Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တတ်လည်းတတ်နိုင်လွန်းပါတယ်”

$
0
0
ယုတ္တိရှိရှိလေးလည်း လုပ်ကြပါ။
မချောစုဝင်းမှာ အိမ်ထောင်ရှိပါတယ်။ ကလေးတစ်ယောက်လည်းရှိပါတယ်။
ဦးပဉ္စင်းနဲ့လည်း မနေ့က(10.9.2014) မှ စကားပြောဖူးတာပါ။
သူအကူအညီလာတောင်းတုန်းက တပည့် ဦးဇင်းလေးကပဲ အမှုကိုလက်ခံပေးထားတာပါ။
တပည့်လေးက အမှုတွဲကို စာစီတင်ပြမှ စာရေးသူက လိုအပ်သလို ဌာနဆိုင်ရာအသီးအသီးအတွက် ညွှန်ကြားပေးရတာပါ။
(16.8.2014) ရက်စွဲပါ  ဖေးဘုတ်မှ “မဟုတ်တရုတ် မလုပ်နဲ့” ပို့စ်ထဲမှ မချောစုဝင်းပုံကို တွေ့ရှိပြီး လုပ်ကြံလိုက်တာပဲ ဖြစ်ပါတယ်။
လူထွက်စေချင် မိန်းမယူစေချင်တယ်ဆိုရင်လည်း လင်ရှိမယား တစ်ခုလပ် မုဆိုးမ စတဲ့ မလွတ်မလပ်တွေနဲ့ မပေးစားဘဲ အပျိုစင်ကုလားမ လှလှလေးတွေ၊ ဖွေးဖွေးဥဥ နုနုလေးတွေနဲ့ လုပ်ကြံရေးသားမယ်ဆိုရင် သဘောတူပါတယ်။
အခုလိုပဲ ဖုန်းနံပါတ်လေးတွေ ဓာတ်ပုံလေးတွေတွဲပြီးတော့ ထည့်ပေးလိုက်ပါနော်။
ဝီရသူ(မစိုးရိမ်)
11.9.2014
PM 9:19
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“သီတဂူဆရာတော်ကြီးက ဦးဝီရသူကို လူဝတ်လဲခိုင်းသည့်သတင်း မဟုတ်ဟုဆို”
မန္တလေး စက်တင်ဘာ ၁၀
လူမှုကွန်ရက်စာမျက်နှာတစ်ခု၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖော်ပြထားသည့် မန္တလေးမြို့တော် မစိုးရိမ်ကျောင်းတိုက်ဆရာတော် အရှင်ဝီရသူကို သီတဂူဆရာတော်ကြီးက လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားခဲ့သည်ဟု ဖော်ပြမှုမှာ လွဲမှားစွာ ဖော်ပြထားခြင်းသာဖြစ်ကြောင်း အရှင်ဝီရသူက The Voice သို့ မိန့်ကြားသည်။
“လတ်တလောမှာ သီတဂူဆရာတော်ကြီးက ဘုန်းဘုန်းကို ဘာမှ မမိန့်ထားပါဘူး။ ဖေ့ဘုတ်မှာ ဖော်ပြတာ လုံးဝမှားပါတယ်။ ဘုန်းကြီးအနေနဲ့ ကိုယ့်လမ်းကြောင်းကို ကိုယ်သွားနေတာပါ။ ခရီးမတွင်မှာစိုးတဲ့အတွက် ဖော်ပြတဲ့မီဒီယာကိုလည်း ဘာမှမတုံ့ပြန်ပါဘူး။ ဘက်ပေါင်းစုံကနေ ဘုန်းကြီးကို ထိုးနှက်နေကြတာပါ။ ဘုန်းကြီးမှာ ဘာအားနည်းချက်မှ မရှိပါဘူး” ဟု ၄င်းက ဆက်လက်မိန့်ဆိုသည်။
လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် Myanmar News Update တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်အရှင်ဉာဏိဿရက မန္တလေးမြို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြု ရန် မိန့်ကြားလိုက်ကြောင်း ဖော်ပြထားသည်။
မစိုးရိမ်တိုက်သစ်တွင် ကိုရင်ယောင်ဆောင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီးနောက် သီတဂူ ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^



“ဥူးဝီရသူအားလူဝတ်လဲ၍ အိမ်ထောင်ပြုရန် သီတဂူဆရာတော်မိန့် ကြား”

၈၊ စက်တင်ဘာ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထေရ်ကြီးဝါကြီးဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt ) က မုဒိမ်းကိုယ်တော်ဟု Facebook တွင် နာမည်ကြီးနေသည့် မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဥူးဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့် ကြားလိုက်ကြောင်း သတင်းရရှိသည်။

မစိုးရိမ်တိုက်သစ်တွင် ကိုရင်ယောင်ဆောင်ထားသော အမျိုးသမီးတစ်ဦးအားတွေ့ ရှိပြီးသည့်နောက် သီတဂူဆရာတော်က ထိုကဲ့သို့ မိန့် ကြားခဲ့ခြင်းဖြစ်ကြောင်း မစိုးရိမ်တိုက်သစ်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းကပြောကြားသည်။

ဥူးဝီရသူသည် ဗုဒ္ဓဘာသာအား သိက္ခာချသူတစ်ယောက်အဖြစ် ကမ္ဘာ့ အသိုင်းအ၀ိုင်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူများအသိုင်းအ၀ိုင်းတွင် နာမည်ပျက်ထားသူတစ်ဦးလည်းဖြစ်သည်။ ဥူးဝီရသူအား ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မျက်နှာဟု ဖော်ပြခဲ့သည့်အပြင် The Independen သတင်းစာကြီးကလည်း ကြမ်းတမ်းရိုင်းစိုင်းသော ဗုဒ္ဓဘာသာတစ်ဦးအဖြစ် တင်စားရေးသားခဲ့သည်။

ဥူးဝီရသူအနေဖြင့် လူထွက်လျှင် မည်သည့်အမျိုးသမီးနှင့် အိမ်ထောင်ပြုမည်ကို မသိရသေးသော်လည်း ၄င်းထံသို့ မုဒိမ်းမှုလာအပ်ရာမှ ရင်းနှီးကျွမ်းဝင်သွားခဲ့သူ မချောစုဝင်း၊ (၃၀)နှစ်၊ (ဘ) ဦးတင်မောင်ဆွေ၊ ဖုန်း- 09.402616054 နှင့် မေတ္တာမျှလျှက်ရှိကြောင်း မစိုးရိမ်တိုက်သစ်စာသင်သား ခေမာစာရိက သတင်းပေးသည်။

အောင်ဇေယျတုဂျာနယ်

မောင်ဥသြ



Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း