29.8.2014 မနက် 10:30 နာရီ မစိုးရိမ်တိုက်ကြီး အဘိဓမ္မနယူပဒေသကျောင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ၊ မစိုးရိမ်နာယကဆရာတော်များ၊ တပည့်ကြီးငယ်များ ကြွရောက်ချီးမြှောက် ကြပါတယ်။
ပျံလွန်တော်မူခဲ့တာ တစ်လပြည့်ပြီဖြစ်သော မစိုးရိမ်တိုက် မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တသာဂရာဘိဝံသ အား ရည်စူး၍ တပည့်၊ ဒကာ၊ ဒကာမ များက စုပေါင်းကုသိုလ်ပြုတာ ဖြစ်ပါတယ်။
မဟာနာယကဆရာတော်ကြီးဟာ မဘသ ဗဟိုဦးဆောင် ဆရာတော်ထဲက တစ်ပါးဖြစ်တဲ့ နိရုတ္တိနယူပဒေသ ကျောင်းနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသရဲ့ ဆရာရင်းဖြစ်ပြီး အဘိဓမ္မနယူပဒေသကျောင်းဟာ လည်း ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသကို နာယကတစ်ပါးအဖြစ် မွေးဖွားပေးခဲ့ရာ မိခင်ကျောင်းပဲ ဖြစ်ပါတယ်။