Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ”

$
0
0
မန္တလေး၊ စက်တင်ဘာ ၂၃
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာဝန်ထမ်းရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၂၃.၉.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီ၊ ဇ-ဇ ၃/၄ ကံသာယာဝန်ထမ်းရပ်ကွက် အောင်သုခဓမ္မာရုံမှာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နဂါးနီစုဘူးတာဝန်ရှိများ တက်ရောက်ကြပြီး ဇ-ဇ ၃/၄ နဂါးနီစုဘူးအသင်းဝင်(၅၀)ဦးတို့အတွက် ဒုတိယအကြိမ်စုဘူးငွေထုတ်ပေးခြင်းဖြစ်ကာ (၁)ဦးလျှင် (၅၀၀၀၀)ကျပ်စီ ထုတ်ပေးခဲ့ကြောင်း၊ အသင်းဥက္ကဋ္ဌ ဒေါ်နှင်းပပနှင့် အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်တို့မှ လူမှုရေး စီးပွားရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေ ဟောပြောခဲ့ပါသည်။

ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းကို ဆရာတော်ဦးဝီရသူမှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ပြီး အယခုအခါ ဦးရေ (၆၅)ဦးရှိပြီဟု သိရပါသည်။ 








Viewing all articles
Browse latest Browse all 2129

Trending Articles