Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား”

$
0
0
9.9.2014 ရန်ကုန်မြို့၊ MCC ခန်းမမှာ ကျင်းပခဲ့တဲ့ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားမှာ စာရေးသူ ဟောပြောခဲ့တဲ့ ခေါင်းစဉ်က “ပါရမီရှင်ဆရာတော်ဦးဥတ္တမ” ပဲ ဖြစ်ပါတယ်။
ဆရာတော် ဦးဥတ္တမ ခန္တီပါရမီ မေတ္တာပါရမီ နေက္ခမ္မပါရမီ ဖြည့်ကျင့်ခဲ့ပုံများကို ရည်ညွှန်းပြောခဲ့တာပါ။
စာရေးသူ ၂၀၀၈ ခုနှစ်၊ အိုးဘိုတက္ကသိုလ်ကျောင်းတော်ကြီးမှာ အဆင့်မြင့်နိုင်ငံရေးသိပ္ပံပညာသင်ယူရင်း စပ်ဆိုခဲ့တဲ့ “ထောင်တန်ဘူးကဗျာ” ၃၆ ပိုဒ်ထဲမှ ၆ ပိုဒ်ကို ရွတ်ပြပြီး ဆရာတော်ဦးဥတ္တမနှင့်သက်ဆိုင်သည့် နောက်ထပ်တစ်ပိုဒ်ကို အသစ်စပ်ဆို ဟောပြောခဲ့ပါတယ်။
“ထောင်တန် “ဘူး” ကဗျာ”
ဂဠုန်စောရဲ့လုပ်ကြံမှုဟာ
အကြီးအကဲရဲ့ သဘောထားလောက်
ဗိုလ်ချုပ်အပေါ်မှာ
မနာကျင်စေခဲ့ပါဘူး။
ခန္တီဝါဒီရသေ့ကို ရိုက်သတ်ခဲ့တဲ့
ကလာဗုမင်းရဲ့ သတ္တိဟာ
မိန်းမသားတစ်ယောက်ကို
အနိုင်ကျင့်ရဲတဲ့
ဗိုလ်ချုပ်ကြီးတွေရဲ့ မိုက်မဲမှုလောက်
မပြောင်မြောက်ခဲ့ပါဘူး။
ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်နေချိန်မှာ
တယောထိုးမပျက်ခဲ့တဲ့
နီရိုးဘုရင်ရဲ့ ဂီတအရသာဟာ
နာဂစ်ဘေးကို ကုသဖို့အတွက်
စိတ်ကူးယဉ် အိပ်မက်ခဲ့တဲ့
အကြီးအကဲရဲ့ လ္ဘက်ရည်ပွဲလောက်
မချိုမြိန်ခဲ့ပါဘူး။
သားတရားစီရင်ခန်းလာ
ဘီလူးမရဲ့ ကြမ်းကြုတ်မှုဟာ
နာဂစ်အရေးလာ
အကြီးအရဲ့ မေတ္တာတရားလောက်
မရက်စက်နိုင်ခဲ့ပါဘူး။
တိန့်ရှောင်ဖိန်ရဲ့
တီအမ်မင်နှိမ်နှင်းရေးဟာ
န.အ.ဖ ရဲ့
ရွှေဝါရောင်စစ်ဆင်ရေးလောက်
စက်ဆုပ်စရာမကောင်းပါဘူး။
ပုခုံးပေါ်က
ငွေစင်ကြယ်တွေကို
ဓူဝံကြယ်လိုသဘောထား
“စိန်” ကို
“ရွှေ” နဲ့
ကွပ်ချင်နေသလား။
(၁၃၇၀၊ ဝါခေါင်လဆန်း၁၃၊ 14.8.2008)
ဒေဝဒတ်ရဲ့ ကျေးဇူးကန်းမှုဟာ
ဦးဥတ္တမပန်းခြံကို
ကန်တော်မင်းပန်းခြံလို့
သတ်မှတ်ပစ်လိုက်သူတွေလောက်
မယုတ်မာခဲ့ပါဘူး။        ။(9.9.2014)
(ကဗျာရှည်ကြီးကိုလည်း သီးသန့်တင်ပေးပါမည်။ ဗီဒီယိုဖိုင်လ်ကိုလည်း Youtube တင်ပေးပါမည်။)





























Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...