Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီ ၄၀ ခန့်ရန်ပြု၍ သေနတ်ပစ်လူစုခွဲဟုဆို”

$
0
0

အောင်ခိုင်
ရန်ကုန်-စစ်တွေမြို့နယ်မှန်စီချောင်းဝ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် ဘင်္ဂါလီလူမျိုး(၄၀)ခန့်က တုတ်၊ ဓားများဖြင့် ရန်ပြုရန်ကြိုးစားခဲ့သဖြင့် အဓိကရုဏ်းနှိမ်နှင်းရေးစနစ်ဖြင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၁ ရက် ည ၉ နာရီခန့်က မှန်စီရဲကင်းမှတပ်ဖွဲ့ဝင်များ ပင်လယ်ကမ်းခြေတစ်လျှောက် လှည့်ကင်း ဆောင်ရွက်နေစဉ် စက်လှေအကြီးတစ်စီး ကမ်းခြေသို့ ချဉ်းကပ်နေသဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ရာမှ ကမ်းခြေသောင်ပြင်ပေါ်ရှိ လူ ၄၀ ခန့်က လက်နက်များဖြင့် ဝိုင်းဝန်းရန်ပြုရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ရဲတပ်ဖွဲ့က သေနတ်တစ်ချက်ပစ်ဖောက် လူစုခွဲခဲ့သော်လည်း လူစုမကွဲဘဲ ဆက်လက် အော်ဟစ်နေသဖြင့် 38 mmAnti Roit အဓိကရုဏ်းနှိမ်နှင်းရေးသေနတ်ဖြင့် တစ်ချက်ထပ်မံပစ်ဖောက်ခဲ့ရာ ကမ်းခြေရှိလူအချို့ ထွက်ပြေးသွားခဲ့ပြီး ကျန်လူအချို့နှင့် စက်လှေပေါ်မှ လူများကမ်းခြေတွင် ပူးပေါင်း၍ ရန်ပြုရန် ဆက်လက်ကြိုးစားခဲ့သောကြောင့် သေနတ်တစ်ချက်ထပ်မံ ပစ်ခတ်၍ လူစုခွဲခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ်းခြေသို့ ဆိုက်ကပ်နေသော စက်လှေမှာ ပင်လယ်ဘက်သို့ ချက်ချင်းပြန်လည်ထွက်ခွခဲ့ရာ ကမ်းခြေမှ ပေ ၂၀၀ ကျော်ခန့်အကွာတွင် ငါးဖမ်းပိုက်များနှင့် ညှိ၍ စက်ရပ်တန့်သွားခဲ့ရသည်ဟု ဆိုသည်။ အခင်းဖြစ်ပွားရာနေ ရာသို့ လုံခြုံရေးတပ်ဖွဲ့များထပ်မံရောက်ရှိပြီး အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကာ အဆိုပါစက်လှေကို ကမ်းခြေသို့ နြပ်လည်ဆွဲယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ယင်းစက်လှေပေါ်တွင် ဘင်္ဂါလီလူမျိုး ကျားသုံးဦး၊ မ ခြောက်ဦး၊ စားနပ်ရိက္ခာ၊ ခရီးဝေးသွားပစ္စည်းများဖြင့် တွေ့ရကြောင်း ဖော်ပြထားသည်။
အခင်းဖြစ်ပွားရာနေရာအနီး ပင်လယ်ကမ်းစပ်တွင် အမည်မသိ ဘင်္ဂါလီလူမျိုး အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသဖြင့် စစ်ဆေးရာ စက်လှေပေါ်မှ ခုန်ချထွက်ပြေးစဉ် ရေနစ်သေဆုံးခဲ့ ကြောင်း စစ်ဆေးတွေ့ရှိ၍ စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။ ယင်းဖြစ်စဉ်ကို  စစ်တွေအမှတ်(၁) ရဲစခန်းသို့ လွှဲပြောင်းပေး၍ စစ်ဆေးဆောင်ရွက် နေသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားခဲ့သော စစ်တွေမြို့အနောက်ပိုင်းဒေသတွင် ဘင်္ဂါလီဒုက္ခသည်စခန်းများ၊ ကျေးရွာများတည်ရှိပြီး ခန့်မှန်းလူဦးရေ တစ်သိန်းခန့်ရှိကြောင်း သိရသည်။ သို့သော် ဒေသတွင်း အဖွဲ့အစည်းများကမူ ပင်လယ်ပြင်မှ တစ်ဆင့် ခိုးဝင်လာမှုများရှိသဖြင့် ယင်းပမာဏထက်ပိုများနိုင်ကြောင်း ပြောသည်။
ယင်းစစ်တွေအနောက်ပိုင်းဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို ဘင်္ဂါလီလူမျိုးများက လူအုပ်စုဖြင့် ရန်ပြုခြင်းများ ၂၀၁၃ ခုနှစ်ဆန်းမှစ၍ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်တွေအနောက်ဘက် ပင်လယ်ကမ်းခြေလုံခြုံရေးကို ပလ္လင်ပြင်၊ အောင်ဒိုင်၊ ဗေဒါ(မှန်စီ)၊ ပိုက်ဆိပ်၊ သဲချောင်းဝ စသည့်နေရာများတွင် စခန်းငယ်များထားရှိဆောင်ရွက်နေကြောင်း အမှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲရေးအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
“ဒါ့အပြင် ခိုးဝင်ခိုးထွက်နိုင်တဲ့ နေရာတွေမှာလည်း လှည့်ကင်းနဲ့တွေ့လို့ဖြစ်တာ” ဟု ၄င်းကဆိုသည်။

လက်ရှိအချိန်တွင် ဘင်္ဂါလီလူမျိုးအများစုနေထိုင်သော စစ်တွေအနောက်ဘက် ဒေသတွင် ရဲတပ်ရင်း (၃၆)၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် တပ်မတော်မှ ခမ(၇၂၇၀) က တာဝန်ယူလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်