Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စစ်သွေးကြွ ဖြစ်လာနိုင်သူများကို ခရီးသွားခွင့်ပိတ်ရန် ပြင်သစ်ပါလီမန် အတည်ပြု”

$
0
0
ပါရီ-စစ်သွေးကြွဖြစ်နိုင်ခြေရှိသူများအား အီရတ်နှင့် ဆီးရီးယားနိုင်ငံသို့ သွားရောက်ခြင်းမှ ကာကွယ်ရန် ရွည်ရွယ်သည့် အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေသစ်တစ်ရပ်ကို ပြင်သစ်ပါလီမန်က အတည်ပြုလိုက်သည်။
ယင်းပုဂ္ဂိုလ်များ၏ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်း၍ အရေးယူသွားမည်ဖြစ်သည်။
အကြမ်းဖက်လှုပ်ရှားမှုများ၊ စစ်ပွဲနှင့် လူသားမျိုးနွယ်အပေါ် စစ်ပွဲဆင်နွှဲမှုများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ စစ်ဆင်ရေးများ၊ ပြင်သစ်နိုင်ငံပိုင်နက်သို့ ပြန်လာပါက ပြည်သူ့လုံခြုံရေးကို ယိုယွင်းပျက်စီးစေနိုင်သည့် အခြေအနေများတွင် ပါဝင်ရန် နိုင်ငံခြားသို့ ခရီးသွားမည်ဟု ယုံကြည်ရန် လေးနက်သော အကြောင်းပြချက် များရှိပါက ပြင်သစ်နိုင်ငံသားများအပေါ် ခရီးသွားလာမှု ပိတ်ပင်ခြင်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
ယင်းအစီအစဉ်အရ ခရီးသွားလာခွင့် ပိတ်ပင်ခံရသူမှာ နိုင်ငံကူးလက်မှတ်အပြင် ပြင်သစ်နိုင်ငံသား သက်သေခံ ကတ်ပြားပါ သိမ်းဆည်းခံရမည်ဖြစ်သည်။
“ဒါဟာ လေးနက်တဲ့ အကြောင်းအရာဖြစ်လို့ ခြောက်လဆိုတာ သင့်လျော်တဲ့ အချိန်ကာလတစ်ရပ်ပါ”ဟု ယခုဥပဒေကြမ်းကို ပါလီမန်သို့ တင်ပြခဲ့သော အာဏာရဆိုရှယ်လစ်ပါတီမှ အမတ်ဆာဘက်စတီယန်ပေတရာ ဆန်တာက ပြောသည်။

Ref:AFP

Viewing all articles
Browse latest Browse all 2129

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်