Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မ.ဘ.သအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်”

$
0
0
နေ့စွဲ-တော်သလင်းလဆန်း ၁၃-ရက်၊ ၁၃၇၆ခု၊(စက်တင်ဘာလ ၆၊ ၂၀၁၄) စနေနေ့။
အကြောင်းအရာ။         ။ စက်တင်ဘာလ၊ ၃-ရက်နေ့တွင် ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်အရ အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အေမန်အယ်လ်ဇာဝါဟရီ၏ အစ္စလာမ်မဟုတ်သည့် ရန်သူများအပေါ် ဂျီဟတ်လုပ်ဖို့ ကြေညာချက်နှင့် ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်းနှင့် မြန်မာလူမျိုးတိုင်း၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မလွှဲမသွေ ပြုလုပ်ဖို့လိုကြောင်း သဘောထားထုတ်ပြန် ကြေညာခြင်း
အထက်ဖော်ပြပါ အကြောင်းအရာနှင့်ပတ်သက်၍ စက်တင်ဘာလ ၃-ရက်နေ့က ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်အရ အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အေမန်အယ်လ်ဇာဝါဟရီက
၁။ ရန်သူတွေအပေါ် ဂျီဟတ်လုပ်ကြဖို့
၂။ မွတ်စလင်တွေ နေထိုင်ရာမြေတွေမှာ လွတ်မြောက်အောင်လုပ်ဆောင်ကြဖို့
၃။ အစ္စလာမ်နည်းကျ အချုပ်အခြာအာဏာထူထောင်ဖို့
၎။ တစ်ဦးတည်းသော ခေါင်းဆောင်အောက်တွင် စုစည်းကြဖို့
၅။ အရှေ့တောင်အာရှတစ်ခွင်မှာ ဂျီဟတ်အလံလွှင့်တင်ဖို့ ရည်ရွယ်ချက်နှင့် အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ခွဲ  ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း၊ ၄င်းအပြင်
အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန်အယ်လ်ဇာဝါဟရီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေက မွတ်ဆလင်တွေအတွက် အယ်လ်ကိုင်ဒါနဲ့ အိန္ဒိယအဖွဲ့ခွဲ ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့သည့် စက်တင်ဘာ၃ရက်နေ့က ကြေညာလိုက်ပါသည်။
ထိုသို့အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်ဒါအဖွဲ့ဖွဲ့စည်းခြင်းဟာ မြန်မာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံပြည်နယ် အချို့မှာရှိသည့် မွတ်စလင်တွေနှင့်ပူးပေါင်းပြီး အဆိုပါ မြန်မာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ကို ဂျီဟတ်လုပ် ဖို့ ရည်ရွယ်ကြောင်းလည်း သိရသည်။
အဆိုပါ တစ်ဖက်သားအပေါ် မတရားဗိုလ်ကျ၊ လွှမ်းမိုး၊ အနိုင်ကျင့်သည့် သဘောထားမျိုး၊ လုပ်ရပ်မျိုးသည် ယနေ့ခေတ် ၂၁ ရာစု လူ့အသိုင်းအဝိုင်း၌ လုံးဝမရှိသင့် မလုပ်သင့်သောအရာသာ ဖြစ်ပါသည်။
ထိုကြေညာချက်အပေါ် မြန်မာ့တိုင်းရင်းသူ/သား ရဟန်း ရှင် လူ အားလုံး၏ကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်လိုက်ပါသည်။
မြန်မာနိုင်ငံ၏ တာဝန်ရှိသူ အားလုံးတို့ကလည်း လိုအပ်သော စီမံမှုများအားလုံးကို ပြည့်စုံအောင် စီမံကြပါဟု တိုက်တွန်းပါသည်။
သတိမူစရာ
နဂိုက ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ခဲ့သည့် အိန္ဒိယ-နာလန္ဒာတက္ကသိုလ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား စသော နိုင်ငံတို့ကိုလည်း ဂျီဟတ်လုပ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် မြောက်များစွာကို သတ်ပစ်ခဲ့ကြဖူးသည်။ ၁၉၆၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ သမ္မတဆူကာနိုလက်ထက်တွင် လူပေါင်းခြောက်သောင်းထက်မနည်းကို ဂျီဟတ်လုပ်ပြီး သတ်ဖြတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၌လည်း အဆိုပါ အတိတ်က သမိုင်းဖြစ်ရပ်မှန်များ နိုင်ငံသမိုင်းများကို သင်္ခန်းစာမယူဘဲ နေမြဲတိုင်း အမှုမဲ့ အမှတ်မဲ့နေလျှင် မကြာမီ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာ ပျောက်ကွယ် သွားတော့မည်။
ထို့ကြောင့် တိုင်းသူပြည်သားအားလုံးတို့ကလည်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများကို သွေးအေးမနေကြဘဲ တာဝန်ကိုယ်စီယူကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မ.ဘ.သအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။





Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...