12.9.2014 ည 7:00 အမရပုရမြို့နယ်၊ ကြည့်မြင်တိုင်ရွာ၊ ရွှေကြည့်မြင်ဘုရား၊ ရွှေကြည့်မြင်ကျောင်းတိုက်၊ သစ္စဝေဒဂူမိုးကုတ်ဝိပဿနာ(၇)ရက် တရားစခန်းဖွင့်ပွဲ အခမ်းအနားမှာ ဟောကြားသည်။
အမရပုရမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆင်ဖြူမယ်ကျောင်းဆရာတော်ကြီးနှင့် ဆရာတော်လေး ဦးအဂ္ဂတို့လည်း ချီးမြှောက်ကြသည်။
“ထေရဝါဒ သာနသာ တရားတော်”
ထေရဝါဒဆိုသည်မှာ မထေရ်မြတ်တို့သာသနာ။
သာသနာဆိုတာ အဆုံးအမ မြတ်ဘုရားသြဝါဒ။
အကုသိုလ်များ ရှောင်ရှားပယ်လေ
ကုသိုလ်တရား ဖြစ်ပွားစုံစေ
မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ
ဤသုံးပါး ဘုရားဆုံးမပေ။