Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“လားရှိုး မ.ဘ.သ ကြေညာချက်”

$
0
0
“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ပြည်နယ်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်”
“သဘောထားကြေငြာချက်(၉/၂၀၁၄”
ရက်စွဲ-၂၀၁၄ခုနှစ်၊ စက်တင်ဘာလ(၇)ရက်
၁၃၇၆ ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်(စက်တင်ဘာလ-၆ရက်၊၂၀၁၄)ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာ အပ်သော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ကြေငြာချက်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်)ရှမ်း/မြောက်၊ လားရှိုးက အပြည့်အဝထောက်ခံလိုက်သည်။ အဆိုပါ အယ်ကိုင်ဒါ အဖွဲ့၏ ကြေငြာချက်နှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်) ရှမ်း/မြောက်၊ လားရှိုး၏ သဘောထားမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ မြန်မာနိုင်ငံ၏ အနောက်တံခါး(ရခိုင်ပြည်နယ်)သာမက မြန်မာနိုင်ငံ၏ အရှေ့ဘက်တံခါး (တရုတ်ပြည်-ရွှေလီ) ဘက်မှလည်း အကြမ်းဖက်အန္တရာယ် ဝင်ရောက်လာနိုင်သည့်အတွက် ထိုဒေသရှိ မြန်မာတိုင်းရင်းသူ/ သား၊ ရဟန်း၊ ရှင်၊ လူ အပေါင်းတို့က သတိကြီးစွာဖြင့် စောင့်ကြည့်ကာ မိမိဒေသရှိ မ.ဘ.သ အဖွဲ့များနှင့် ချိတ်ဆက်ပြီး သက်ဆိုင်ရာများနှင့် ပူးပေါင်းကာကွယ်ကြရန် တိုက်တွန်းသည်။
၂။ နိုင်ငံတော်အတွက် ပြည်သူ့အတွက်ဆိုသော ပါတီအသီးသီးတို့က ယခုလို နိုင်ငံတော်လုံခြုံရေး၊ အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်လာနေချိန်တွင် နှုတ်ဆိတ်နေကြခြင်းကို ပြင်းထန်စွာ ရှုတ်ချသည်။
၃။ ယခုလို အယ်ကိုင်ဒါ အဖွဲ့က မြန်မာနိုင်ငံကို အကြမ်းဖက်ရန် အတိအလင်း ထုတ်ဖော် ပြောဆို ခြိမ်းခြောက် လာချိန်တွင် အတိအလင်း ဝိုင်းဝန်း ကန့်ကွက် ရှုတ်ချကြသော မည်သည့်အဖွဲ့အစည်းများနှင့်မဆို တူညီသော ဆန္ဒရှိကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
အရွင္အဂုၤရ
အထွေထွေအတွင်းရေးမှူး
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်)လားရှိုး၊ ရှမ်း/မြောက်



Viewing all articles
Browse latest Browse all 2129

Trending Articles