6.10.2014 မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ပေါက်စိမ်းရွာ မြတ်ပါရမီပညာရေးဖောင်ဒေးရှင်း တတိယအကြိမ် ပညာရည်ချွန်ဆုပေးပွဲ အထိမ်းအမှတ် ဓမ္မသဘင်မှာ ဟောကြားသည်။
မြန်မာပြည်သူများက ဖူးမဝ ကြိုမဝ ရှိနေဆဲပင်။ ရွာသူ ရွာသားများက တစ်မိုင်ခန့်ဝေးသည့် ကားလမ်းမမှ ယောဂီဝတ်စုံများကျောင်းဝတ်စုံများ၊ အသင်းအဖွဲ့ဝတ်စုံများဖြင့် သာသနာ့အလံ တံခွန်လွှင့်ထူလျက် ရွာအထိ ကြိုဆိုပူဇော်ကြသည်ကို တွေ့ရပေသည်။
ဆယ်တန်းဂုဏ်ထူးရှင်များ၊ ယဉ်ကျေးမှုသင်တန်းထူးချွန်သူများ ပရိယတ္တိပာရေးထူးချွန်သူများအား ဆုပေးပွဲ အစီအစဉ်နှင့်ပါ ပူးတွဲကျင်းပသည်ကို တွေ့ရပေသည်။
မြတ်ပါရမီပညာရေးဖောင်ဒေးရှင်း၊ ဘဝအလင်းရောင်စာကြည့်တိုက်၊ ယဉ်ကျေးလိမ္မာသင်တန်းတို့ကို ဦးစီးတည်ထောင်သူ အရှင်ကေသရ(သာသနဓဇဓမ္မာစရိယ) ဂုဏ်ပြုတရား
“လောကဓမ္မ နှစ်ဖက်လှတရားတော်”