မန္တလေးဂျီဟဒ်အရေးအခင်း၌ ကုလားတစ်ယောက် အသတ်ခံရမှုအပေါ် သံသယဖြင့် ဖမ်းဆီးခံထားရသော ဗမာလေးယောက်ထဲမှ ကျော်ဇင်ထက်(ခ)ဖက်တီးကို ရဲတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းအကြမ်းဖက်စစ်ဆေးခြင်း၊ စာရွက်လွတ်(ဗလာ)ကြီးထဲမှာ လက်မှတ်ခိုးခိုင်းခြင်းများပြုလုပ်ခဲ့ကြပါသည်။
ဖြောင့်ချက်မဟုတ်ဘဲ မတရားအနိုင်ကျင့် ဝန်ခံခိုင်းခြင်းကို မန္တလေးခရိုင်တရားရုံးက အတည်ပြုကာ အမှုလက်ခံ စစ်ဆေးပြီး လူသတ်မှု ပုဒ်မဖြင့် အရေးယူဆောင်ရွက်နေရာ နောက်ဆုံး စီရင်ချက်(အမိန့်)ပင် ချတော့မည် ဖြစ်ပါသည်။
ဤကဲ့သို့ အပြစ်မဲ့ ပြည်သူတစ်ဦးတစ်ယောက်အပေါ် မတရားလုပ်နေကြသော ရဲတပ်ဖွဲ့နှင့် တရားရုံးကို မကျေနပ်၍ ကျော်ဇင်ထက်မိခင် ဒေါ်ဇင်မာအေးက တစ်ကိုယ်တော် ဆန္ဒပြပွဲ ပြုလုပ်မည်ဖြစ်ပါသည်။
အမှန်တရားကို မြတ်နိုးသော၊ တရားဥပဒေစိုးမိုးရေးကိုလိုလားသော၊ မတရားမှုကို မလိုလားသော၊ မျိုးချစ်ပုဂ္ဂိုလ် မှန်သမျှ လာရောက်အားပေးနိုင်ပါသည်။
နေ့ရက်=10.10.2014
အချိန်=မနက် 8:30 မှ 9:00 နာရီထိ။
နေရာ= ၆၅လမ်း၊ လမ်း၃၀ထောင့်။ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
ဆက်သွယ်ရန်
ကိုမင်းမင်း=09.444012847
ကိုချစ်ကို=09.402763040