15.9.2014 မွန်းလွဲ 1:00 ချမ်းမြသာစည်မြို့နယ်၊ ဓမ္မဓရ ဝါဆိုကျောင်း နိုင်ငံတော်ဓမ္မကထိက ဓမ္မဓရဆရာတော် အရှင်ကုမာရ၏ တပည့်လေးများဖြစ်သော သာမဏေကျော် ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် ဖြေဆိုမည့် ရှင်သာမဏေလေးများအား ဟောကြားခြင်းဖြစ်သည်။
ချမ်းမြသာစည်မြို့နယ်၊ ဝိနည်းဓိုရ်ဆရာတော်များ၏ မတရားဆုံးဖြတ်မှုကို မှုစရာမလိုကြောင်း၊ ဒီနေရာ ဒီဆရာ ဒီသံဃာနှင့် ဒီသာသနာ ရေရှည်မြင်လိုကြောင်း၊ တစ်ဖဝါးမှ ခွါစရာမလိုကြောင်း၊ အမြဲတန်း အကာအကွယ် ပေးသွား ရပ်တည်ပေးသြွးမည်ဖြစ်ကြောင်း၊ စာမေးပွဲကိုသာ အာရုံစိုက် ကြိုးစားစေလိုကြောင်းများ ထည့်သွင်း ဟောကြားခဲ့ခြင်းဖြစ်သည်။
ဓမ္မဓရဝါဆိုကျောင်းကို သိက္ခာ ၈ ဝါသာရသေးသည့် တောထွက်ကိုယ်တော်ကြီး ဦးနန္ဒဝံသ နှင့် အဓမ္မဝါဒ များဟောကြားနေသည့် လေးကျွန်းစင်္ကြာဆရာတော် ဦးကာရုညသိဒ္ဓိတို့က ဝင်လုနေခြင်းဖြစ်ပြီး၊ ချမ်းမြသာစည် မြို့နယ်၊ ဝိနည်းဓိုရ်ဆရာတော်များက သာသနာမျက်နှာမကြည့်ဘဲ အဂတိလိုက်ကာ မတရားဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။