Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အထက်မြန်မာပြည် သီလရှင်များ သြဝါဒခံယူပွဲ”

$
0
0
မဘသ(ဗဟို)ထံမှ အထက်မြန်မာပြည်တစ်ခွင် ဗုဒ္ဓဘာသာသီလရှင်များ၏ သြဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ 11.8.2014 မနက် 8:00 အချိန်၊ စစ်ကိုင်းမြို့၊ သကျစီတာ သီလရှင်စာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။
သီတဂူဆရာတော်ဘုရားကြီး၊ အင်းစိန်ရွာမဆရာတော်ဘုရားကြီး၊ မိုးကောင်းဆရာတော်ဘုရားကြီး၊ မြစေတီရဲ ကျောင်းဆရာတော်ဘုရားကြီး၊ ဗြဟ္မစိုရ်ဆရာတော်ဘုရားကြီး အမှူးရှိသော ဆရာတော်သံဃာတော်များ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည်တို့မှ ကိုယ်စားလှယ်သီလရှင်ဆရာလေး ဆရာကြီးများ၊ ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်။
မနက် 10:30 မှာ ဆွမ်းစားအနားယူကြပြီး မွန်းလွဲ 1:00 မှာ ပြန်လည် စတင်ခဲ့ပါတယ်။
အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးမှာ သီလရှင်များ အမျိုးသမီးများ အခန်းကဏ္ဍအရေးပါပုံ ဟောကြားခဲ့ပါတယ်။
သီတဂူဆရာတော်ဘုရားကြီးက ခြံလုံရင် ခွေးဆိုးနွားဆိုး ကျားဆိုးတွေ မပါဝင်နိုင်ကြောင်း၊ ကိုယ့်ခြံစည်းရိုး လုံအောင်ကာဖို့ ဓမ္မကို စောင့်သင့်ကြောင်း၊ ဓမ္မကိုစောင့်ရင် အမျိုး ဘာသာ သာသနာကိုလည်း စောင့်ရှောက်ပြီးသားဖြစ်ကြောင်း မိန့်တော်မူခဲ့ပါတယ်။
ဟင်္သာတမြို့ မိုးကောင်းဆရာတော်ကြီးက အမျိုး ဘာသာ သာသနာ တိုးပွားအောင် ကြိုးစားခြင်းသည်သာ အမြတ်ဆုံး အလုပ်ဖြစ်ကြောင်းနှင့် သီလရှင်များဆိုင်ရာ မ.ဘ.သ အဖွဲ့ ဖွဲ့စည်းရန် မိန့်ကြားတော်မူခဲ့ပါတယ်။
ဗြဟ္မစိုရ်ဆရာတော်ကြီးက ဘိက္ခုနီပရိသတ်နေရာမှာ သီလရှင်များ ပါဝင်ထမ်းဆောင်သင့်ကြောင်းနှင့် အာဖဂန်၊ အင်ဒို၊ ထိုင်းတောင်ပိုင်း၊ ရခိုင်တို့ကို ကိုးကားထောက်ပြကာ မ.ဘ.သ ပေါ်ပေါက်လာခြင်းကို ထောက်ခံ မိန့်ကြား သွားခဲ့ပါတယ်။
ဦးဝီရသူ ဟိတဓရ မြနန်းဆရာတော်နှင့် ရှေ့နေကြီး ဦးအေးပိုင်တို့ကလည်း အသီးသီး ဟောကြားသွားခဲ့ပါတယ်။
သီလရှင်ညီလာခံဟုဆိုနိုင်သည့် သီလရှင် မ.ဘ.သ ဖွဲ့စည်းရေးဆိုင်ရာ သြဝါဒခံယူပွဲမှာ သံဃာ၊ သီလရှင်၊ လူ ပရိသတ်များ ထောင်ကျော်တက်ရောက်ကြောင်း တွေ့ရပါတယ်။

















Viewing all articles
Browse latest Browse all 2129

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး