ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ကန်သာယာ(အထက်ရွာ)သို့ ဆရာမဒေါ်ခင်ထွေး ဆရာမ ဒေါ်စိုးမြတ်ဇံတို့ ဆိုင်ကယ်တစ်စီးဖြင့် သွားကြပါတယ်။
စာသင်စာပြဖို့ သွားတာပါ။
မြို့သူကြီးရွာအလွန်လေးမှာ ဘင်္ဂလီကုလားကားပေါ်မှ ကုလားတစ်ယောက်ဆင်းလာပြီး ဆိုင်ကယ်ကို တွန်းလှဲပစ်လို့ လမ်းဘေးထိုးကျသွားရာမှ ဆရာမနှစ်ယောက်လုံး ဒဏ်ရာရသွားကြပါတယ်။
ဆရာမ ဒေါ်ခင်ထွေး ညာဒူးလေးချက်ချုပ်ရပြီး ခြေကျင်းဝတ်နှင့် ဘယ်ဘက်ဒူး ညာပေါင် ဘယ်လက်ဖမိုးတွေမှာ ဒဏ်ရာရသွားပါတယ်။
ဆရာမ ဒေါ်စိုးမြတ်ဇံကတော့ မျက်နှာမှာ သုံးနေရာ ထိခိုက်ဒဏ်ရာရသွားပါတယ်။
နောက်မှ လိုက်လာတဲ့ကားဟာ အပြာရောင် မှန်လုံကားဖြစ်ပြီး နံပါတ်ကတော့ D-3056 ဖြစ်ပါတယ်။
ကားလိုက်လာလို့ ဆိုင်ကယ်ကို ဘေးကပ်ဖြည်းဖြည်းမောင်းနေတာကို ကားပေါ်မှ ကုလားတစ်ယောက် ထီးကွယ်ဆင်းလာပြီး တွန်းလှဲပစ်လိုက်တာ ဖြစ်ပါတယ်။
21.9.2014 မနက် 10:30 နာရီမှာ ဖြစ်ပွားခဲ့တာပါ။ အခုတော့ ဆရာမ ဒေါ်ခင်ထွေး မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
မြန်မာပြည်မှာ လူနည်းစုဆိုရင် ကရုဏာသက်ဖွယ် ရိုးသားယဉ်ကျေး လိမ္မာရေးခြားမှု အားကြီးလွန်တဲ့ မျိုးနွယ်စုကိုပဲ ပြေးမြင်ကြတာပါ။
မောင်တောမှာ လူနည်းစုလို့ပြောလိုက်ရင် ပြည်မကြီးထဲကလို မွတ်စလင်တွေလို့ မထင်လိုက်ကြပါနဲ့။ မွတ်စလင်က ၉၇ ရာခိုင်နှုန်း၊ ရခိုင်က ၃ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်ဗျာ။
ဒီ သုံးရာခိုင်နှုန်းသော လူနည်းစုလေးကို မနေနိုင်အောင် နည်းမျိုးစုံနှင့် မောင်းထုတ်နေကြတာပါ။
မုဒိမ်းကျင့်တယ်၊ ဓားပြတိုက်တယ်၊ လုပ်ကြံသတ်ဖြတ်တယ် နည်းမျိုးစုံပါပဲ။
ဒါကြောင့် သုံးရာခိုင်နှုန်းသော လူနည်းစုလေးကိုလည်း ကြင်နာကြပါဦးလို့ ဗျိုးဟစ်လို့ ပြောလိုက်ချင် ပါတယ်ဗျာ…….။
ဝီရသူ(မစိုးရိမ်)
22.9.2014 PM 10:50