Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နဂါးနီစုဘူးအသင်း(အမှတ်-၁) အသင်းဝင်များ တိုးပွားလာ”

$
0
0
ဒီနေ့ 3.9.2014 မွန်းလွဲ 1:00 ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ကန်ဝင်မင်းကြီးကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ နဂါးနီစုဘူး နှစ်ပတ်လည်အခမ်းအနားဖြစ်ပါတယ်။
1.9.2014 မှာ တည်ထောင်ခဲ့တာ 1.9.2014 မှာဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
သိန်းအစိတ် မ-တည်ပေးခဲ့ရာမှ အခုဆိုရင် သိန်း(၁၀၀)ထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အသင်းသူ/သား ၁၁၅ယောက်မှ ၁၈၄ ယောက်ထိ တိုးပွားလာသလို၊ သိန်း(၁၀၀)မ-တည်ငွေ ထုတ်ပေးရာမှ (၁၄၆)သိန်းထိ တိုးပွားလာခဲ့ပါတယ်။
တစ်သိန်းတန် ၉၄ ဦး
ငါးသောင်းတန်း ၉၀ ဦး အတွက် စုစုပေါင်း (၁၃၉)သိန်း ထုတ်ပေးနိုင်ခဲ့ပါတယ်။
နဂါးနီစုဘူးအသင်းသူ/သားများ ရရှိကြတဲ့ ခံစားခွင့်တွေကတော့ ကျန်းမာရေးအတွက် ဆေးကုသစရိတ် သုံးသောင်းကျပ်၊ နာရေးစရိတ်အတွက် တစ်သိန်းကျပ် ထောက်ပံ့ကြေးရသည့်အပြင်၊ ရင်သွေးငယ်များ ပညာသင်စရိတ်အတွက်ပါ ထောက်ပံ့ကြေးရကြတာ ဖြစ်ပါတယ်။
နောက်ထပ် (၂၀)ဦး အသင်းဝင်ခွင့်တောင်းထားတာရှိပြီး စိစစ်ပြီး လက်ခံသွားမှာ ဖြစ်ပါတယ်။
ငါးသောင်းတစ်သိန်းကျပ်ဆိုတာ တတ်နိုင်သူတွေအတွက် မုန့်ဖိုးပဲဖိုး လောက်သာ ရှိပေမယ့် မတတ်နိုင်သူတွေ ကတော့ အခုလိုပဲ အလုအယက် တိုးဝှေ့ ထုတ်ယူနေတာဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုကို လျှော့ချလိုသူများ အပြောမဟုတ် အလုပ်နှင့် သက်သေပြလိုပါက နဂါးနီစုဘူးအသင်းသို့ ဆက်သွယ်နိုင်ပါတယ်။
“နဂါးနီ အဓိဋ္ဌာန်”
စည်းကမ်းဥပဒေ၊ နည်းလမ်းတွေ၊ ရိုသေလိုက်နာကြပါမည်။
ဘာသာတရား၊ လွန်လေးစား၊ ဝပ်တွားရိုသေကြပါမည်။
သောက်စားပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်ကြပါမည်။
ရိုးရိုးသားသား နိုးနိုးကြား ကြိုးစားရှာဖွေကြပါမည်။
ဆက်သွယ်ရန်
ဦးဇဝန(နာယကဆရာတော်)09.33469932
ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ)09.91039260

ဒေါ်ကြင်ကြင်မြိုင် 09.91015341













Viewing all articles
Browse latest Browse all 2129

Trending Articles