Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တရုတ်လူမျိုးဟု ယူဆရသော IS အဖွဲ့သားတစ်ဦး၏ဓာတ်ပုံ ထွက်ပေါ်”

$
0
0
ဟောင်ကောင်၊ စက်တင်ဘာ ၎
တရုတ်လူမျိုးဟု ယူဆရသော Islamic State အဖွဲ့သားတစ်ဦးကို အီရတ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးမိထားသည့် ဓာတ်ပုံနှစ်ပုံ အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိကြောင်း CAN သတင်းဌာနတွင် ဖော်ပြထားသည်။
အကယ်၍ ထိုဓာတ်ပုံထဲမှ Islamic State အဖွဲ့သားသာ တရုတ်လူမျိုးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့မည်ဆိုပါက ၄င်းသည် အစွန်းရောက်ဆွန်နီ လက်နက်ကိုင်အဖွဲ့အတွက် တိုက်ခိုက်ပေးနေကြောင်း တွေ့ရှိရသည့် ပထမဆုံး တရုတ်နိုင်ငံသားဖြစ်လာမည်ဖြစ်သည်။
ထိုတရုတ်နိုင်ငံသားဟု ယူဆရသော Islamic State အဖွဲ့သား၏ ဓာတ်ပုံနှင့်ပုံသည် ပြီးခဲ့သော အင်္ဂါနေ့က အီရတ်ကာကွယ်ရေးဝန်ကြီးဌာနဟု အာရပ်ဘာသာစကားဖြင့် အမည်တပ်ထားသော Facebook စာမျက်နှာ တစ်ခုတွင် စတင်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ထွက်ပေါ်ခဲ့သော ဓာတ်ပုံ နှစ်ပုံအနက်မှ တစ်ပုံထဲတွင် လက်မောင်း၌ IS အဖွဲ့တံဆိပ်ကို ဆေးမင် ကြောင်းထိုးထားသူတစ်ဦးကို မျက်နှာတွင် သွေါ်များပေကျံလျက်နှင့် အီရတ်စစ်သားတစ်ဦး၏ ဘေးတွင်ရပ်နေ သည်ကို တွေ့ရပြီး ကျန်တစ်ပုံထဲတွင်မူ ထိုသူကို မြေပြင်ပေါ်တွင် လဲကျနေသည့် အနေအထားနှင့် တွေ့ရှိရသည်။
ယင်းဓာတ်ပုံများနှင့်ပတ်သက်၍ အီရတ်ရှိတရုတ်သံရုံးကို ဆက်သွယ်မေးမြန်းရာ မှတ်ချက်တစ်စုံတစ်ရာ မပေးကြောင်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အီရတ်အစိုးရကလည်း မည်သို့မျှ တုံ့ပြန်ပြောကြားခဲ့ခြင်း မရှိကြောင်း South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသားဟု ယူဆရသော IS အဖွဲ့သား၏ ဓာတ်ပုံကို စတင်ဖော်ပြခဲ့သော Facebook စာမျက်နှာ ဟုတ် မဟုတ်ကို လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
အီရတ်ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားသော Facebook စာမျက်နှာတွင် ထိုဓာတ်ပုံများကို မတွေ့ရှိရသော်လည်း အပြင်အဆင်နှင့် ဒီဇိုင်းပိုင်းတွင်မူ ထို Facebook စာမျက်နှာနှင့် ဓာတ်ပုံ များဖော်ပြထားသည့် Facebook စာမျက်နှာတို့မှာ တစ်ပုံစံတည်းတူညီသည်ကို တွေ့ရသည်။
အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးသံတမန် မစ္စတာဝူဆစ်ခေကမူ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသရှိ အစ္စလာမ္မစ် အစွန်းရောက်များသည် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ပြီး လေ့ကျင့်မှု ခံယူထားသူများဖြစ်ကြောင်းနှင့် ၄င်းတို့ထဲတွင် အီရတ်နိုင်ငံသို့သွားရောက်ပြီး အကြမ်းဖက်အဖွဲ့များအတွက် တိုက်ခိုက်ပေးသူများလည်း ရှိနိုင်ကြောင်း ပြီးခဲ့သောလအတွင်းက ပြောကြားခဲ့ဖူးသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အကြမ်းဖက်အဖွဲ့များအတွက် တိုက်ပွဲဝင်ပေးနေသော တရုတ်နိုင်ငံသား မည်မျှ ရှိမည်ကို မခန့်မှန်းတတ်သော်လည်း မီဒီယာများတွင် ဖော်ပြထားချက်အရဆိုလျှင် ၁၀၀ ခန့်ရှိလိမ့်မည်ဟု ယူဆရသည်ဟုလည်း မစ္စတာဝူကပြောကြားထားသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။