Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မ.ဘ.သအဖွဲ့ (ဗဟို)၏ သဘောထား ထုတ်ပြန်ချက်”

$
0
0


နေ့စွဲ - တော်သလင်းလဆန်း ၄ ရက်၊ ၁၃၇၆-ခုနှစ်၊ (သြဂုတ် ၂၈၊ ၂၀၁၄) ကြာသပတေးနေ့။
အကြောင်းအရာ။         ။ ဆီးရီးယားနိုင်ငံ၊ အီရတ်မြောက်ပိုင်းတို့၌ရှိသော ISအဖွဲ့များနှင့် အချို့သော ဘာသာရေး အစွန်းရောက်များ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် မဘသ အဖွဲ့ (ဗဟို)မှ သဘောထား ထုတ်ပြန်ခြင်း။
ဖော်ပြပါအကြောင်းအရာနှင့် ပတ်သက်၍ IS အဖွဲ့များ၏
၁။                အသက် ၁၁-နှစ်မှ ၄၆-နှစ်အရွယ် အမျိုးသမီးများအားလုံးကို လိင်အင်္ဂါပုံပျက်အောင် ဖျက်ဆီးပစ်ရမည်ဟု အမိန့်ထုတ်ခြင်း၊
၂။                အီရတ်နိုင်ငံ မိုဆူးလ်မြို့ရှိ လွန်ခဲ့သော ၄ဝဝ-စုက တည်ရှိခဲ့သော ရှေးဟောင်းသမိုးဝင် ခရစ်ယာန်ကျောင်းတော်ကြီးအား စီးနင်းပြီး ခရစ်ယာန် ဘုန်းတော်ကြီးများအား နှင်ထုတ်ခြင်း၊
၃။                အမေရိကန်နိုင်ငံသား သတင်းသမားအား လည်ဖြတ်သတ်ဖြတ်ခြင်း၊
၎။                အီရတ်နိုင်ငံမြောက်ပိုင်း ခရစ်ယာန်ဘာသာဝင် ရာပေါင်းများစွာကို လူမျိုးတုန်း သတ်ဖြတ်ခြင်း၊
၎င်းအပြင် -
                   ဘင်္ဂလားဒေရှ့်နိုင်ငံ ပန်နာဆိုရီမြို့ရှိ ပန်နာဆိုရီဈေးအတွင်း ဗုဒ္ဓဘာသာ လူနည်းစုများ ပိုင်ဆိုင်သောဆိုင်ခန်း ၂၆-ခန်းခန့်အား မီးရှို့ဖျက်ဆီးခြင်း စသော ဘာသာရေး အစွန်းရောက်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့သူ ရာပေါင်းများစွာသောလူများ သေဆုံးကြရပါသည်။
ထိုမတရားညှင်းဆဲ၊ နှိပ်စက်၊ သတ်ဖြတ် ခံရမှုများအပေါ် သေဆုံးသူ မိသားစုနှင့် ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရကြောင်း၊ ထိုအကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ထို့အပြင် -
                   ပြည်တွင်းပြည်ပမှ လူ့အခွင့်အရေးအကြောင်း ပြောနေသူများက ထိုအကြမ်းဖက် လုပ်ရပ်များအပေါ် မသိကျိုးကျွံ ရေငုံနှုတ်ပိတ်နေသည်များကိုလည်း စိတ်မကောင်းဖြစ်ရကြောင်းများကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...