စံတော်ချိန်သတင်းစာဟာ မူဆလင်ပိုင်ဖြစ်ပါတယ်။ ဧရာဝတီဝက်ဘ်ဆိုက်ဟာလည်း မူဆလင်ပိုင်ဖြစ်ပါတယ်။
ခေါင်းစဉ်ကိုကြည့်လိုက်ရုံနဲ့တင် သိနိုင်ပါတယ်။
“အမျိုးသားရေးဝါဒီ ဦးဝီရသူသတင်းကြောင့် ဧရာဝတီသတင်းဌာန ခြိမ်းခြောက်ခံနေရ” ဆိုပဲ။
စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီလို့၊ လူ့ကျင့်ဝတ်ကိုမလေးစားလို့ ဂျီဟဒ်အတွက် မီဒီယာကို အသုံးချနေလို့ သံဃာတော်တွေကို စော်ကားလို့ အကုသိုလ်အကျိုးပေးတာကိုပဲ “ဦးဝီရသူသတင်းကြောင့်” ဆိုပြီး မဆိုင်သူကို တရားခံလုပ်လိုက်သေးတယ်။
မျှမျှတတရှိရဲ့လား?
မှန်မှန်ကန်ကန်ဟုတ်ရဲ့လား?
သင့်သင့်တင့်တင့်ဖြစ်ရဲ့လား?
ဒါတွေကျ ထည့်မရေးကြဘူး။
ဒါဆိုရင် ဦးဝီရသူသတင်း ဘယ်မီဒီယာထည့်ရဲပါ့မလဲ?
ကိုယ်တစ်ယောက်တည်း ကျင့်ဝတ်မဲ့လို့ ဒဏ်ခတ်ခံရတာကိုပဲ ခေါင်းစဉ်တပ်ပုံက ရင့်သီးနေသေးတယ်။
အမျိုးသားရေးဝါဒီအစွဲရှိသူလို့ လုပ်လိုက်သေးတယ်။
အမုန်းစိတ်အခြေခံဟောပြောမှု
လူနည်းစု မွတ်စလင်များ တိုက်ခိုက်ခံရမှုတဲ့ ပြောင်းပြန်လုပ်လိုက်သေးတယ်။
သံဃာတွေက အမုန်းတရားရှေ့တန်းမတင်ပါဘူး။ မုန်းစ တိုစေ ချစ်စရှည် ဝါဒလက်ကိုင်ထားကြသူတွေသာ ဖြစ်ပါတယ်။
မူဆလင်ဝက်ဘ်ဆိုက်နှင့် အကောင့်တွေအပြင် စံတော်ချိန်၊ မွန်းတည့်နေစတဲ့ မူဆလင်စာနယ်ဇင်းတွေကို ဝင်ကြည့်လိုက်ပါ။ အော်ဂလီဆန်စရာ အမုန်းတရားတွေ ပလူပျံနေတာ တွေ့ရပါလိမ့်မယ်။
လူနည်းစု စကားလုံး လှိုင်လှိုင်သုံးပြီး ဝါးမျိုဖို့ကြံစည်နေတာတွေ လူတိုင်းသိနေကြပါပြီ။
မြန်မာပြည်မှာ လူနည်းစုကပေးတဲ့ ဒုက္ခတွေကိုပဲ လူများစုက ခါးစီးခံနေရတာပါ။ ဒုက္ခသည်စခန်းတစ်ခုတောင် ဖွင့်ထားလို့ရပါတယ်။
ကျွဲနှစ်ကောင်ရှိတယ်။
ပထမကျွဲက သည်းခံတော့ မျောက်က ကျွဲပေါ်တက်စော်ကားတယ်။ ပထမကျွဲနေရာ ဒုတိယကျွဲရောက်လာ တော့ ပထမကျွဲလိုပဲ ထင်ပြီး မျောက်က နားရွက်ထဲ ငယ်ပါထည့်စော်ကားတယ်။ ဒုတိယကျွဲက မျောက်ကို ခတ်သတ်ပစ်လိုက်တယ်။ ဗိုက်ပေါက် အူထွက်သေဆုံးသွားတယ်။
သံဃာတွေဟာ ပထမကျွဲလို သည်းခံကြပေမယ့် ဒီကနေ့ ဒုတိယကျွဲပေါ်လာပါပြီ။ မီဒီယာကျင့်ဝတ်နှင့် မညီတဲ့ တစ်ဖက်စောင်းနင်း ဂျီဟဒ်ဝါဒီအွန်လိုင်း မီဒီယာတွေ သတိသာထားပေတော့ပဲ။
ဧရာဝတီကား သွားပြီ။
BHG နှင့် တွေ့သွားပြီ။
နောက်တစ်ခါ စော်ကားရဲရင် စော်ကားကြည့် BHG ရှိသည်။
ဝီရသူ(မစိုးရိမ်)
6.10.2014
PM 3:25
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“အမျိုးသားရေးဝါဒီ ဦးဝီရသူသတင်းကြောင့် ဧရာဝတီသတင်းဌာန ခြိမ်းခြောက်ခံနေရ”
ရန်ကုန်
အမျိုးသားရေးဝါဒအစွဲရှိသူ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား တစ်ယူသန်အစွန်းရောက်များအဖြစ် ရေးသား ဖော်ပြမှုအပေါ် အမျက်ဒေါသထွက်နေသည့် အီလက်ထရွန်နစ်ပဉ္စမံ(ဟတ်ကာ)များ၏ နှောင့်ယှက်မှုကြောင့် ဧရာဝတီအွန်လိုင်းသတင်းဝက်ဘ်ဆိုက်မှာ အောက်တိုဘာ ၂ရက်တွင် ထုတ်လွှင့်မှု ပြတ်တောက်ခဲ့ရကြောင်း သိရသည်။
ထုတ်လွှင့်မှု
ဟတ်ကာများ၏ တိုက်ခိုက်မှုကြောင့် ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ဘာသာသတင်းဝက်ဘ်ဆိုက် ထုတ်လွှင့်မှုခေတ္တပြတ်တောက်ခဲ့ရပြီး သီရိလင်္ကာအမျိုးသားရေးဝါဒီဘုန်းတော်ကြီးများနှင့် မြန်မာအမျိုးသားရေး ဝါဒီဘုန်းတော်ကြီး ဦးဝီရသူတို့၏ တွေ့ဆုံဆွေးနွေးပွဲများအကြောင်း ရေးသားထားသော မြန်မာဘာသာ ဘလော့ဂ်တစ်ခုလည်း အပိတ်ခံခဲ့ရကြောင်း သတင်းများ၌ ဖော်ပြထားသည်။
စွပ်စွဲထား
ထို့အပြင် ဧရာဝတီသတင်းဌာနသည် ဘာသာရေးစစ်ပွဲ(ဂျီဟဒ်)နှင့် မွတ်စလင်အစွန်းရောက်များအား ထောက်ခံနေသည့် သတင်းဝက်ဘ်ဆိုက်ဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ခုတုံးလုပ်၍ ဗုဒ္ဓဘာသာကို စော်ကားနေကြောင်း ဟက်ကာများက စွပ်စွဲထားသည်။
ခြိမ်းခြောက်
အလားတူ အမျိုးသားရေးဝါဒီအစွဲရှိသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား တစ်ယူသန်အစွန်းရောက်များ အဖြစ်ဖော်ပြထားသော သတင်းဆောင်းပါးကြောင့် သတိပေးခြိမ်းခြောက်မှုများရရှိထားကြောင်း ဧရာဝတီ သတင်းဌာနက ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်မှစ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ခဲ့သော မြန်မာနိုင်ငံ၌ လူမျိုးရေးနှင့် ဘာသာရေးအမုန်းစိတ် အခြေခံဟောပြောမှုများနှင့် လူနည်းစုဝင် မွတ်စလင်များတိုက်ခိုက်ခံရမှု များ မြင့်တက်လာခဲ့ရာ အစ္စလာမ္မစ်ဘာသာရေးစစ်ပွဲဝါဒီတို့၏ ခြိမ်းခြောက်မှုကို အကြောင်းပြု၍ လူမျိုးရေးပဋိ ပက္ခများပေါ်ပေါက်စေရန် အမျိုးသားရေးဝါဒီသံဃာတော်အချို့က တွန်းအားပေးနေကြောင်း ဝေဖန်သူများက စွပ်စွဲထားသည်။
အေအက်ဖ်ပီ