Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“၉၆၉ ဦးဆောင်ဆရာတော်ဦးဝီရသူ(မစိုးရိမ်)(မ.ဘ.သ) နှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက် မှ မဟာသင်္ကြန်အတွက် အထူးမေတ္တာရပ်ခံချက် (11.4.2014)”

$
0
0


မဟာသင်္ကြန်သည် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ၁၂ လရာသီပွဲတော်များတွင် ပျော်ရွှင်ဖွယ်ရာ တစ်ခုဖြစ်သည်။ ပုဂံခေတ် ဗျက်ဝိ၊ ဗျတ္တ မင်းမှုထမ်းစဉ်ကတည်းက ရှိခဲ့သော အတာရေသဘင်ပွဲဖြစ်ပါသည်။ 4.4.2014 ကြေမုံသတင်းစာ/၆ တွင် ဆရာမကြီး ရွှေဘိုသီရိမာလာ၏ မဟာအတာသင်္ကြန်ဆောင်းပါးသည် ခေတ်မှီဖွံ့ဖြိုးတိုးတက်နေသော မျက်မှောက်ခေတ်ကမာရွာကြီးတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှု ပေါင်းစုံ ကူးလူးဆက်ဆံမှုကို ပြသနေပါသည်။ အိန္ဒိယ ဟိုလီပွဲတော်တွင် ရှာရွတ်ခန်း၊ ဆလာမန်းခန်း၊ အမီရ်ခန်း ကဲ့သို့ အစ္စလာမ်ဘာသာဝင် ကလီမာ ဖတ်ထားသောသူများ ပါဝင်သကဲ့သို့ ထိုင်းနိုင်ငံ သင်္ကြန်ပွဲတွင်လည်း အစ္စလာမ်ဘာသာဝင် နိုင်ငံပေါင်းစုံမှ သံတမန်များမှလည်း သံတမန်ကျင့်ဝတ်အရ ဌာနယဉ်ကျေးမှု၏ ဧည့်သည် အဖြစ် သံတမန်ကောင်းပီသစွာ ပါဝင်နေသည်ကို တွေ့မြင်နေရပါသည်။ ကျွနုပ်တို့မွေးဖွားရာ အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင်လည်း လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ ပွဲလမ်းသဘင်မျိုးစုံကို အတူယှဉ်တွဲ၍ ဆင်နွှဲလာသည်မှာ ရှည်လျားသော သမိုင်းသက်သေရှိပါသည်။ မဟာသင်္ကြန်သည် ရေဖြုန်းတီးခြင်း၊ ရေးကစားခြင်း၊ သက်သက်မဟုတ်ပဲ နှစ်ဟောင်းမှ အညစ်အကြေးကို နှစ်သစ်သို့ မပါလာစေရန် ဆေးကြောသည့်သဘောဖြင့် ကုသိုလ်ယူစရာ အခြားပျော်ရွှင်မှုများလည်း ရှိပါသည်။
(သင်္ကြန်) သင်္ကြန္တာဟု သတ္တက ဘာသာ ဝေါဟာရလီ နတ္တဒီပနီမှ ဆင်းသက်သည်ဟု ပါဠိဆရာကြီးမန္တလေး (နေရှင်နယ်စကူးလ်ကျောင်းအုပ်) အာဇာနည်အမျိုးခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇာတ်ကဲ့သို့သော ပညာရှင်များမှ တစ်ဆင့်သိခဲ့ရပါသည်။ သို့ပါ၍ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်သည် အစွန်းမရောက်သော လူမျိုးပေါင်းစုံ မိသားစုဝင်များ၏ ယဉ်ကျေးမှု ပွဲလမ်းသဘင်ပေါင်းစုံဖြစ်သော ဟိန္ဒူတို့၏ ဟိုလီ၊ ဒေပါဝါလီပွဲများ မြန်မာ ဗုဒ္ဓဘာသာဝင်တို့၏ ၁၂ လရာသီပွဲတော်များ ခရစ်ယာန်ဘာသာတို့၏ ခရစ်စမတ်(စ်) နှင့် နှစ်သစ်ကူးပွဲတော်များအစ္စလာမ်ဘာသာဝင်တို့၏ အိသ်ဒူလ်ဖိသီရ်နှင့် အိသ်ဒူလ်အသွဟ်များ တွင်(ဝိ)နည်းလွတ်မခရူရ်မဖြစ်နိုင်သောဟရမ်မဖြစ်နိုင်သော သတ္တဝါမပျက်သော နည်းလမ်းများ ရှာဖွေဂ်ျ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခွင့်ရှိသည်ဟု ကြားသိရပါသည်။ သို့ပါ၍ မိမိတို့ဖွေားဖွားရာ ပြည်ထောင်စု မြန်မာနိုင်ငံ မဟာသင်္ကြန်ကာလတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သင့်တော်သလို ပါဝင်ဆင်နွှဲခဲ့သည်ကို သမိုင်းမှတ် တမ်းများအရ သိခဲ့ရပါသည်။ ရေကစားသူများကိုလည်း မဝေဖန်ပါ။ ရေမကစားသူများကိုလည်း မဝေဖန်ကြပါ။ မိမိတို့၏ အသိဥာဏ်ဖြင့် စဉ်းစားဆင်ခြင်၍ သဟဇာတဖြစ်သော ပတ်ဝန်းကျင်တွင် ပျော်ရွှင်စွာ အေးချမ်းတည် ငြိမ်စွာဖြင့် မဟာသင်္ကြန်အတာကာလကို ကူးပြောင်းနိုင်ပါစေဟု ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန် ကွန်ယက်မှ တောင်းဆုခြွေအပ်ပါသည်။
“၉၆၉ ဦးဆောင်ဆရာတော်ဦးဝီရသူ(မစိုးရိမ်)(မ.ဘ.သ) နှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက် တို့မှ ပူးပေါင်း၍ အထူးမေတ္တာရပ်ခံချက်”
၁။ အုပ်စုဖွဲ့ရန်စခြင်း၊ မချိမခံသာသော မထိတထိ ပြောဆိုအော်ဟစ်ခြင်းများ မပြုလုပ်ကြပါရန်။
၂။ အမျိုးသမီးတိုင်း၏ ယာယိနြေ္ဒကို ထိခိုက်စေသော ကာယကံ၊ ဝစီကံဖြင့် ကျူးလွန်မှုများ မပြုလုပ်ကြပါရန်။
၃။ ရဟန်းသံဃာများကိုလည်း ကာယကံ၊ ဝစီကံ ထိခိုက်စေသော အပြုအမူများကိုလည်း ရှောင်ကြဉ်ကြပါရန်။
၎။ မတော်တဆ ထိခိုက်မှုများကို ယဉ်ကျေးသိမ်မွေ့စွာ သည်းခံစိတ်ဖြင့် တရားဥပဒေဘောင်အတွင်းမှ ဖြေရှင်းကြပါရန်။
၅။ လုံခြုံရေးဆောင်ရွက်နေသော တာဝန်ရှိသူများနှင့် ပူးပေါင်း၍ တည်ငြိမ်အေးချမ်းသော အတာသင်္ကြန် ကူးပြောင်းကာလကို ပျော်ရွှင်စွာဖြင့် ကြိုဆိုကြပါရန်။
အထက်ပါအချက်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမည်ဟု ရိုးသားစွာဖြင့် ယုံကြည်ပါသည်။
11.4.2014
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဒိုင်းမွန်းရွှေကြည်(တာဝန်ခံ)
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်။





Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း