7.4.2014 မွန်းလွဲ 1:00၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ လှည်းကုန်း၊ မိကျောင်းအိုင်ရွာ၊ ဝိသုဒ္ဓါရာမကျောင်းတိုက်၊ တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲမှာ ဟောကြားသည်။
မနက် 3:00 နာရီခန့်တွင် ရွာခံအချို့မှ လမ်းဘေးတစ်လျောက် ဆိုင်ကယ်ဖြင့် စာရွက်စာတန်းများ ကျဲဖြန့်ထားကြကြောင်း၊ ဆရာတော် ဦးဝီရသူထံ မေတ္တာရပ်ခံခြင်း ခေါင်းစဉ်ပါအချက်(၅)ချက်ရေးသားထားကြ ကြောင်း၊ မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ဟု အမည်တပ်မထားသော်လည်း ရွာသူ/သားများက သိကြကြောင်း၊ ဝိသုဒ္ဓါရာမဆရာတော်ကြီးက ဦးဝီရသူအား မည်သူမဆို မေးခွန်းများ မေးနိုင်ကြောင်း၊ စာရွက်ဖြန့်ဝေသူများကိုလည်း ဖိတ်ကြားကြောင်း အသံချဲ့စက်ဖြင့် လှည့်လည် ဖိတ်ကြားခဲ့သည်ဟု သိရသည်။
အဆိုပါ အချက်ငါးချက်ကို ဦးဝီရသူက တစ်ချက်ချင်းဖြေရှင်းခဲ့သည့်အပြင်၊ သင်တန်းသူ/သားများ ပရိသတ်များ မေးသည့် မေးခွန်းများကိုလည်း ဖြေကြားခဲ့ကြောင်း သိရသည်။