမ်းစွာနဲ့ ပြေလည်ခဲ့တယ်။ ဒေါ်ခင်မိုးလှိုင်ကို အစ္စလာမ်ဘာသာဝင် ကိုအောင်သန်းဝင်း လက်ထပ်ပြီး မဟာရွှေမပေးခဲ့ဘူး အကြွေးကျန်နေသေးတယ် ဒါပေမယ့် ကိုအောင်သန်းဝင်းကတော့ အလ္လာဟ် အမိန့်ခံသွား ပြီ မဟာရွှေ အကြွေးကို ကျန်ရစ်သူတွေမပေးသလို ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဒေါ်ခင်မိုးလှိုင် အခုမုဆိုးမဖြစ်ပြီး အခြေမဲ့ အနေမဲ့ဖြင့် နေရရှာတယ်။ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်နဲ့ အရှင်ဝီရသူ(မစိုးရိမ်)၊ ဦးပါမောက္ခ(မကွေး)တို့တိုင်ပင်ပြီး တာမွေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေပြီး တောင်းပေးတာ မဟာရွှေ(၁) ကျပ်သားဘိုးရပြီး ကျန်(၂)ကျပ်သားနှင့် ရသင့်ရထိုက်တာတွေ မရသေးဘူး၊ လာပြန်ပြီး ကျော်ကျော်နိုင်ဆိုတဲ့ မွတ်စလင်က အောင်ချမ်းမြေ့ဆေးဝါးသူနာပြုသင်တန်းကျောင်းဖွင့် လူတရားကျော်ကို ဂျပန်မှာ အလုပ်ရမယ် ဆိုပြီး လိမ်ပြေးသွားလို့ ရိုးသားတဲ့တောသူတောင်သား လယ်သမားမိသားစုတွေ ဒုက္ခရောက်နေရပါတယ်။ ငွေကြေးနည်းနည်းပါးပါးဆို ကွန်ယက်ကိုအလှူလာခံရင် ကူညီနိုင်ပေမယ့်၊ အခုက သိန်းထောင်ချီ လိမ်သွားတဲ့ ရာဇဝတ်မှုကြီးဖြစ်နေတာ ကွန်ယက်ကမိတ်ဆွေတွေထံ အလှူခံတော့ အလှူမရဘဲ အဆဲခံလိုက်ရပါတယ်။ ဒါကြောင့် ဒီရာဇဝတ်ကောင် လူလိမ်ကို ဝိုင်းရှာဖို့ အာဏာပိုင်တွေကို ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ဓာတ်ပုံလည်း တင်ပေးလိုက်ပါတယ်။ တစ်ချို့ကစင်္ကာပူမှာ မလေးရှားမှာပြောကြသလို တစ်ချို့က ရန်ကုန်မြို့တွင်းမှာ မွတ်စလင်အမျိုးသမီးတွေ အရှက်လုံခြုံအောင်ခြုံတဲ့ ဘူရ်ခါ ဝတ်ရုံကိုခြုံပြီး သွားလာနေတယ် လို့ ဖုန်းဆက်ပါတယ်။ အစ္စလာမ်ဘာသာဝင်တို့ကို အထင်သေးအောင် အရှက်ရအောင်လုပ်တဲ့ ဒီငခုန်းမ အပုပ်ကောင်ကို ဖော်ထုတ်ပေးကြပါ။ အစ္စလာမ်ဘာသာရေးအရ မျက်နှာပါပိတ်သွားနေကြတဲ့သူတွေပါ ဒီလိုလူမျိုးတွေကြောင့် ဂုဏ်သိက္ခာကျစေပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန် ကွန်ယက်က ဒီလိုမျက်နှာမဖုံးဖို့အတွက် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကို မသွဟ် ဝိနည်းလွတ် ရမရကိစ္စကို အစ္စလာမ်ဘာသာရေးဓမ္မာသတ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။ တဆက်ထဲမှာဘဲ ကျောင်းတွေမှာ သတ်မှတ်ထားတဲ့ အဖြူအစိမ်းဝတ်စုံအပြင် တခြား ခြုံထည် မခြုံဖို့တားရမရလည်း သိချင်ပါတယ်။ ကျောင်းဆိုတာ အနာဂတ်တိုင်းပြည်ကို ဦးဆောင်ကြမယ့် ရင်သွေးရတနာတွေစုစည်းရာ အရပ်ပါ။ ကျောင်းချိန်အတွင်းမှာ ကျောင်းဝတ်စုံ အဖြူအစိမ်းကလွဲပြီး တခြား ခွဲခြား ကွဲပြားတဲ့ဝတ်စားဆင်ယဉ်မှု မရှိစေချင်ဘူးဆိုတာ လေ့လာသုတေသနပြုခဲ့တဲ့ စစ်တမ်းတွေအရသိခဲ့ရပါတယ်။ နုပျိုလန်းဆန်းတက်ကြွနေတဲ့ အဖြူထည်တွေဟာ တပြေးညီဖြစ်သင့်ပါတယ်။ တချို့တလေက လူအခွင့်အရေးတို့၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တွေနဲ့ စောဒကတက်ပါတယ်။ ဒီမိုကရေစီမရင့်ကျက်သေးတဲ့ အမိပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ပစ္စုပ္ပန်မြေပြင်အနေအထားကို မလေ့လာမသုံးသပ်ဘဲပြောကြပါတယ်။ နိုင်ငံသားတိုင်းရသင့်တဲ့ တန်းတူရည်တူအခွင့်အရေးကိုတော့ ကမ္ဘာသိအောင် အော်ဟစ်တောင်းနေကြပါတယ်။ ဒါပေမယ့် နိုင်ငံသားတိုင်း စောင့်ထိန်းရမယ့် မူလယဉ်ကျေးမှု ဓလေ့စရိုက်လက္ခဏာတွေနဲ့ လိုက်လျှောညီထွေစွာနေထိုင် တတ်ဖို့လည်း လိုတယ်ဆိုတာနားလည်မှ မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ်အလတ်မျှတတဲ့လမ်းစဉ်ကို အနာဂတ်မှာ အတူလျှောက်နိုင်ကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကွန်ယက်မိတ်ဆွေအချို့နဲ့တိုင်ပင်ပြီး အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေထံ ဖသွဝါ တောင်းဖို့ပါ ဝင်ဆွေးနွေးစေချင်ပါတယ်။ ဆွေးနွေးပွဲကျင်းပမယ့် ကာလကို ထပ်မံတင်ပြပေးပါမယ်။ ယခင်တုံးကထက်ပိုပြီး ရင်းနှီးကျွမ်းဝင်စွာနဲ့ ကျောင်းသူကျောင်းသားတွေ တပြေးညီ ကျောင်းချိန်မှာ ဝတ်ဆင်နေသူတွေဟာ အများစုဖြစ်ပါတယ်။ အချို့သောသူများလုပ်ရပ် အချို့ဟာ မလိုအပ်ဘဲ နားလည်မှုလွဲစေတဲ့ ယဉ်ကျေးမှုကို ရှောင်သင့်တဲ့အချိန်ကို နားလည်သဘောပေါက်သင့်ပါတယ်။ နားလည်မှုတွေလွဲလာရင် ယုံကြည်စိတ်ချစွာအတူယှဉ်တွဲနေထိုင်ဖို့အတွက် သံသယဖြစ်စေပါတယ်။ အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းစေဖို့ အနာဂတ်မျိုးဆက်သစ်တွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်ဖို့ အတွက် အဖြူထည်တွေအတွက် စဉ်းစားပေးကြပါ။
ဒိုင်းမွန်းရွှေကြည်

ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်






Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...