ပျောက်ဆုံးသွား(သို့)ဒေါင်းမင်းကုလားတို့ ခိုးယူခေါ်ဆောင်ခံထားရသော မောင်ချစ်မင်းပိုင်(၁၆)နှစ် အခိုးခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ အမှု 20.8.2014 ညနေပိုင်းမှာ စစ်ဆေးပါတယ်။
မြို့နယ်တရားသူကြီး ဦးသောင်းထွန်းက ကုလားတွေ တစ်ဖက်သက်တင်ထားတဲ့ စာတွေကိုပဲ အလေးပေးပြီး နစ်နာသူ မြန်မာဗုဒ္ဓဘာသာများကို လုံးဝ မငဲ့ကွက်ခဲ့ပါဘူး။
ခိုးယူမှု မပေါ်ပေါက်တဲ့အတွက်ကြောင့်ဟုဆိုကာ အမှုကို လက်မခံဘဲ ပလပ်ပစ်လိုက်ပါတယ်။
ကလေးပျောက်စဉ်က (၁၆)နှစ် မပြည့်သေးခြင်း၊ ကလေးရောက်ရှိကြောင်း အုပ်ထိန်းသူများကို အကြောင်း မကြားခြင်း၊ ကလေးကို မိဘထံ မအပ်နှံဘဲ ရဲနှင့်ပေါင်းပြီး အနိုင်ကျင့်ခေါ်ဆောင်သွားခြင်းတွေ ထင်ရှားပါလျက် တစ်ဖက်သက် ပလပ်ခဲ့တာဖြစ်ပါတယ်။
တရားရုံးဆိုတာ အုပ်ချုပ်ရေးမှူးအောက်မှာပဲ ရှိတယ်ဆိုတဲ့ ဒကစမှူးကြီးစကားအရဆိုရင် ရဲရယ်၊ အုပ်ချုပ်ရေး မှူးတွေရယ်၊ တရားသူကြီးတွေရယ်၊ ဌာနဆိုင်ရာများရယ်တွေကို ကုလားက အပီချုပ်ကိုင်ထားနိုင်ခဲ့ပါပြီ။
ကြံ့ဖွံ့တွေ၊ မွတ်ဒေါင်းတွေကိုပါ ချုပ်ကိုင်ထားနိုင်တာဖြစ်လို့ ပြည်မြို့ကို ကုလားက အာဏာသိမ်းထားပြီလို့ကို ပြောလို့ရနေပါပြီ။
ဒင်းတို့ကုလားတွေက ဉာဏ်များနိုင်မလား အာဏာပိုင်တွေကပဲ လာဘ်စားနိုင်မလား အမှန်တရားကပဲ ထင်ရှားလေမလား တစ်ပွဲတစ်လမ်း နွှဲစမ်းကြည့်ရသေးတာပေါ့လေ။
(ဒေါ်စောမာလာရဲ့ တိုင်စာကို ပူးတွဲတင်ပြလိုက်ပါတယ်။)
(ဒေါင်းမင်းကုလားနှင့် မှုခင်းရှုထောင့်တို့ပေါင်းပြီး ဒုစရိုက်ဂိုဏ်းဆန်ဆန် လောင်းကစားမျိုးစုံ ကျူးလွန်ကြပုံ တွေကို ဆက်လက်ရှုစားနိုင်ပါတယ်။)
ဆက်သွယ်စုံစမ်းရန်
အောင်မင်္ဂလာဆရာတော်-09.531250
ဦးမြင့်ဦး-09.423681471
ဦးမြင့်နိုင်ထွန်း-09.49500564
ဒေါ်နန္ဒဓမ္မာ-09.420161184
==========================================================
ပြည်မြို့နယ် တရားရုံးတော်၌ ၂၀၁၄-ခုနှစ်၊ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ်
ဒေါ်စောမာလာ(ခ)ဒေါ်မာလာ(၃၈)နှစ်၊ (ဈေးရောင်း)(ဘ)ဦးစိုးမြင့် ဘောဂ(၂)လမ်း၊ နဝင်းရပ်ကွက်
ပြည်မြို့…….တရားလို
နှင့်
၁။ ရာရှစ်(၃၅)နှစ်(ဘာသာရေးဆရာ)(ဘ)အမည်
အုန်းတောရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။
၂။ အောင်လွင်(ခ)အလ်စီဒွတ်လာ(ခ)အငယ်လေး(၃၉)နှစ်
(ကျဘမ်းလုပ်)(ဘ)ဦးချစ်သန်း လမ်းရှည်လမ်းနှင့် ပုဆိုးတန်းလမ်းဒေါင့် ရွှေကူရပ်ကွက်၊ ပြည်မြို့။
၃။ မအေးအေးမော်(၄၅)နှစ်(မှီခို)(ဘ)အမည်မသိ။
ဒေါင်းမင်းအင်တာနက်ဆိုင်၊ တရုတ်တန်းလမ်း
ရွှေကူရပ်ကွက်၊ ပြည်မြို့။ တရားခံများ
ပြစ်မှုဆိုင်ရာဥပဒေအရအရေးယူပေးပါရန် ဦးတိုက်လျှောက်ထားခြင်း။
အထက်ပါအမှုမှ တရားလိုက ရုံးတော်သို့ ရိုသေစွာ ဦးတိုက်လျှောက်ထားအပ်ပါသည်။
လွန်ခဲ့သော(၁၁.၇.၂၀၁၄)ရက်နေ့ည(၄း၃၀) နာရီခန့်အချိန်တွင် ကျွန်မ၏တူအရင်းတော်စပ်သော ကျွန်မနှင့် ငယ်စဉ်ကတည်းက အတူနေထိုင်ပြီး၊ ကျွန်မ၏အုပ်ထိန်းခွင့်အောက်တွင်ရှိနေသော တူသားမောင်ချစ်မင်းပိုင် (၂၉.၇.၁၉၉၈)ရက်နေ့တွင်မွေးဖွားသူအသက်(၁၆)နှစ်မပြည့်သေးသော ကလေးငယ်မှာ နေအိမ်မှ ပျောက်ဆုံး သွားသဖြင့် ကျွန်မတို့လင်မယားမှ စုံစမ်းရှာဖွေရာ (၁၂.၇.၂၀၁၄) ရက်နေ့ နံနက်(၉း၁၅)နာရီခန့်တွင် ချစ်မင်းပိုင်သည် ပြည်မြို့၊ ရွှေကူရပ်ကွက် လမ်းရှည်လမ်းတွင်နေထိုင်သူ အောင်လွင်(ခ)အလ်စီဒွတ်လာ ဆိုသူ(ခ) အငယ်လေးဆိုသူမှ ပြည်မြို့ ရွှေကူရပ်ကွက်၊ တရုတ်တန်းလမ်းရှိ ဒေါင်းမင်းလက်ဖက်ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့်တင်ခေါ်သွားကြောင်း စုံစမ်းသိရှိရပါသည်။ ကျွန်မ၏တူသား မောင်ချစ်မင်းပိုင်ကို လွန်ခဲ့သော (၂)လခန့်မှစ၍ ကျွန်မတို့အုပ်ထိန်းသူများမသိအောင် အစ္စလာမ်ဘာသာရေးဆရာ-ရာရှစ်ဆိုသူမှ မကြာခဏ ခေါ်ယူတွေ့ဆုံ၍ ပစ္စည်းနှင့်ငွေကြေးများပေးအပ်တာ အမျိုးမျိုးသွေးဆောင်ခေါ်ယူခဲ့ကြောင်း သိရသဖြင့် (၁၂.၇.၂၀၁၄)ရက်နေ့တွင် ကျွန်မမှ အမှတ်(၁)ရဲစခန်းတွင် ကလေးအား သွေးဆောင်ခေါ်ယူသွားသူမှာ ရာရှစ်နှင့်အောင်လွင်(ခ)အလ်စီဒွတ်လာ(ခ)အငယ်လေးတို့ဖြစ်ကြောင်း သတင်းပေးတိုင်ကြားခဲ့ပါသည်။
(၁၃.၇.၂၀၁၄)ရက်နေ့နှင့် (၁၄.၇.၂၀၁၄) ရက်နေ့ နံနက်ပိုင်းအချိန်များတွင် စခန်းသို့ ကျွန်မတို့ ထပ်မံစုံစမ်း သော်လည်း ကလေးမှာ စုံစမ်းရှာဖွေ မတွေ့ရကြောင်း သိရှိရပြီး(၃)ရက်ခန့်ပျောက်ဆုံးနေကာ (၁၄.၇.၂၀၁၄) ရက်နေ့ညနေ(၄း၀၀)နာရီခန့်အချိန်တွင် အမှတ်(၁)ရဲစခန်းမှ ဗိုလ်လေးမျိုးသိန်းမှ ခေါ်၍ စခန်းသို့ ကျွန်မတို့ လင်မယားသွားခဲ့ရာ ကျွန်မ၏တူသားဖြစ်သူ မောင်ချစ်မင်းပိုင်ကို အောင်လွင်(ခ)အလ်စီဒွတ်လာ(ခ) အငယ်လေး နှင့် အောင်လွင်၏မရီး မအေးအေးမော်တို့နှင့်အတူ တွေ့ရသဖြင့် ကျွန်မသည် မောင်ချစ်မင်းပိုင် ၏ လက်ရှိအုပ်ထိန်းသူဖြစ်ကြောင်း ပြောပြကာ ကလေး၏ အမည်စာရင်းပါ ကျွန်မတို့၏ မိသားစု အိမ်ထောင်စုစာ ရင်း၊ ပြည်ခရိုင်တရားရုံးမှ ချစ်မင်းပိုင်သည် ကျွန်မ၏အုပ်ထိန်းမှုအောက်တွင်ရှိကြောင်း စီရင်ဆုံးဖြတ်ချက် အမိန့်များကို ပြသကာ ကလေးအား ကျွန်မအုပ်ထိန်းမှုအောက်သို့ ပြန်ပေးရန် ငိုယိုတောင်းပန်ပြောဆိုသော် လည်း ချစ်မင်းပိုင်ကို အောင်လွင်(ခ)အယ်လ်စီဒွတ်လာ(ခ)အငယ်လေးနှင့် မအေးအေးမော်တို့ မှ ခေါ်ဆောင် သွားခဲ့ပါသည်။
တူသားမောင်ချစ်မင်းပိုင်ကို ကျွန်မမှ(၁၇.၇.၂၀၁၄) ရက်နေ့တွင် ရွှေတံခါးရပ်ကွက်၊ စုက္ခရာဘုန်းတော်ကြီး ကျောင်းတွင် ရှင်သာမဏေပြုပေးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သော်လည်း၊ ကလေးကို ကျွန်မ၏ အုပ်ထိန်း မှုအောက်သို့ ပြန်လည်မရရှိ၍ ရှင်မပြုလိုက်ရပါ။ ထို့ကြောင့် ကျွန်မ ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက နောက်ဆက်တွဲ(က)(ခ)ပုံစံများရေးပေး၍ တရားရုံးတွင် ဦးတိုက်လျှောက်ထားရန် ညွှန်ကြားခဲ့ပါသည်။
သို့ပါ၍ ကျွန်မ၏ အုပ်ထိန်းမှုအောက်တွင်ရှိသည့်အသက်(၁၆)နှစ်မပြည့်သေးသော တူသား မောင်ချစ်မင်းပိုင် အား ကျွန်မတို့မသိအောင် တိတ်တဆိတ်ခိုးယူ၍ သွေးဆောင်ခေါ်သွားသူ ရာရှစ်နှင့် ကလေးအား သွေးဆောင်၍ လက်ခံခေါ်ယူထားသူ အောင်လွင်(ခ)အယ်စီဒွတ်လာ(ခ)အငယ်လေးနှင့် မအေးအေးမော် တို့အား ဥပဒေအရအရေးယူပေးပါရန် ဦးတိုက်လျှောက်ထားအပ်ပါသည်။
လျှောက်လွှာစာရေး ၂/၉၆။
ပြည်မြို့၊ ရက်စွဲ။ ၂၁.၇.၂၀၁၄။
ဒေါ်စောမာလာ(ခ)ဒေါ်မာလာ(တရားလို)
တရားလိုပြသက်သေစာရင်း
၁။ ကိုမြင့်ဦး-သစ်ရိပ်သာဒိန်ချဉ်ဆိုင်၊ လမ်းရှည်လမ်းနှင့်ရုံးလမ်းထောင့်၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့။
၂။ ကိုကျော်ထွေး-(၁၃/၉)လမ်း၊ နဝင်းကွက်သစ်ရပ်၊ ပြည်မြို့။
၃။ ကိုကိုအောင်-တောင်ဗြုန်းရွာ၊ ငါးရွာအုပ်စု၊ ပြည်မြို့နယ်။
၎။ ကိုမြင့်ဝင်း-ရွှေကူရပ်ကွက်၊ ပြည်မြို့။
၅။ မအိအိသူ-ဘောဂ(၃)လမ်း၊ နဝင်းရပ်ကွက်၊ ပြည်မြို့။
၆။ မသူဇာထွေး-လမ်းရှည်လမ်းနှင့်ရုံးလမ်းထောင့်၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့။
၇။ ကိုမြင့်ထွန်း-………………………….၄င်း………………….။
၈။ ဒေါ်အေးအေးမာ-………………….၄င်း……………………။
၉။ ဘဒ္ဒန္တတေဇနိယ၊ စုက္ခရာ(စံပြ)မူလွန်ဘုန်းတော်ကြီးသင်ကျောင်း၊ ရွှေတံခါးရပ်ကွက်၊ ပြည်မြို့။
၁၀။ ဘိုလင်း-ဘောဂ(၃)လမ်း၊ နဝင်းရပ်ကွက်၊ ပြည်မြို့။