Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်ပွဲကျင်းပ”

$
0
0
ရေတာရှည်၊ အောက်တိုဘာ ၈
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အထိမ်းအမှတ်ပွဲကို ရေတာရှည်မ.ဘ.သဆရာတော်များဦးစီး၍ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မဟာဝိဇယာရာမ(မြို့လယ်)ကျောင်းတိုက် (၈.၁၀.၂၀၁၄) သီတင်းကျွတ်လပြည့်နေ့၊ ညနေ (၄း၀၀)နာရီမှ (၆း၀၀)နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရေတာရှည် မ.ဘ.သ ဆရာတော်များ တပည့်ဒကာ ဒကာမများနှင့် ရဟန်းရှင်လူ ပရိသတ် (၈၀၀)ကျော်ခန့် တက်ရောက်ကြပါသည်။ ရေတာရှည် မ.ဘ.သ တွဲဖက်အတွင်းရေးမှူး(၁) ရွှေကျင်ကျောင်းဆရာတော်မှ အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာများ မိန့်ကြားပြီး မ.ဘ.သ ဒုဥက္ကဋ္ဌ မင်္ဂလာသိရီကျောင်းဆရာတော်မှ သြဝါဒကထာများ ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် မ.ဘ.သ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးဝရသာမိ (မြို့လယ်ကျောင်း)မှ မီးထွန်းညှိ လှည့်လည်ပူဇော်ပွဲ အစီအစဉ်များကို ရှင်းလင်းမိန့်ကြားကာ ဓမ္မစကူးလ် ဆရာ/မများ ကျောင်းသား/သူများနှင့် တက်ရောက်လာသူ ပရိသတ်များ မီးထွန်း လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဓမ္မစကူးလ်မှ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ရှင်သာမဏေများသည် လပြည့်နေ့ နံနက် (၄း၀၀)နာရီတွင် မဟာဝိဇယာရာမ(မြို့လယ်)ကျောင်း၊ ကံမြင့်ကျောင်းနှင့် ညပိုင်တွင် မင်္ဂလာသိရီကျောင်းတိုက်တို့ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်ကို နိုင်ငံတကာအသံထွက်ဖြင့် အသီးသီးရွတ်ဆိုပူဇော်ခဲ့ကြသေးကြောင်းလည်း သိရပါသည်။ 


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...