Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်”

$
0
0

၁။ မဟာကရုဏာရှင် မြတ်ဗုဒ္ဓသည်-
(က) သာဝတ္ထိနှင့် ဇေတဝန်အကြား ကလေးများ မြွေကို တုတ်ဖြင့်ရိုက်နှက်နေသည်ကို မြင်ရာ၌ သတ္တဝါတိုင်း ချမ်းသာသုခကို လိုလားသည်ဖြစ်၍ သူများကို ညှဉ်းဆဲနှိပ်စက်ခြင်းဖြင့် ချမ်းသာသုခမရနိုင်ဟု လည်းကောင်း။ (ခု-၁၊ ၈၉-ဒဏ္ဍသုတ်)
(ခ) နွား ဆိတ် သိုး သတ္တဝါတို့ကိုသတ်၍ ယဇ်ပူဇော်ခြင်းသည် အကျိုးမဲ့သာဖြစ်သည်။ ထိုယဇ်ပူဇော်မှုကို သူတော်ကောင်းများ ရှောင်ကြဉ်ကြသည်။ သက်ရှိသတ္တဝါကို ညှဉ်းဆဲနှိပ်စက်မှုမပါသည့် ယဇ်ပူဇော်မှုသည်သာ မွန်မြတ်သည်၊ အကျိုးများသည်၊ ထိုယဇ်ပူဇော်မှုမျိုးကိုသာ သူတော်ကောင်းတို့ ချီးမွမ်းကြသည် ဟု လည်းကောင်း။(သံ-၁၊ ၇၆-ယညသုတ်)
(ဂ) သူတော်ကောင်းသည် သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲမှုမပြု ဟုလည်းကောင်း။(ဒီ-၂၊ ၄၂-စသည်)
(ဃ) သက်ရှိသတ္တဝါမှန်သမျှ မည်သည့်သတ္တဝါမျှ မသတ်ရဟုလည်းကောင်း(ထိုထိုပိဋကတ်ပါဠိတော်)
ဟု မိန့်ကြားထားသည်။
၂။ ဗုဒ္ဓသာမက အခြားသော မည်သည့်ဘုရားကမှလည်း သူတစ်ပါးအား သတ်ဖြတ်ညှဉ်းဆဲ နှိပ်စက်ခြင်းကို လိုလားမည်မဟုတ်ပါ။
၃။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောကကြီး၌ လူသားအပါအဝင် သက်ရှိသတ္တဝါများစွာ မှီတင်းနေထိုင်နေကြ သည်ဖြစ်၍ အချင်းချင်း ငဲ့ညှာသနား ဖေးမကူညီကြရမည်သာ ဖြစ်သည်၊ သက်ရှိသတ္တဝါတစ်ဦးက သက်ရှိသတ္တဝါတစ်ဦးအပေါ် ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းသည် ကမ္ဘာလောကကြီးအတွက် လုံးဝ မလိုလားအပ်သော မရှိသင့်သော အရာပင်ဖြစ်သည်။
၎။ လူသားသတ္တဝါကို မဆိုထားနှင့် တိရစ္ဆာန်များကို ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းမပြုရန် တားမြစ်ထားသော ရဲဥပဒေ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများ၌ရှိသည်။ တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် လူမှုအဖွဲ့အစည်းများလည်း ရှိသည်။
၅။ ကျွဲ နွားများသည် လူသားများ စားနပ်ရိက္ခာအတွက် ဆင်းရဲပင်ပန်းစွာ ခန္ဓာကိုယ်ဖြင့်ရင်း၍ ရုန်းကန်လုပ်ကျွေး ပေးနေသော ကျေးဇူးရှင်များလည်းဖြစ်သည်။
ထို့ကြောင့် မည်သည့်အကြောင်းဖြင့်ဖြစ်စေ ကျွဲ နွားများ ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး(ဗဟို)က သဘောမတူကြောင်းနှင့် တာဝန်ရှိသူများက လိုအပ်သလို ထိန်းထိန်းသိမ်းသိမ်း တာဝန်ယူဆောင်ရွက်ပေးပါရန် သဘောထားထုတ်ပြန်လိုက်သည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
(မှတ်ချက်=ကျွဲ နွားများဟု ဆိုသော်လည်း သိုး ဆိတ် စသည့် တိရစ္ဆန်များလည်း ပါဝင်ကြောင်း ကျေးဇူးရှင် ရွာမဆရာတော်ကြီးက မိန့်ကြားပါသည်။)



Viewing all articles
Browse latest Browse all 2129

Trending Articles