Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စိန်ဗေဒါ လိမ်နေတာကိုတော့ ငြိမ်နေမှာ မဟုတ်ဘူးနော”

$
0
0
ခေါင်းစဉ်က ကမ္ဘာကြီးကို အစွန်းရောက်အယူအဆ လွှမ်းမိုးသောအခါတဲ့။ ဓာတ်ပုံက ဝီရသူနှင့် ဗောဓုဗလတို့ နှုတ်ဆက်နေတဲ့ပုံ။ ရေးထားတာတွေက မမျှတ။ ကိုးကားထားတာတွေက မုသာဝါဒ။ သူတို့အဖွေတွေကို ပြောဖို့ကျ ချန်လှပ်ခဲ့ကြ။
Venus ဆိုတဲ့ ဂျာနယ်လ်ကလည်း အသုံးမကျ။
စိန်ဗေဒါဆိုတဲ့ ကလောင်ကလည်း ဘရုတ်သုက္ခ။
ဗောဓုဗလနှင့် ဝီရသူကို မွတ်တွေက စွပ်စွဲထားတာတွေကို သတင်းလုပ်ရေးသူကရေး၊ ကိုးကားသူက ကိုးကားနှင့် ကမ္ဘာကြီးကို မျက်စိကွယ်အောင် လုပ်နေတာ သနားစရာ။
ကမ္ဘာလုံးချီ မုသာဝါဒကို မြန်မာဂျာနယ်လ်စ်တ်တွေက အဟုတ်အမှန်ထင်ပြီး စော်ကားနေကြတာတွေဟာ ခေါင်းထဲ ဦးနောက်မရှိသူတွေမှန်း သိသာပါတယ်။
“၉၆၉ အဖွဲ့ဟာ ၂၀၁၂ ရခိုင်အဓိကရုဏ်း၊ မိတ္ထီလာအဓိကရုဏ်းအပါအဝင် အဓိကရုဏ်းများစွာနဲ့ ဆက်စပ်မှု ရှိတယ်” ဟုတ်လား?
ရခိုင်အဓိကရုဏ်းဖြစ်ပြီးမှ ၉၆၉ အဖွဲ့ တည်ထောင်တာပါဗျာ။ လေ့လာပါဦးနော်။ စာရေးဆရာလုပ်ပြီး ဘာမှ မသိတာတော့ မကောင်းပါဘူး။
မိတ္ထီလာကို ၉၆၉ စတေကာတွေလည်း မရောက်သေးဘူး။ ၉၆၉ ဆရာတော်တွေလည်း မကြွဖူးဘူး။ ဘယ်လိုများ ဆက်စပ်မှုရှိပါလိမ့်။
အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ တရားက မူဆလင်အန္တရာယ် ကာကွယ်ရေး သတိပေးတရားမှန်းလည်း မသိ။ နားရော နားထောင်ဖူးရဲ့လားလည်းမသိ။
BBS နှင့် ၉၆၉ ပူးပေါင်းတာကိုပဲ နာဇီနှင့် ဖက်ဆစ်ပူးပေါင်းသလို ပုံဖော်ပြီး ရေးနေသေးတယ်။
RSO အယ်လ်ကေဒါး၊ IS အဖွဲ့တွေရဲ့ အန္တရာယ်ကျထည့်မပြောဘူး။ တော်တော်တရားတဲ့ စာရေးဆရာပဲ။
ဗုဒ္ဓဘာသာဝင်များအပိုင်းနှင့် မွတ်စလင်များအပိုင်းဆိုပြီး ဆရာကြီးစတိုင်လ် လုပ်လာသေးတယ်။
ယဉ်ကျေးမှုသင်တန်းတို့ ဓမ္မစကူးလ်တို့ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ဆောင်နေကြတာ၊ ဘကကျောင်းတွေ တည်ထောင်နေကြတာလည်း မြင်ပုံမရဘူး။
ယဉ်ကျေးမှုသင်တန်းဆင်းတွေ ကုလားနဲ့ညားတဲ့အခါ လူမသိ သူမသိ ကုလားအယူကူးပြောင်းခဲ့ရတာတွေ လည်း ထည့်ပြောမသွားဘူး။
ကိုယ့်ဘာသာတရားကို ကာကွယ်မှန်းလည်းမသိဘဲ သူများဘာသာကို အပြစ်ဖို့တယ်လို့ စွပ်စွဲသွားသေးတယ်။
ဦးဝီရသူတို့ ၉၆၉ တို့ BBS တို့ကျ နာမည်တပ်ပြီး တိုက်ခိုက်စော်ကားရဲပေမယ့် သူ့အဖေကျတော့ တစ်လုံးမှ တောင် ဟ မသွားဘူး။
မွတ်စလင်များရဲ့ အပိုင်းလည်း ပြောသေးရဲ့ မြန်မာပြည်က မွတ်စလင်အကြောင်း လုံးဝ မပါခဲ့ဘူး။
လီကွယ်ယု စင်္ကာပူ ကြီးလေးကြီး ဒါတွေပဲ ပြောသွားတယ်။ ဝေဖန်မယ်ဆိုရင်လည်း မျှမျှတတလေးလုပ်ပါဗျာ။
ရေးမယ်ဆိုရင်လည်း သတ္တိရှိရှိရေးပါဗျာ။
ဗုဒ္ဓဘာသာကိုကျ ဝေဖန်ထောက်ပြရုံတင်မကဘဲ စွပ်စွဲပုတ်ခတ်ရဲပြီး ခင်ဗျားတို့အဖေတွေကျ တစ်လုံးစ နှစလုံး စလေးတောင် မပြောရဲတဲ့သူက စိန်ဗေဒါ အမည်ခံတာ။ ရွာသား စိန်ဗေဒါ(မြန်မာ့စိန်ဗေဒါ)ကိုတော့ အားနာဖို့ ကောင်းတယ်ဗျာ။
စိန်ဗေဒါ လိမ်နေတာကိုတော့ ငြိမ်နေမှာ မဟုတ်ဘူးဆိုတာ မှတ်ထားပါ။
နောက်ဆုံးပြောလိုက်မယ် ကျော်ဟိန်းပြောသလို……..ဒါပဲ။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^





“ကမ္ဘာကြီးကို အစွန်းရောက်အယူအဆ လွှမ်းမိုးသောအခါ”
အမေရိကန်သမ္မတဘားရက်အိုဘားမားက မိမိအစိုးရဟာ အီရတ်နှင့်ဆီးရီးယားမှာ ထကြွသောင်းကျန်းနေတဲ့ အစ္စလာမ်မစ်နိုင်ငံတော်(အိုင်အက်စ်)စစ်သွေးကြွများရဲ့ အန္တရာယ်ကို လျော့တွက်ခဲ့တယ်ဆိုပြီး မကြာမီက ဝန်ခံပါတယ်။ (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သမ္မတအိုဘားမားက အိုင်အက်စ် စစ်သွေးကြွများရဲ့ အန္တရာယ်ကို ချေမှုန်းနိမ်နင်းရာမှာ လက်တွဲပါဝင်ကြဖို့ ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းပါတယ်။ အခုဆိုရင် အမေရိကန်ဦးဆောင်တဲ့ အိုင်အက်စ်အဖွဲ့ ချေမှုန်းတဲ့ စစ်ဆင်းရေးမှာ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနိုင်ငံများနှင့်အတူ ဆော်ဒီအာရေးဘီယားစတဲ့ ပင်လယ်ကွေ့အာရပ်မွတ်ဆလင်နိုင်ငံများ ပါ ပူးပေါင်းပါဝင်လာပြီဖြစ်ပါတယ်။
၂၁ ရာစုကမ္ဘာကြီးဟာ ရှေ့သို့မရပ်မနား ခရီးဆက်နေပါတယ်။ ဒီကမ္ဘာအရပ်ရပ်မှာ အာဏာရှင်အစိုးရများ ဆုတ်ယုတ်ပြိုကွဲနေပြီး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလတရားသုံးပါး ထွန်းကားရေးကြိုးပမ်းနေကြပါတယ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ရှေ့တန်းရောက်လာပါတယ်။ အဲ့ဒီ အခြေအနေမှာ အိုင်အက်စ်စစ်သွေးကြွများက အီရတ်နှင့် ဆီး၇ီးယားမြောက်ပိုင်းမှာ ၁၅ ရာစုအလယ်ခေတ်မှာ ကျင့်သုံးခဲ့တဲ့ ကာလီဖတ်(Caliphate)နိုင်ငံတော် တည်ထောင်ပါတယ်။ သူတို့အယူအဆအရ ဆွန်နီအစ္စလာမ် ဘာသာဝင်များကလွဲပြီး ကျန်တဲ့လူအားလုံး မိစ္ဆာဒိဋ္ဌိပဲ။ အခြားဘာသာဝင်တွေ သူတို့ဘာသာထဲဝင်မလား၊ မဝင်ရင် ခေါင်းဖြတ်သတ်ပါတယ်။ ဒီလိုနဲ့ အိုင်အက်စစ်စစ်သွေးကြွများရဲ့ ရပ်တည်မှု သဘောထားဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်အန္တရာယ်ပြုလာပါတယ်။
အိုက်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက်ဝါဒမဟာဗျူဟာဆိုတာ ဂျီဟတ်ဝါဒီတစ်ဦးဖြစ်တဲ့ အဘူဘေကာနာဂျီရဲ့ ရက်စက်မှုကိုစီမံခန့်ခွဲခြင်း(The Management of Savagery) စာအုပ်အပေါ် အခြေခံထားတယ်ဆိုလို့ ဆိုပါတယ်။ အဘူဘေကာနာဂျီရဲ့ အလိုအရဘာသာရေးစစ်ပွဲဝါဒီများဟာ အမေရိကန်ပြည်ထောင်စုကို စစ်ပွဲအတွင်း ဆွဲသွင်းပြီး စစ်ပန်းအောင်လုပ်ရမယ်။ မွတ်ဆလင်ကမ္ဘာကို အမျိုးမျိုး ခွဲခြမ်းပြီး အမေရိကန်ပြည် ထောင်စုရဲ့ အကာအကွယ်ကို မျှော်လင့်နေကြတဲ့ အလယ်အလတ်သဘောထားရှိ မွတ်ဆလင်များကို ၄င်းတို့ရဲ့ မျှော်လင့်ချက်များ အချည်းနှီးဖြစ်ကြောင်း ပြသရမယ်။
အထူးသဖြင့် ဘာသာရေးစစ်ပွဲ လှုပ်ရှားမှုများ ကျဆုံးရခြင်းရဲ့ အဓိကအကြောင်းတရားဖြစ်တဲ့ စိတ်နှလုံးသား နူးညံ့ပျော့ပျောင်းမှုကို စွန့်လွှတ်ရမယ်။ ဘာသာရေးစစ်ပွဲတွင် အကြမ်းဖက်ဝါဒ မကျင့်သုံးဘဲ စိတ်ထားပျော့ ပျောင်းနေခြင်းဟာ ခွန်အားမဲ့တဲ့ သဘောဖြစ်တယ်လို့ အဘူဘေကာနာဂျီက ဆိုပါတယ်။ အလားတူလိုအပ်တဲ့ အချိန်မှာ လွန်ကဲတဲ့ အကြမ်းဖက်ဝါဒကျင့်သုံးသင့်တယ်။ ဥပမာ-တမန်တော်မိုဟာမက်ခေတ်လွန် ကာလ မွတ်ဆလင်အုပ်စိုးသူများ ကျင့်သုံးလုပ်ဆောင်ခဲ့သလိုမျိုး လူများကိုမီးလောင်တိုက်သွင်းခြင်း လုပ်ဆောင်သင့် ကြောင်း ဖော်ပြပါတယ်။
ဘာပဲပြောပြော အဘူဘေကာနာဂျီရဲ့ ရက်စက်မှုကို စီမံခန့်ခွဲခြင်း စာအုပ်ပါ စစ်ပွဲစီမံချက်များဟာ ရက်စက်မှု၊ သွေးနှင့်မရဏတို့ဖြင့်သာ လွှမ်းမိုးထားတဲ့အတွက် ကမ္ဘာပြည်သူများ မဆိုထားနဲ့ မွတ်ဆလင်အများစု ကိုယ်တိုင်ကပင် လက်မခံပါဘူး။ အိုင်အကစ်စစ်သွေးကြွအဖွဲ့ကို နှိမ်နင်းရာမှာ အမေရိကန်ပြည်ထောင်စုနှင့် အတူ အခြားမွတ်ဆလင်နိုင်ငံများပူးပေါင်းပါဝင်လာခြင်းက ဒီအချက်မှန်ကန်ကြောင်း သက်သေပြနေပါတယ်။
ဒီအရင်ကလည်း အိုစမာဘင်လာဒင်ဦးဆောင်တဲ့ အယ်လ်ခိုင်ဒါအဖွဲ့၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့မှာ တာလီဘန်အဖွဲ့များ၊ နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ်နဲ့ ဆိုမာလီနိုင်ငံတွင် အယ်လ်ရှားဘက်စတဲ့ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့များစွာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ယင်းအဖွဲ့များနဲ့ နှိုင်းယှသ်ရင် အိုင်အက်စ်အဖွဲ့ဟာ ရက်စက်မှုအပေါင်း သရဖူဆောင်းပါတယ်။
လောကမှာ ဘာမဆို အလွန်အကျွံဖြစ်လာရင် မကောင်းပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက မဇ္ဈိမပဋိပဒါ အလယ် အလတ်လမ်းစဉ်ကိုချမှတ်ခဲ့ပါတယ်။ ဘာသာတရားတိုင်းမှာ ငါ့ဘာသာမှ တကယ့်ဘာသာ၊ အခြားဘာသာဝင်များဟာ မိစ္ဆာဒိဋ္ဌိတွေ၊ ငါနဲ့မတူငါ့ရန်သူလို့ ယူဆတဲ့ အစွန်းရောက်သမားတွေ သဘောထား တင်းမာသူတွေရှိကြတာဓမ္မတာဖြစ်ပါတယ်။ မေတ္တာတရားရှေ့ထားပါတယ်။ သည်းခံခြင်းတရား ကျင့်သုံးပါ တယ်။ အလယ်အလတ်ကျင့်စဉ်ကို ကျင့်သုံးပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်များအတွင်းမှာတောင် သဘောထား တင်းမာသူတွေရှိတတ်ကြပါတယ်။
ဥပမာ= သီရိလင်္ကာနိုင်ငံမှာ အစွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီး နှစ်ပါးတည်ထောင်ခဲ့တဲ့ Boda Bala Sena(BBS)အဖွဲ့။ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံရေးနှင့် ဘာသာရေးရောယှက်လွန်းပြီး ဘုန်းတော်ကြီးတွေက နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ BBS အဖွဲ့ရဲ့ လှုံ့ဆော်မှုများကြောင့် ၂၀၁၄ ခုနှစ် ဇွန်လမှာ ဗုဒ္ဓဘာသာဝင်များနဲ့ အစ္စလာမ်ဘာသာဝင်များအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုါံ်ကာ ၈၀ ကျော်ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင်ကျင်းပတဲ့ BBS အဖွဲ့ညီလာခံသို့ မြန်မာနိုင်ငံမှ ၉၆၉ လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာတော်ဦးဝီရသူတက်ရောက်ပါတယ်။ ဆရာတော်က ၉၆၉ အဖွဲ့ဟာ BBS နဲ့ပုးပေါင်းမယ်လို့ ပြောပါတယ်။ ဒါ့ပြင် ဦးဝီရသူဟာ ဂျီဟတ်ဝါဒီတွေဟာ ဗုဒ္ဓဘာသာ ဝင်များရဲ့ သည်းခံမှုကို အားနည်းချက်အဖြစ်ယူဆကြတယ်၊ အမျုးဘာသာ သာသနာအတွက် ဂျီဟတ်အန္တရာယ်ကို ကာကွယ်ရမယ်လို့ ပြောပါတယ်။
၉၆၉ အဖွဲ့ဟာ ၂၀၁၂ ခုနှစ်တွင် ရခိုင်မှာ စတင်ဖြစ်ခဲ့တဲ့ အဓိကရုဏ်း၊ မိတ္ထီလာအဓိကရုဏ်း အပါအဝင် အဓိကရုဏ်းများစွာနဲ့ ဆက်စက်မှုရှိတယ်။ အရှင်ဝီရသူရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ တရားဟောပြောမှုမှာ မွတ်ဆလင်ဆန့်ကျင်ရေးစကားတွေ အမုန်းတရားတွေပါဝင်နေတယ်ဆိုပြီး စွပ်စွဲမှုများရှိပါတယ်။ ဒါ့ကောင့် ၉၆၉ နှင့် BBS ချိတ်ဆက်မှုကြောင့် မြန်မာနိုင်ငံမှာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လူမျိုးရေး၊ ဘာသာရေးဆန်ဆန် အဓိကရုဏ်းတွေဖြစ်လာမှာကို အချို့က စိုးရိမ်နေကြပါတယ်။
တကယ်တော့ BBS အဖွဲ့နှင့် ၉၆၉ လှုပ်ရှားမှုများဟာ စိုးရိမ်ပူပန်မှုမှ မြစ်ဖျားခံခဲ့ကြတာဖြစ်ပါတယ်။ တစ်ချိန်က အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့မှာ ဗုဒ္ဓဘာသာ ကျယ်ပြန့်စွာထွန်းကားခဲ့ပါသည်။ အလားတူ ယခု မွတ်ဆလင်နိုင်ငံများဖြစ်နေတဲ့ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာလည်း တစ်ချိန်က ဗုဒ္ဓဘာသာစည်ပင် ထွန်းကားခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာတို့ဟာ နောင်တစ်ချိန်ကျရင် ဗုဒ္ဓဘာသာမှေးမှိန်ပြီး မွတ်ဆလင် နိုင်ငံများဖြစ်ချည်ရဲ့လို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့နှင့် လူအချို့ စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်များ အပိုင်းနှင့် အခြားဘာသာဝင်များအပိုင်းဆုပြီး ၂ပိုင်းရှီပါတယ်။
ဗုဒ္ဓဘာသာဝင်များအနေနဲ့ မိမိတို့ရဲ့ ခံတပ်တံတိုင်းကိုလုံအောင်၊ အခြေခိုင်အောင်လုပ်ရပါတယ်။ မွတ်ဆလင်ဘာသာဝင်များက သောကြာနေ့တိုင်း ဗလီတက်ကြတယ်။ ခရစ်ယာန်ဘာသာဝင်များက တနင်္ဂနွေ နေ့တိုင်းဘုရားကျောင်းတက်ကြတယ်။ ဗုဒ္ဓဘာသာဝင်မိဘများအနေနဲ့ မိမိတို့သားသမီးများကို တစ်ပတ် တစ်ရက်ဆိုသလို စေတီဘုရားပိုးထိုး ဘုန်းကြီးကျောင်းလိုက်ပို့ကြသလား၊ မွတ်ဆလင်ဘာသာဝင်မိဘ များက သူတို့ရဲ့ သားသမီးတွေကို ခေတ်မီအတန်းပညာတတ်ဖို့ထက် ကိုရမ်ကျမ်းစာသိရှိဖို့ ပိုပြီးအရေးကြီးတယ်လို့ ယူဆကြပါတယ်။ ဗုဒ္ဓဘာသာဝင် မိဘများကရော သားသမီးတွေကို ဗုဒ္ဓဘာသာအခြေခံတွေ သင်ကြားပေးကြ ရဲ့လား၊ ဆရာတော်သံဃာတော်များအနေနဲ့ နောင်မျိုးဆက်လူငယ်များအတွက် အထူးအလေးထားပြီး ဓမ္မစကူးလ်တွေ အမြဲတမ်းဖွင့်လှစ်သင်ကြားပေးကြရဲ့လား။ အခြားဘာသာအပေါ် အပြစ်ဖို့မယ့်အစား မိမိတို့ ဘာသာအခြေခိုင်မာအောင် အားသွန်မလုပ်သင့်ကြဘူးလား။ ဒါက ပထမဆုံးလုပ်ရမယ့်အပိုင်း။
နောင် မွတ်ဆလင်များရဲ့အပိုင်း။ ဒီနေရာမှာ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူရဲ့ ပြောစကားတွေကိုပဲ ကိုးကားချင်ပါတယ်။ လီကွမ်ယူက စင်ကာပူကို တရုတ်တွေ၊ အိန္ဒိယမှ ကုလားတွေ၊ အခြားဒေသမှ လူတွေ လာရောက်အခြေချကြပြီး မကြာမီသူတို့ဟာ အျင်းချင်းပေါင်းစည်းမိသွားတယ်။ ဒါပေမယ့် စင်ကာပူရှိ မွတ်ဆလင်တွေဟာ ဘယ်လောက်ပဲ စင်ကာပူမှာ အချိန်ကြာကြာ သီးခြားဖြစ်နေကြတယ်။ မွတ်ဆလင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦး လက်ထပ်ရင် မွတ်ဆလင်ဘာသာသို့ ကူးပြောင်းရတယ်။ မွတ်ဆလင်တွေဟာ ဝတ်ပုံစားပုံ သီးခြားဖြစ်နေတယ်။ အတူတူစားသောက်ရာမှာ ဟလ္လာ လုပ်ထားရဲ့လားဆိုပြီးမေးတယ်။ မွတ်ဆလင်တစ်ဦးဟာ အခြားဘာသာဝင်တစ်ဦးနဲ့အတူတူ ထမင်းစားနိုင်တာမျိုးဖြစ်ရင် ပိုပြီးကောင်းတာပေါ့ဗျာ ဆိုပြီး လီကွမ်းယူက အကြံပြုပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီစတဲ့ အနောက်အုပ်စုနိုင်ငံတွေကို အာဖရိက၊ အာရှအပါအဝင် တစ်ကမ္ဘာလုံးမှ မွတ်ဆလင်တွေ မိမိတို့ဘဝ ပိုမိုသာယာချမ်းမြေ့ရေးအတွက် လာရောက် အခြေချကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ဒေသခံများစုနဲ့ မပေါင်းစည်းသွားကြဘူး။ တစ်သီးတခြားဖြစ်နေကြတယ်။ မိမိတို့ လာခဲ့တဲ့တိုင်းပြည် မိမိတို့ယုံကြည်ကိုးကွယ်တဲ့ ဘာသာ သာသနာအပေါ် အစွှဲလမ်းကြီးကြတယ်။ နယူးယောက်တိုင်း စကွဲယားမှာ ဗုံးခွဲဖို့ကြံစည်သူက ပါကစ္စတန်နိုင်ငံဇာတိဖြစ်ပါတယ်။ အခုလည်းပဲ အမေရိကန် နှင့် ဥရောပါနိုင်ငံများမှာ အစွန်းရောက်မွတ်ဆလင်အချို့ အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် သွားရောက်ပူးပေါင်း တိုက်ခိုက်နေကြပါတယ်။ မွတ်ဆလင်တိုင်းဟာ အကြမ်းဖက်သမားမဟုတ်ကြပါဘူး။ ဒါပေမယ့် အကြမ်းဖက်သမားအားလုံးနီးပါးဟာ မွတ်ဆလင်များဖြစ်နေကြပါတယ်။
ကမ္ဘာပေါ်မှာ တိုင်းပြည်တွေ၊ လူမျိုးနွယ်တွေ အများကြီးရှိပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟင်ဒူ၊ ဗုဒ္ဓဘာသာ စတဲ့ အဓိကဘာသာတရား ၄ ခုအပြင် အခြားဘာသာတရားများစွာရှိပါတယ် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ လူတွေဟာအကူးအသန်းအဆက်အဆံများပြီး ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လာပါတယ်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ဘာသာဝင်တစ်စုနှင့်တစ်စု အတူယှဉ်တွဲနေထိုင်လာကြရပါတယ်။ ဒီအခြေအနေမှာ ငါ့ဘာသာမှငါ့ဘာသာ၊ ငါ့ဘာသာမဝင်ရင်ရန်သူပဲ ခေါင်းဖြတ်သတ်ပစ်မယ်ဆိုတဲ့ အစွန်းရောက် အကြမ်းဖက်ဝါဒ ကျင့်သုံးနေမယ်၊ သီးခံမှုတရားမထားဘူးဆိုရင် ကမ္ဘာကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။
ကမ္ဘာကြီးဟာ ရေဘေး၊ လေဘေး၊ မီးဘေးတို့ကြောင့် ပျက်စီးမယ်။ ရောဂါကန္တရကပ်၊ ဒုက္ဘိက္ကန္တရကပ်၊ သတ္တန္တကပ်များကြောင့် ပျက်စီးမယ်။ လူတွေရဲ့ လောဘကြောင့် အငတ်ဘေးဆိုက်မယ်။ ဒေါသကြောင့် စစ်ပွဲကြီးတွေ ဖြစ်မယ်။ မောဟကြောင့် အနာရောဂါထူပြောမယ်ဆိုပြီး ဘာသာရေးစာပေများမှာ ဖတ်ရှုရပါတယ်။
ဒီကနေ့ ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ ဘာသာရေးအကြမ်းဖက်သမားများရဲ့ ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေရပြီး အစွန်းရောက်ဝါဒတွေထဲမှာ ဘာသာရေးအစွန်းရောက်မှုဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ အစွန်းရောက် အနည်းစုရဲ့ အန္တရာယ်ကို အစွန်းမရောက်သူအများစုက ဝိုင်းဝန်းကာကွယ်ရမှာဖြစ်ကြောင်းပါဗျာ။
စိန်ဗေဒါ။








Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...