(ဤကဏ္ဍတွင် ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ် တင်ပြသွားပါမည်။
အမှန်တကယ် နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊ တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊ မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။)
ရွာသူကြီးက ပြည်သူပိုင်ပစ္စည်းတွေကို ကိုယ်ကျိုးသုံးစွဲတဲ့ ကိစ္စပါ။ ရံပုံငွေတွေကောက်ပြီး လုပ်ငန်းကျတော့ အကောင်အထည်မပေါ်ဖြစ်နေတာကို ဆိုင်ရာတိုင်စာပို့ပေမယ့် ဝန်ထမ်းအချင်းချင်း နားလည်မှုယူပြီး ရပ်ရွာ အကျိုးကို ပြန်မကြည့်ကြတဲ့ ဝန်ထမ်းယုတ်တွေရဲ့ အကျင့်ပျက်ချစားမှုတွေဖြစ်ပါတယ်။
သမ္မတထံ တိုင်ထားတာလည်း တွေ့ရပါတယ်။
ဝန်ကြီးချုပ်ထံ တိုင်ထားတာလည်း တွေ့ရပါတယ်။
တာဝန်အရှိဆုံးကတော့ ဝန်ကြီးချုပ်ဦးသာအေးဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်မှ အမှုမှန်ပေါ်ပေါက်မည့် အခြေအနေတစ်ခုပါ။
ဝန်ကြီးချုပ်ကိုယ်တိုင်ချပေးတ့ စီမံကိန်း ရေကန်-ငွေတွေပါ အလိမ်ခံရတာဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ်၊ မိဿလင်ကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးဦးမြငြိမ်း အကျင့်ပျက်ခြစားမှုအတွက် တာဝန်အရှိဆုံး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင် ဖြေရှင်းပေးပါရန် တိုက်တွန်းလိုက်ပါတယ်။
(တိုင်ကြားစာများကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။)
ဝီရသူ(မစိုးရိမ်)
5.10.2014
AM 10:21
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သို့
နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်
နေ့စွဲ၊ ၂၀၁၄ ခုနှစ် စက်တင်ဘာလ(၂၉)ရက်
အကြောင်းအရာ။ ။ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကျင့်ပျက်ချစားမှုများ အရေးယူပေးပါရန် ထပ်မံ တိုင်ကြားခြင်း။
အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ကျွန်တော်/မတို့သည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာတွင် နေထိုင်ကြသော ရွာသူ ရွာသားများဖြစ်ကြပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးသည် ကျေးရွာရှိ ရွာသူရွာသားများအပေါ် ကလိမ်ကကျစ်ကြပြီး ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စရပ်ကျိုးရွာကျိုးများ မဆောင်ရွက်ဘဲ ၄င်း၏ မိသားစုအရေးလောက်သာ ဆောင်ရွက်ပြီး ကျေးရွာ၏ ခံစားခွင့်များကို အလွှဲသုံးစားပြုလုပ်ခြင်း၊ ရွာသူရွာသားများအပေါ် စေတနာမထားခြင်း စသော အကြောင်းများ ကြောင့် ၄င်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြငြိမ်းအား စစ်ဆေးအရေးယူပေးပါရန်(၂၈.၇.၂၀၁၄) ရက်နေ့တွင် သမ္မတရုံး၊ တိုင်းရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများသို့ အသီးသီး တိုင်ကြားစာများပေးပို့ခဲ့ပါသည်။
(၁၃.၈.၂၀၁၄) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပညာရေးမှူးစသော ဌာနဆိုင်ရာများမှ အကြီးအကဲများ ကျေးရွာသို့ လာရောက်ပြီး ပညာရေးနှင့် ဆိုင်သောစကားများ၊ လျှပ်စစ်မီးရရှိရေးနှင့်ဆိုင်သော စကားများကို မြို့နယ်အုပ်ချုပ်ရေးမှူးကြီးမှ အကျယ်တဝင့် ရှင်းလင်းပြောပြပါသည်။
သို့သော် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာဖွံ့ဖြိုးရေးများကို ဂရုမစိုက်ဘဲ သူ၏ ကိုယ်ကျိုးများကိုသာ လုပ်ကိုင်နေပြီး မြို့နယ်လူကြီးများ၏ စကားကို နားမထောင်သည့်အတွက် လာရောက်ကြသော လူကြီးများ ပြောသမျှ စကားများနှင့် လူကြီးများ၏ စေတနာမှန်များမှာ အချည်နှီးသာ ဖြစ်သွားရပါသည်။
တဖန်မြို့နယ်အုပ်ချုပ်ရေးမှူးကြီးမှ ကျွန်တော်/မတို့အား(ခင်ဗျားတို့တိုင်ကြားထားသော အမှုအတွက် မြို့နယ်မှ လုံးဝမစစ်ဆေးပါဘူး၊ ခရိုင်မှ စစ်ဆေးမည့်အကြောင်း ပြောကြားသွားပါသည်။)
သို့သော်(၃၀.၈.၂၀၁၄)ရက်နေ့တွင် ကန့်ဘလူမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ စာဖြင့်ဆင့်ခေါ်၍ ဦးထွန်းကြည်၊ ဦးအောင်ညီနောင်၊ ဒေါ်ခင်မြင့်တို့အား(၁)ဆည်မြောင်းဦးစီးမှူး ဦးဆန်းနိုင်၊(၂)မြို့နယ်ရဲမှူး ဦးအောင်ဝင်း တို့သည် ဆည်မြောင်းဦးစီးရုံးသို့ခေါ်ပြီး ခင်ဗျားတို့တင်ပြထားသော စာသားများသည် လိုအပ်ချက် ရှိနေသေး ၍ တစ်ယောက်ချင်း ခေါ်ယူစစ်ဆေးကြောင်း ပြောပါသည်။ လိုအပ်ချက်များကို ဖြည့်စွက်ပေးခဲ့ပါသည်။ လမ်းမှန်ရောက်အောင် ညွှန်ကြားခဲ့ကြပါသည်။
(၁.၉.၂၀၁၄)ရက်နေ့တွင် ဒေါ်တင်ငြိမ်းပါ(၁၀)ဦးတို့ကို ရုံးသို့လာပို့ရန် ဒေါ်ခင်မြင့်အား တာဝန်ပေးအပ်၍ သွားရောက်စစ်ဆေးခံရပါသည်။
သို့သော် ဆည်မြောင်းဦးစီးမှူးမှ ဖုန်းဆက်ခေါ်လိုက်၍ မြို့နယ်မှူးနှင့် အခြားရဲတစ်ယောက် ရောက်လာခဲ့ပါ သည်။ မြို့နယ်မှူး တာဝန်ပေးချက်အရ စစ်ဆေးသောရဲမှ ခြိမ်းခြောက်စစ်ဆေးခြင်း၊ အချိန်ကြာမြင့်အောင် ဆွဲထားခြင်းစသော အကြောင်းများကြောင့် ဒေါ်ခင်မြင့်နှင့် စကားအခြေအတင်ပြောခဲ့ရပါသည်။ ဤကဲ့သို့ အကြိမ်ကြိမ် အခါခါ ကျွန်တော်/မတို့မှာ စစ်ဆေးခံနေရပါသည်။ ကျွန်တော်/မများသည် အမှန်တရားလိုလား၍ ကျေးရွာလူထုကိုယ်စား တိုင်ကြားပေးသော တရားလိုများဖြစ်သော်လည်း ဆည်မြောင်းဦးစီးရုံးတွင် တရားခံများ စစ်ဆေးခံရသလို ဖြစ်နေပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးအပေါ် ဘက်လိုက်ပြီး အကာကွယ်ပေးနေကြ၍ ဒီလောက်အချိန်ကြာနေသည်ဟု ယူဆပါသည်။ မြို့နယ်မှလည်းကောင်း၊ ခရိုင်မှလည်းကောင်း ယခုအချိန်ထိ ရှင်းလင်းပေးခြင်းများ လုံးဝမပြုလုပ်ဘဲ ထိန်ဝှက်ထားခြင်းများသာ ဖြစ်နေပါသည်။
သို့အတွက် အမှန်တကယ် စစ်ဆေးပေးမည့် အဖွဲ့အစည်းများ စေလွှတ်၍ အမှန်တရားဖော်ထုတ်ကာ စစ်ဆေး အရေးယူပေးပါရန် ထပ်မံ၍ တိုင်ကြားအပ်ပါသည်။
(၂၈.၇.၂၀၁၄)ရက်နေ့ တိုင်ကြားထားသောစာတို့ ပူးတွဲတင်ပြအပ်ပါသည်။
ထပ်မံတိုင်ကြားသူများ-
ဦးထွန်းကြည်(ဘ)ဦးလူမော်
၅/ကဘလ(နိုင်)၀၆၀၉၇၀
မိဿလင်ကုန်းကျေးရွာ
ကိုးထောင်ဘို့တိုက်နယ်
ကန့်ဘလူမြို့နယ်
ဦးအောင်ညီနောင်(ဘ)ဦးရင်ဂေါင်း
၅/ကဘလ(နိုင်)၀၉၀၇၈၂
မိဿလင်းကုန်းကျေးရွာ
ကိုးထောင်ဘို့တိုက်နယ်
ကန့်ဘလူမြို့နယ်
ဒေါ်ခင်မြင့်(ဘ)ဦးချစ်မောင်
၅/ကဘလ(နိုင်)၀၉၀၇၉၆
မိဿလင်ကုန်းကျေးရွာ
ကိုးထောင်ဘို့တိုက်နယ်
ကန့်ဘလူမြို့နယ်