ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှ ဦးထွန်းဝင်း+ဒေါ်ဝင်းမိသားစုနှင့် အောင်သပြေမိသားစုမှ ဆရာမများ အမှူးပြုသော ဘုရားဖူးအဖွဲ့၏ အလှူဒါနလေးပါ။
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း မနက် 6:00 နာရီ အုန်းနို့ခေါက်ဆွဲ၊ မနက် 11:00 နေ့ဆွမ်း ဆက်ကပ်တာဖြစ်ပါတယ်။
ဆွမ်းအနုမောဒနာတရားအဖြစ် မြန်မာတွေမွဲရခြင်း အကြောင်းတရားများကို ရှာဖွေဖော်ထုတ်တဲ့
အနေနဲ့ သမ္ပဒါ တရားလေးပါးဟောကြားခဲ့ပါတယ်။
၁။ မြန်မာအများစုဟာ-ဝီရိယနည်းပါကြပါတယ်။ (ဥဋ္ဌာနသမ္ပဒါ-ချို့ယွင်းကြပါတယ်)
၂။ ခြွေတာစုဆောင်းမှု မရှိကြပါဘူး။ (အာရက္ခသမ္ပဒါ-ချို့ယွင်းကြပါတယ်။)
၃။ မိတ်ဆွေကောင်းမရှိကြပါဘူး။ (ကလျာဏမိတ္တသမ္ပဒါ-ချို့ယွင်းကြပါတယ်။)
၎။ အသုံးအဖြုံးကြီးကြပါတယ်။ (သမဇီဝိတသမ္ပဒါ-ချို့ယွင်းကြပါတယ်။)