ကျုံးမငေးမြို့သို့ ရောက်ရှိနေသော အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူသည် ဘကြီးတော်စပ်သူ တည်ထားကိုးကွယ်သော ရွှေဘုန်းပွင့်စေတီတော်အား 10.4.2014 မနက် 8:00 နာရီမှာ ဖူးမြော်ပူဇော်ခဲ့ကြောင်း သိရသည်။
၎င်းနောက် အုန်းပင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တဥာဏိန္ဒ၊ စက်ရုံဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တသုမန တို့ထံ သြဝါဒခံယူကာ ဇေတဝန်ရွှေကျောင်းဆရာတော် ဦးပဏ္ဍိတ၏ အင်္ဂလိပ်စာသင်တန်းဆင်းပွဲမှာ ကျောင်းသူ/သားလေးများအား သြဝါဒတရားဟောကြားခဲ့ကြောင်း သိရသည်။
သာသနာ ပညာ ယဉ်ကျေးမှု
ကောင်း တော် ယဉ်အောင်ပြု။